Transparency Myanmar

transparency.myanmar@gmail.com

International Media (1)
Document

Snapshot of the item below:
International Media (1)

နိုင်ငံတကာသတင်းများ (၁)

(17 Oct 2013 ရက်စွဲပါ The Korea Herald မှ High Expectation as Myanmar takes helm of ASEAN ကို ဘာသာပြန်ဆိုသည်)

(Xinhua မှ 20 oct 2013 ရက်စွဲပါ “China Myanmar gas pipeline in full operation” သတင်းကို ဘာသာပြန်ဆိုသည်)

(Bernama News မှ 18 Oct 2013 ရက်စွဲပါ “Japan to help Myanmar build schools” သတင်းကို ဘာသာပြန် ဆိုသည်။)


အာဆီယံဥက္ကဖြစ်မည့် မြန်မာနိုင်ငံအပေါ် အဖွဲ့ဝင်များက မျှော်လင့်ချက်ကြီးမားစွာ ထားနေကြ

(17 Oct 2013 ရက်စွဲပါ The Korea Herald မှ High Expectation as Myanmar takes helm of ASEAN ကို ဘာသာပြန်ဆိုသည်)

ယခင်အပတ်မှအဆက် -

သို့သော် သုံးသပ်သူများထံမှ ထွက်ပေါ်လာသော မေးခွန်းများမှာ မြန်မာနိုင်ငံအနေဖြင့် ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်ပြီး အမေရိကန်ပြည်ထောင်စုနှင့် ဆက်ဆံရေးပြန်လည် ပြုလုပ်နိုင်ခဲ့သော်လည်း လွတ်လပ်သော သံတမန်ရေးအရ ရပ်တည်မှုလုံလောက်စွာ ရနိုင်မှုရှိမရှိဆိုသော အချက်ဖြစ်ပါသည်။

“ရှင်းနေတဲ့အချက်တစ်ခုကတော့ မြန်မာနိုင်ငံဟာ တံခါးဖွင့်လိုက်ပြီးတရုတ်အပေါ် စီးပွားရေးအရ မှီခိုရမှုကို လျော့ချ လိုတယ်ဆိုတဲ့အချက် ဖြစ်ပါတယ်။” ဟု အင်ဒိုနီးရှားတက္ကသိုလ်မှ Vishnu Juwono က Strait Times သို့ပြောပါသည်။

သို့သော်နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုများသည် စီးပွားရေးအရ အကျိုးအမြတ်များလည်းရှိကြောင်း အလျင် အမြန် ပြသနိုင်ရန် ခေါင်းဆောင်ပိုင်းတွင် ဖိအားများရှိနေသည်ဟု ၎င်းအနေဖြင့် မှတ်သားမိကြောင်း Vishnu က ဆိုပါသည်။

မြန်မာသတင်းစာဆရာများနှင့် ဝေဖန်သူများက ၎င်းတို့၏ သံတမန်များ ပုဂ္ဂိုလ်ရေးအရ ကတိပြုထားမှုများသည် ဥက္ကဌနေရာအတွက် သက်ရောက်မှုများရှိမည်ကို သိရှိကြောင်းဆိုပါသည်။

“ကျွန်တော် စိုးရိမ်တာက ဥက္ကဌရဲ့တာဝန်ဝတ္တရားတွေကို မဖြည့်ဆီးနိုင်မှာကို ဖြစ်ပါတယ်။ လူမျိုးရေးအရ အကြမ်း ဖက်မှုတွေ၊ စစ်ပွဲဖြစ်နေတာတွေနောက် ဒီလိုကြီးကြီးမားမား ကိုင်တွယ်ရတဲ့အတွေ့အကြုံ နည်းနည်းပဲ ရှိပါတယ်။” ဟု Eleven မီဒီယာမှ နိုင်ငံရေးနှင့်ဆိုင်သော အယ်ဒီတာ ဇေယျာနန္ဒ က The Strait Times သို့ ပြောပါသည်။

သို့သော် မြန်မာနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးဌာနသည် အထူးသဖြင့်  မွတ်ဆလင်အများစုရှိသော မလေးရှားနှင့် အင်ဒိုနီးရှားသို့ ရခိုင်ပြည်နယ်မှ ဗုဒဘာသာရခိုင်များနှင့် ရိုဟင်ဂျာမွတ်ဆလင်များကြား အကြမ်းဖက်မှုများမှာ ထိန်းချုပ်နိုင်ပြီ ဖြစ်ကြောင်းရှင်းပြအားထုတ်လျက်ရှိပါသည်။

ဝန်ကြီးဌာနသည် ၎င်း၏ဝက်ဘ်ဆိုဒ်တွင် ၂၄ မျက်နှာပါ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးများ ရခိုင်ပြည်နယ်တွင် လုပ်ဆောင်နေမှု ရှင်းလင်းချက်ကို ဖော်ပြထားပါသည်။ ထို့အပြင် ဗုဒဘာသာနှင့် မွတ်ဆလင်များ ငြိမ်းချမ်းစွာ ဘုရားဝတ်ပြုနေသည့် ဗီဒီယိုကိုလည်း ဘရူနိုင်း တွင် အာဆီယံခေါင်းဆောင်များ သို့ &