Transparency Myanmar

transparency.myanmar@gmail.com

International media (2)

Snapshot of the item below:
International media (2)

ဘာသာပြန်သတင်းများ (၂)

မြန်မာ-တရုတ်-အမေရိကန် သုံးနိုင်ငံပူးပေါင်းဆောင်ရွက်နိုင်မှု အလားအလာများ

(16 Nov 2013 ရက်စွဲပါ Rapplor မှ David I.Steinlatrg ရေးသားသော Myanmar-China-US: The potential for triangular cooperation ကို ဘာသာပြန်ဆိုသည်)

၂၀၁၁ မတိုင်မီအထိ တရုတ်၏ မြန်မာနိုင်ငံအပေါ်  ထားရှိသော မူဝါဒမှာ သယံဇာတများကို အမြတ်ထုတ်ရေး သာ အခြေခံ ပြီး အာရုံပြုပါသည်။ မြန်မာနိုင်ငံသည် ဘင်္ဂလားပင်လယ်အော်တွင် မဟာဗျူဟာကျသော နေရာတွင် ရှိနေပြီး တရုတ်ပြည် အတွက် အထူးသဖြင့် ယူနန်ပြည်နယ်အတွက် ဈေးကွက်အလားအလာကောင်းများ ရှိပါသည်။ တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးအတွက် ဇာတ်ရှိန်အမြင့်ဆုံးမှာ သမ္မတဦးသိန်းစိန် သည် ၎င်းတက်လာခါစတွင် ၂၀၁၁ ခုနှစ် မေလ၌ တရုတ်ပြည် သို့ သွားရောက်လည်ပတ်ပြီး “မဟာဗျူဟာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပတ်တနာရှစ်” (Strategic Economic Cooperative Partnership) ကို လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ပါသည်။

အဆိုပါ ပါတနာရှစ်မှာ ထိုနှစ်နောက်ပိုင်း၌ပင် ရုတ်တရက်ရပ်ဆိုင်းသွားခဲ့ရပါသည်။ အကြောင်းမှာ မြန်မာ နိုင်ငံက မြောက်ပိုင်းတွင် တရုတ်တို့ လုပ်ကိုင်လျက်ရှိသော ဒေါ်လာ (၃.၆) ဘီလီယံတန် မြစ်ဆုံရေလှောင်တမံ စီမံကိန်း ကို ရပ်ဆိုင်း လိုက်ခြင်း (အနည်းဆုံးအားဖြင့် ၂၀၁၅ ထိ) ကြောင့် ဖြစ်ပါသည်။ ထို့အပြင် တိုက်ဆိုင်စွာပင် အမေရိကန်က လည်း မြန်မာနိုင်ငံအပေါ် သြဇာလွှမ်းမိုးရန် ကြိုးစားလာချိန်နှင့် တိုက်ဆိုင်နေပါသည်။ တရုတ်က အထက်ကိစ္စရပ်နှစ်ခု ဆက်စပ် စဉ်းစားခဲ့ရာ အမေရိကန်သည် မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းရေးအတွက် မြန်မာနိုင်ငံမှ လူထုအခြေပြု အဖွဲ့အစည်း များမှ တဆင့် တက်ကြွစွာ အကူအညီပေးခဲ့သည်ဟု ယုံကြည်လျက်ရှိပါသည်။ တရုတ်တို့က အမေရိကန်၏ မြန်မာနိုင်ငံမှ အခန်းကဏ္ဍသည် ဒေသအတွင်း တရုတ်၏သြဇာလွှမ်းမိုးမှု မြင့်တက်လာခြင်းကို တန်ပြန်ထိန်းသိမ်းရန်ဒုတိယမူဝါဒ၏ အစိတ်အပိုင်းဖြစ်သည်ဟု ဆိုပါသည်။ တရုတ်နိုင်ငံသည် သမိုင်းကြောင်းအရ ၁၉၄၉ ခုနှစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ (PRC) ဖွဲ့စည်းပြီးနောက် စစ်အေးတိုက်ပွဲကာလ၌ အာရှပစိဖိတ်ဒေသတွင် တရုတ်က တော်လှန်ရေးကိုဝါဒဖြန့် လုပ်ဆောင် လာမည်ကို စိုးရိမ်၍ အမေရိကန်တို့ ကြိုးစားခဲ့မှုကို ကောင်းစွာသတိရလျက် ရှိနေပါသေးသည်။

