Transparency Myanmar

transparency.myanmar@gmail.com

Q & C

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“နိုင်ငံတကာရဲ့ သဘောသဘာဝအတိုင်း ယဉ်ကျေးမှု အမွေအနှစ်တွေ၊ စည်းမျဉ်း၊စည်းကမ်းတွေကို အပြည့် အဝလိုက်နာ မယ်ဆိုရင် ဘာမှကိုလုပ်လို့ရမှာ မဟုတ်ပါဘူး။ တိုးတက်မှုနဲ့ ယဉ်ကျေးမှုက သဘောသဘာဝအရ ဆန့်ကျင်ဘက်တွေ ဖြစ်ပါ တယ်။ တစ်ဖက်က တိုးတက်ရင် တစ်ဖက်က ဆုတ်ယုတ်တက်ပါတယ်။ အဆင်ပြေအောင် ထိန်းညှိယူရမှာပါ”

နိုဝင်ဘာလ ၂၈ ရက်နေ့ထုတ် Venus News Journal အတွဲ (၅) အမှတ် (၁၈) တွင်ပါရှိသော “ပို့ဆောင်ရေး ဝန်ကြီးဌာန၏ ရန်ကုန်ဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်ရေး အထူးစီမံကိန်းနှင့် JICA အစီရင်ခံစာ ဆန့်ကျင်ဘက် ဖြစ်နေ” သတင်းမှ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်ဆွေ ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“အခုထိတော့ တိတိကျကျ မလုပ်ရသေးပါဘူး။ သဘောတူညီတာတော့ အားလုံးအတူတူ လက်တွဲပြီးတော့ ငြိမ်းချမ်းရေး ရအောင်လုပ်မယ်။ ဒီလို လက်တွဲမှသာ အန်တီတို့ လိုချင်တဲ့ ဒီမိုကရေစီပြည်ထောင်စုကြီးက ဖြစ်လာမယ်လို့ အန်တီတို့ အားလုံး ယုံကြည်တယ်။ တိုင်းရင်းသားတွေရဲ့ လိုအပ်ချက်ကို အန်တီ့အနေနဲ့ အမြဲတမ်း တက်နိုင်သလောက် ဖြည့်ဆည်းပေး ပါတယ်”

နိုဝင်ဘာလ ၂၆ ရက်နေ့ထုတ် ကုမုဒြာဂျာနယ် အတွဲ (၃) အမှတ် (၃၄) တွင် ပါရှိသော “ငြိမ်းချမ်းရေးဖြစ်စဉ်မှ ဒေါ်စုပါဝင်ဖို့ UNFC လိုလား” သတင်းမှ ဒေါ်အောင်ဆန်းစုကြည် ၏ ပြောကြားချက် အားကောက်နှုတ်ချက်။


“အန်တီတို့ရဲ့ ရခိုင်တိုင်းရင်းသားတွေအတွက် တစ်ကယ်အထောက်အကူ ဖြစ်မလားဆိုတာ စဉ်းစားဖို့ လိုတယ်။ ပြဿနာတွေ ပိုမိုကြီးထွားနိုင်မလား ဆိုတာတွေကို ဝိုင်းဝန်းဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ပြည်သူတွေက ပါဝင်ရန် လိုအပ်ပါတယ်။ မီဒီယာ တွေမှ တွေ့ရတယ်။ ရန်ကုန်မှ OIC ကို ဆန္ဒပြနေကြတယ်။ အန်တီ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ဆိုရင် ပြည်သူတွေရဲ့ဆန္ဒကို လိုက်လျောရမယ်။ အစိုးရအနေနဲ့ ပြည်သူတွေ ဘာလို့ဆန္ဒပြနေတယ် ဆိုတာသိဖို့လိုတယ်။ ပွင့်လင်းမြင်သာ ဖို့လိ&#