Transparency Myanmar

transparency.myanmar@gmail.com

International Media
Document

Snapshot of the item below:
International Media

ဘာသာပြန်သတင်းများ (၁)

(China Daily မှ 28 August 2013 ရက်စွဲပါ NGOs offer valuable chance for popular engagement in Myanmar ကိုဘာသာပြန်ဆိုသည်)

(Energy Business Review မှ  29  Aug 2013 ရက်စွဲပါ “Japan to provide technical support for gas fired power plant in Myanmar ”သတင်းကို ဘာသာပြန်ဆိုမည်)


မြန်မာနိုင်ငံတွင်း လူကြိုက်များသော လုပ်ဆောင်ချက်များအတွက် အဖိုးတန်အခွင့်အရေးပေးရန် အန်ဂျီအိုများ လက်ကမ်း

(China Daily မှ 28 August 2013 ရက်စွဲပါ NGOs offer valuable chance for popular engagement in Myanmar ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှုသည် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ(အန်ဂျီအို) ပိုလိုလုပ်ကိုင် လည်ပတ်နိုင်ရန် အားပေးအားမြှောက်ပြုသည့် အရပ်ဘက်လူ့အဖွဲ့ အစည်းဆိုင်ရာ ကြိုးပမ်းချက်များနှင့် ပတ်သက်၍ ပိုမိုနားလည်သဘောပေါက်မှုများကို ဖြစ်ပေါ်စေသည်။

သို့ပါ၍ အဆိုပါအန်ဂျီအိုများကို အကြမ်းဖျင်းအားဖြင့် သုံးမျိုးသုံးစားခွဲခြားနိုင်သည်။ ပထမအမျိုးအစားမှာ အများအားဖြင့် ပြည်တွင်း၌ပင်ဖွဲ့စည်းတည်ထောင်ကြသော မြန်မာအန်ဂျီအို (Myanmar NGO) များ ဖြစ်သည်

မြန်မာအန်ဂျီအိုများသည် အောက်ခြေလူတန်းစားတို့နှင့် အနီးကပ်ဆက်ဆံရေးရှိသော်လည်း ပရော်ဖက်ရှင်နယ် လုပ်ငန်းပိုင်းတွင် သိမ်ငယ်မှုများဖြစ်ပေါ်နေသည်ကိုတွေ့ ရသည်။ ဒုတိယအမျိုးအစားမှာမူ နိုင်ငံတကာ အန်ဂျီအို (INGO) များဖြစ်ကြသည်။ ၎င်းတို့သည် ပြည်ပအဖွဲ့အစည်းများနှင့် အဆက်အသွယ်ရှိကြပြီး အရင်းအနှီး အမြောက်အမြား ရှိကြသည်။ တတိယအမျိုးအစားမှာမူ လူထုအခြေပြုအဖွဲ့အစည်း(CBO) တို့ဖြစ်သည်။

အမှန်တကယ်တွင် INGO များသည် Myanmar NGO နှင့် CBO တို့နှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်မှု ရှိကြသည်။ မြန်မာနိုင်ငံတွင်းရှိ အန်ဂျီအိုများသည် အဓိကအားဖြင့် ဆင်းရဲနွမ်းပါးမှုနှင့် ကျန်းမာရေးကိစ္စများကို အလေးပေးကြသည်။ သို့သော် လတ်တလောနှစ်ကာလများတွင် သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ရေး ဘက်တွင် စိတ်ပါဝင်စားစွာလုပ်ကိုင်လာကြသည်ကိုတွေ့ရသည်။

ခန့်မှန်းခြေအားဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ သဘာဝပတ်ဝန်းကျင်ကိစ္စများတွင် ပါဝင်ဆောင်ရွက်လျက်ရှိသော INGO ပေါင်း ၄၀ ကျော်ခန့်ရှိသည်။  ၎င်းတို့သည် ခရစ်ယာန်ဘုရားရှိခိုးကျောင်းများ၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများ၊ အောက်ခြေ သဘာဝပတ်ဝန်းကျင်သုတေသန အဖွဲ့အစည်းများ၏ ပူးပေါင်းလုပ်ကိုင်မှု များကိုရယူကာ မြန်မာပြည်တွင်း ရေရှည်ဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်သည့် အခန်းကဏ္ဍတွင် အရေးပါသောနေရာမှ ပါဝင်လျက်ရှိသည်။