တရုတ်နိုင်ငံက မြန်မာနိုင်ငံအပေါ် ထားရှိသော မူဝါဒမှာ ၎င်းနှင့်နယ်နိမိတ်ချင်းထိစပ်နေသော တိုင်းပြည်များ အပေါ် ထားရှိ သော မူဝါဒနှင့် အတူတူပင်ဖြစ်ပါသည်။ မူဝါဒကို အချက်ငါးချက်ဖြင့် ဖွဲ့စည်းထားပါသည်။ နယ်စပ်များတွင် ငြိမ်းချမ်းရမည်။ တရုတ် အချုပ်အခြာနယ်အတွင်းသို့ ဒုက္ခသည်များ ပြေးဝင်မလာစေရ။ တရုတ်စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံ မှုအတွက် အခွင့် အလမ်းများ ရှိရမည်။ အိမ်နီးချင်းနိုင်ငံများသည် ကုလသမဂ္ဂနှင့် နိုင်ငံတကာဖိုရမ်များတွင် တရုတ်နှင့် တစ်သံတည်း ထွက်ရ မည် (မဆန့်ကျင်ရ) ၊ အမေရိကန်စစ်တပ်များနှင့် သြဇာလွှမ်းမိုးမှုများ နယ်စပ်ဒေသများတွင် ကင်းကင်းရှင်းရှင်း ရှိရမည်။

တရုတ်နိုင်ငံမှ လူအများစုကအိုဗားမားအစိုးရ၏ မူဝါဒပြောင်းလဲပြီး မြန်မာနိုင်ငံကို ပြန်လည်ချဉ်းကပ်ရာတွင် တရုတ်ဆန့်ကျင်ရေးကို အခြေခံသည်ဟု စဉ်းစားနေကြပါသည်။ အမေရိကန်တို့၏ မူဝါဒသည် ကလင်တန် ဘွတ်ရှ် လက်ထက်က အစိုးရပြောင်းရေးကို ဦးတည်ခဲ့သော်လည်း ပြန်လည်သုံးသပ်၍ အစိုးရကို ခေတ်မှီအောင် ပြုလုပ်ပေးရေး သို့ ပြောင်းသွားခဲ့ ပါသည်။ တရုတ်ဆန့်ကျင်ရေးကို အခြေခံသည်ဟု ဆိုရအောင်သက်သေပြရန်မှာမူ မပြနိုင်သေးပေ။ မြန်မာနိုင်ငံနှင့် ပြန်လည်ဆက်ဆံရေးမှာ အထီးကျန်ပြုရေးနှင့် အရေးယူပိတ်ဆို့မှု မူဝါဒများ မအောင်မြင်ခြင်း ကြောင့် လည်း ဖြစ်နိုင်ပြီး မြန်မာလူမျိုးများထံမှ လာသော ထင်မြင်ချက်များအရ အမေရိကန်က ၎င်း၏ ကိုယ်ပိုင်အကျိုး စီးပွားကြောင့် ပြန်လည်ဆက်ဆံခြင်းဟု ဆိုကြပါသည်။ အရှေ့အာရှတွင် အမေရိကန်နိုင်ငံခြားရေးမူဝါဒ အောင်မြင်မှုဖြစ် နိုင်ချေများနှင့် အာဆီယံနှင့် အရေးပါသော အပြန်အလှန် ဆက်ဆံရေးရှိရန်နှင့် အာဆီယံတွင် အခန်းကဏ္ဍ တစ်ခုရရှိရန်မြန်မာနိုင်ငံနှင့် အလုပ်လုပ်ရန် လိုအပ်ခြင်းကြောင့်လည်းဖြစ်နိုင်ပါသည်။ အမေရိကန်ပြည်ထောင်စုသည် ၁၉၉၇ ခုနှစ်က အာဆီယံသို့ မြန်မာနိုင်ငံဝင်ရောက်ခြင်းကို ပြင်းထန်စွာ ကန့်ကွက်ခဲ့ပြီး၊ မြန်မာနိုင်ငံအာဆီယံတွင် ဝင်ရောက်ခဲ့ခြင်းကြောင့် အဖွဲ့ကြီးကို ဆယ်စုနှစ်တစ်ခုကျော်ကျော် လစ်လျူရှုထားခဲ့ပါသည်။

တရုတ်နိုင်ငံအတွက်မူ အရှေ့တောင်အာရှသို့၎င်း၏ မူဝါဒတွင် မြန်မာနိုင်ငံသည် အရေးပါသော အခန်းကဏ္ဍမှ ရှိနေပါသည်။ မြန်မာနိုင်ငံမှ ရေနံနှင့် ဓါတ်ငွေ့ပိုက်လိုင်းသည် ကြပ်နေသော မလက္ကာရေလက်ကြားကို ရှောင်ရန် အထောက်အကူပြုပါသည်။ အကယ်၍သာ အမေရိကန် သို့မဟုတ် အခြားအင်အားကြီး နိုင်ငံတစ်ခုက ထိုရေလက်ကြား ကို ပိတ်လိုက်ပါက တရုတ်၏စွမ်းအင်ရရှိရေးတွင် ကြီးမားသော အတားအဆီးဖြစ်ပါမည်။ မြန်မာဆိပ်ကမ်းများကို အသုံးပြုခြင်း ကြောင့် အိန္ဒိယသမုဒ္ဒရာတွင် တရုတ်သဘောင်္လုပ်ငန်းအတွက် အထောက်အကူပြုပြီး မြန်မာနိုင်ငံမှ သတ္တုသယံဇာတများ နှင့် ရေအားလျှပ်စစ် အလားအလာများသည် တရုတ်၏ အမျိုးသားမူဝါဒ ဒေသအတွင်း မူဝါဒ အတွက် အရေးပါလှပါသည်။ ထို့အပြင် မြန်မာဈေးကွက်ကြီးသည် ယူနန်၏ ပို့ကုန်မူဝါဒအတွက် မရှိမဖြစ်လို အပ်သော ဈေးကွက်ဖြစ်ပါသည်။

မကောင်းသည့်အချက်တစ်ခုမှာ တရုတ်လူမျိုး နှစ်သန်းခန့်မှာ မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်ခဲ့ သည်ဟုဆိုပြီး ၎င်းတို့ ၏ မြန်မာနိုင်ငံတွင် စီးပွားရေးအရ လုပ်ဆောင်နေမှုများသည် မြန်မာအများစုကို စိုးရိမ်ပူပန်မှုများ ဖြစ်စေပြီး တရုတ်ဆန့်ကျင်ရေး စိတ်ဓါတ်များကို တိုးပွားလာစေပါသည်။ ၁၉၆၀ ခုနှစ်က နယ်စပ် ကိစ္စပြန်လည်မဖြေရှင်း မည်အထိ သမိုင်းအဆက်ဆက်တရုတ်အစိုးရများသည် မြန်မာနိုင်ငံမြောက်ပိုင်း ကို တရုတ် နယ်မြေ အဖြစ်သာ လက်ခံ ထားခဲ့ကြသည်။ သမိုင်းကြောင်းအရ ၁၈၉၅ ထိ မြန်မာနိုင်ငံသည် Beijing သို့ ဆယ်နှစ်တစ်ခါ ပဏ္ဍာတော်ဆက် အဖွဲ့တစ်ခု စေလွှတ်ခဲ့ရပြီး တရုတ်လူမျိုးတစ်ဦးက မြန်မာနိုင်ငံကို ၎င်း၏ အမြဲတမ်းအစွယ်အပွားလေးတစ်ခုအဖြစ် ညွှန်းဆို ခဲ့ပါသည်။ ထို့ကြောင့် လက်ရှိအားဖြင့် အမေရိကန်-မြန်မာ ဆက်ဆံရေးကြီးထွားလာပြီး တရုတ်-မြန်မာ ဆက်ဆံရေး အေးစက်စက် ဖြစ်နေမှုကို တရုတ်အနေဖြင့် စိတ်အနှောင့်အယှက်ဖြစ်စရာအဖြစ် ရှုမြင်ပေလိမ့်မည်။