အဆိုပါ သဘာဝပတ်ဝန်းကျင် NGO များသည် သဘာဝသယံဇာတရင်းမြစ်များ ကာကွယ်ခြင်း၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုကို ထိန်းသိမ်းပေးခြင်းနှင့် အသက်မွေးဝမ်းကျောင်းပညာများ တိုးတက်ကောင်းမွန်အောင်လုပ်ကိုင်ပေးခြင်း အစရှိသည်တို့ကို လုပ်ကိုင်ရာတွင် အစိုးရနှင့် ထိတွေ့ ဆက်ဆံမှုများပြုလုပ်ကာ အာဏာပိုင်များ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် လူထုဖွံ့ဖြိုးတိုးတက်မှု၊ သဘာဝပတ်ဝန်းကျင်အသိပညာများအပေါ် အလေးထားလာကြရန် တိုက်တွန်းဆော်သြကြသည်။ ၎င်းတို့သည် အငြင်းအခုန်များနှင့် ဖိုရမ်များ၊ ဟောပြောပွဲများ ပေါ်ထွက်လာစေရန် ရံဖန်ရံခါဆိုသလို စုံစမ်းဖော်ထုတ်မှုများပြုလုပ်ပြီး အစီရင်ခံစာများထုတ်ပြန်ကြသည်။ ထို့ပြင် လူအဖွဲ့အစည်း ကွန်ယက်များနှင့် မီဒီယာများကိုအသုံးပြုကာ သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးနှင့် သက်ဆိုင်သော သတင်းအချက်အလက်များကို ထုတ်ပြန်ကြသည်။

မြန်မာနိုင်ငံ၏ အကြီးဆုံး ရင်းနှီးမြှုပ်နှံသူဖြစ်သော တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ဆောင်ချက်များမှာ NGO များ အဓိကပစ်မှတ်ထားဝေဖန်သော အကြောင်းအရာတစ်ခုဖြစ်လာသည်။ အချို့သော NGO များမှာမူ သဘာဝ ပတ်ဝန်းကျင်ကိစ္စတစ်ခုတည်းသက်သက်မဟုတ်ဘဲ နိုင်ငံရေးနှင့်ပတ်သက်သော အဖွဲ့အစည်းများ ဖြစ်နေကြသည်။

၂၀၁၁ ခုနှစ် စက်တင်ဘာလအတွင်း သမ္မတဦးသိန်းစိန်အစိုးရက တရုတ်ရင်းနှီးမြှုပ်နှံမှုဖြစ်သော မြစ်ဆုံစီမံကိန်း ကြီးအား ရပ်ဆိုင်းခဲ့မှုကိုကြည့်ပါ။ ထိုသို့ရပ်ဆိုင်းလိုက်ခြင်းသည် သဘာဝပတ်ဝန်းကျင်းဆိုင်ရာ စိုးရိမ်ပူပန်မှုတစ်ခုတည်း ကြောင့် ထွက်ပေါ်လာခြင်းမဟုတ်ပေ။ အမှန်တွင် ထိုစီမံကိန်းရပ်ဆိုင်းမှုသည် အချို့သော အတိုက်အခံပါတီများနှင့် အုပ်စုများ၏ နိုင်ငံရေးဖိအားပေးမှုကြောင့်ဖြစ်ပေါ်လာသော ရလဒ်ပင်ဖြစ်သည်။

နိုင်ငံတကာတွင်ဖြစ်ပေါ်လျက်ရှိသော ဆည်တမံဆန့်ကျင်ရေးလှုပ်ရှားမှုများမှာ လူမှုရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ လွှမ်းမိုးမှုများကိုအသားပေးခြင်းဖြစ်သည်။ သို့သော် မြန်မာနိုင်ငံမှ အန်ဂျီအိုများ၏ မြစ်ဆုံစီမံကိန်းဆန့်ကျင်ရေးလှုပ်ရှားမှုများသည် အကျိုးအမြတ်ဆိုင်ရာခွဲဝေမှုနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှုရှိစေရန် တောင်းဆိုမှုများကြောင့်ဖြစ်သလို တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခများနှင့်လည်းပတ်သက်နေသည်။

မြစ်ဆုံဆန့်ကျင်ရေးသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာလှုပ်ရှားမှု တစ်ခုတည်းတော့ မဟုတ်ပေ။ တိုင်းရင်းသား များ တန်းတူအခွင့်အရေးရရှိရေးနှင့် ဒီမိုကရေစီအခွင့်အရေးများပေါ်ပေါက်ရေးအတွက် ကြိုးပမ်းချက်လည်းပါဝင်သည်။

ရွှေဓာတ်ငွေ့လှုပ်ရှားမှုအဖွဲ့၊ Arakan River Network တို့ကိုကိုယ်စားပြုသည့် အန်ဂျီအိုအချို့သည် မြန်မာနှင့် တရုတ်နိုင်ငံအကြား ချိတ်ဆက်သွယ်တန်းသော ဓာတ်ငွေ့နှင့် ရေနံပိုက်လိုင်းစီမံကိန်းကို ဆန့်ကျင်ခဲ့ကြသည်။

မြန်မာနိုင်ငံမှ အန်ဂျီအိုများသည် တစ်ခါတရံတွင် အများပြည်သူ၏ သဘောထားဆန္ဒထွက်ပေါ်လာအောင် တွန်းအားပေးပြီး အစိုးရအနေဖြင့် ၎င်းတို့၏ ဦးတည်ချက်များကို အကောင်အထည်ဖော်ပေးရန် ဖိအားပေးနိုငƟ