အထက်ပါ စိုးရိမ်ဖွယ်ရာများအနက် အရေးကြီးဆုံးတစ်ခုမှာ နယ်စပ်များရှိ တိုင်းရင်းသား အရေးကိစ္စ များဖြစ်ပါသည်။ ရှည်လျားသော ကမ်းရိုးတန်းတစ်လျှောက်တွင် မြန်မာလူမျိုးမဟုတ်သော၊ တရုတ်လူမျိုးမဟုတ်သော တိုင်းရင်းသားများ နေထိုင်ကြပြီး အုံ့ကြွမှုများ၊ မကျေနပ်မှုများ ရောဂါကဲ့သို့ စွဲကပ်လျက်ရှိပါသည်။ အမေရိကန် အစိုးရ အနေဖြင့် ဦးသိန်းစိန် အစိုးရ၏ ပြုပြင်ပြောင်းလဲမှုများ တိုးချဲ့နေချိန်၌ တိုင်းရင်းသားများ၏ မကျေနပ်မှုများကို အရေးကြီးသောကိစ္စအဖြစ် အာရုံပြု လျက်၊ အမေရိကန်-မြန်မာ ဆက်ဆံရေး ရှေ့ဆက်တိုးရန်အတွက် ၎င်းကိစ္စမှာ တိုးတက်မှုရှိရန် ကျန်နေသေးကြောင်း ရှုမြင် ပါသည်။ အမေရိကန်သည် ထိုအငြင်းပွားမှုများကို ဖြေရှင်းပေးနိုင်ရန် ကြိုးစားခဲ့ခြင်း ကို ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံလွတ်လပ် ရေး ရသည့်ကာလကပင်ရှိခဲ့သည်ကို တွေ့ရပါမည်။ သို့သော် မြန်မာလူမျိုး များက လည်း တရုတ်အပါအဝင် အိမ်နီးချင်း နိုင်ငံများနှင့် အမေရိကန်ပြည်ထောင်စုကပါ သူပုန်များနှင့် အစိုးရဆန့်ကျင် သူများကို အနည်းဆုံး တစ်ကြိမ်တော့ ထောက်ခံကူညီခဲ့ကြဖူးသည်ကို မှတ်မိနေကြပါမည်။ ထို့ကြောင့် ၎င်းတို့သည် တိုင်းရင်းသားအရေးကိစ္စများတွင် မည်သည့် နိုင်ငံခြားတိုင်းပြည်ပါဝင်မှုကိုမျှ ယုံကြည်မှုမရှိတော့ပဲ၊ ထိုကိစ္စ သည်မြန်မာနိုင်ငံတွင် တရုတ်-အမေရိကန် ဆက်ဆံရေးကို ပို၍ ဆိုးဝါစေပါသည်။

မကြာသေးမီက ကူမင်းမြို့တွင် စာရေးသူသည် တရုတ်အစိုးရတာဝန်ရှိသူများ၊ ပညာရှင်များနှင့် ဆွေးနွေးခဲ့ရာ တရုတ်အများစုက နှစ်နိုင်ငံထိစပ်နေသော ဒေသများမှ ကိစ္စရပ်များတွင် မြန်မာများနှင့်အတူ အမေရိကန်-တရုတ် ပူးပေါင်းဆောင်ရွက်ရေးအတွက် ဆန္ဒရှိပုံကို အသိအမှတ်ပြုကြောင်း သိရှိခဲ့ရပါသည်။ အချို့က ယုံကြည်လျက်ရှိသည်မှာ မြန်မာလူမျိုးများအနေဖြင့် ၎င်းတို့အပေါ် အုပ်စုဖွဲ့ဖိအားပေးသည်ဟုမမြင်ပဲ သုံးဦးသုံးဖလှယ် တွေ့ဆုံဆွေးနွေးမှုနှင့် လုပ်ဆောင်မှုများကို ကြိုဆိုသင့်သည်ဟု ဖြစ်ပါသည်။ ထိုသို့သော လုပ်ဆောင်မှုများ ထိရောက်မှုရှိရန် မြန်မာလူမျိုးများ ဖက်မှ စတင်ရမည်ဖြစ်ပါသည်။ Track Two အစည်းအဝေးများတွင် ရှာဖွေခြင်းဖြင့် သုံးနိုင်ငံစလုံး၏ အကျိုးစီးပွားကို စဉ်းစားပေးနိုင်မည့် ပရောဂျတ်အမျိုးမျိုးထွက်ပေါ်လာနိုင်ပါသည်။

သုံးနိုင်ငံ တွေ့ဆုံဆွေးနွေးမှုမှ ရနိုင်သော ရလဒ်များအနေဖြင့် မြန်မာမြောက်ပိုင်း-ယူနန်ဒေသ ကျန်းမာရေး ပရော့ဂျတ်များ ပူးပေါင်းဆောင်ရွက်ရေး၊ လူကုန်ကူးမှု တန်ပြန်ပူးပေါင်း လုပ်ဆောင်မှုနှင့် လေ့ကျင့်သင်ကြားရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ရေးနှင့် လေ့ကျင့်ရေး၊ အဆိုပါ ဒေသတွင် ဖြစ်နိုင်သော ငလျင်အ တွက် ကြိုတင်ပြင်ဆင်မှုများ၊ ကယ်ဆယ်ရေးများ ယဉ်ကျေးမှုပေါင်းစုံနှင့် အမျိုးသားစည်းလုံးညီညွတ်မှုကို ဆွေးနွေးပြီး  ဘာသာနှစ်မျိုးပညာရေးနှင့် အခြားကိစ္စများ ပူးပေါင်းဆောင်ရွက်နိုင်ပါသည်။ ထိုသို့သော ဆွေးနွေးမှုများတွင် မြန်မာနိုင်ငံမှ တိုင်းရင်းသား အပစ်ရပ်ရေး များနှင့် အခြေခံဥပဒေကိစ္စများကို အာရုံပြုဆွေးနွေးမည် မဟုတ်ပဲ၊ သုံးနိုင်ငံယုံကြည်မှု တည်ဆောက်ရေးကိစ္စများဖြင့်သာ ရိုးရိုးလေးစတင်သင့်ပါသည်။

သမ္မတဦးသိန်းစိန် လက်ထက်လုပ်ကိုင်နေသော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်သည် သုံးနိုင်ငံစလုံး၏ အကျိုးစီးပွားနှင့် သက်ဆိုင်နေပါသည်။ ပြုပြင်ပြောင်းလဲရေးများသည် မြန်မာပြည်သူများ၏ ဘဝများတိုးတက်ရန် အာမခံ ချက်များ ပေးသကဲ့ သို့ တိုင်းပြည်ငြိမ်းချမ်းရေးကိုလည်း ဖော်ဆောင်ပေးပါသည်။ မြန်မာပြည်တွင်းတွင် ၁၉၈၈ ကဲ့သို့သော လူထုအုံကြွမှုမျိုး ဖိအားလျှော့ကျသွားပြီး ၎င်းမှတဆင့် တရုတ်အကျိုးစီးပွားအပေါ် ခြိမ်းခြောက်မှု မရှိနိုင်တော့ပေ။ အမေရိကန်နိုင်ငံ၏ နိုင်ငံရေးအရ အများပါဝင်ခွင့် နှင့် ရပိုင်ခွင့်များနှင့်အညီဖြစ်ပြီး အာဆီယံကိုလည်း အားကောင်းစေပါသည်။ တရုတ်-အမေရိကန် နှင့် မြန်မာနိုင်ငံတို့မှ လူအများစုမှ မြန်မာနိုင်ငံနှင့် ပတ်သက်သော တရုတ်-အမေရိကန် ဆက်ဆံရေးမှာ အကြွင်းသုညကစားပွဲ (Zero-sum Game) သာဖြစ်လိမ့်မည်ဟု ရှုမြင်နေကြခြင်းမှာ မှားယွင်းကြောင်း ပြသနိုင်ပါလိမ့်မည်။ ထို့ကြောင့် ကြီးမား၍ အရေးပါသော အစပြုလုပ်ဆောင်မှုများ လုပ်ဆောင်ရ မည်ဆိုသည်မှာလည်း မလိုအပ်လှပေ။ မြန်မာ့ အတွေ့အကြုံမှ သင်ခန်းစာယူ၍ အခြားနေရာများရှိ တရုတ်-အမေရိကန် ဆက်ဆံရေး တိုးတက်အောင်လည်း လုပ်ဆောင်နိုင်ပါသည်။ သို့သော် ဤနည်းလမ်းထိရောက်မှုရှိရန် မြန်မာက ဦးဆေ