Transparency Myanmar

transparency.myanmar@gmail.com

International media (2)

Snapshot of the item below:
International media (2)

ဘာသာပြန်သတင်းများ (၂)

(Metro News မှ 9 Dec 2013 ရက်စွဲပါ “Five things to know about Burma” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)

(The Economic Times မှ 11 Dec 2013 ရက်စွဲပါ “India Myanmar into deal to jointly combat cross-border insurgency and criminal activities” သတင်းကို ဘာသာပြန်ဆိုသည်)


မြန်မာအကြောင်းသိကောင်းစရာ ငါးချက်

(Metro News မှ 9 Dec 2013 ရက်စွဲပါ “Five things to know about Burma” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)

ယမန်နေ့မှ အဆက်..။

(၃) ခရီးလှည့်မည်

ဟိုတယ်ခန်းပေါင်း ၂ သောင်းခွဲသာရှိသော နိုင်ငံသို့ တစ်နှစ်လျှင် ခရီးသွားဧည့်သည် ၁.၅ သန်း ဝင်ရောက်နေရာ အပျံသင်စခရီးသွားလုပ်ငန်း အခြေခံအဆောက်အဦးစနစ်ဖြင့် မနိုင်မနင်းရုန်းကန် ကိုင်တွယ်နေရသည်။ ဟိုတယ်ခန်းများ ရှားပါးသည့်အပြင် ဈေးနှုန်းမြင့်ပြီး ကြိုတင်မှာယူရန် အလွန်ခက်ခဲခဲ့ သည်ဟု နာမည်ဆိုးထွက်နေသည်၊ ဤ အခြေအနေသည် ကြာကြာနေထိုင်သူ တိုးပွားလာမှုကြောင့် ယာယီသက်သာ သွားသော်လည်း ဓလေ့ထုံးတမ်းမလိုက်နာသူများကို ယခုနှစ်တွင် ပိတ်ပင်လိုက်သည်ဟု ဟိုတယ်ခရီးဝန်ကြီး ဦးဌေးအောင် က ဆိုပါသည်။

မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံသို့ ရောက်လာကြမည့် ဧည့်သည်များကမူ နိုင်ငံတစ်ပတ် ခရီးလှည့်ကြပါလိမ့်မည်။ ရွေးချယ်စရာများဖြစ်သော်လည်း မြန်မာ့ ဂန္ဒဝင်နေရာများ အသေအချာပါဝင်လိမ့်မည်။ အရူးအမူး အံ့အားသင့် စရာ ပုဂံ၊ တစ်စစီကျိုးပဲ့နေသော မင်းနေပြည်ဟောင်း မန္တလေး၊ အိမ်မက်ဆန်သော ရန်ကုန်နှင့် ဆံတော်ရှင် ရွှေတဂုံ၊ မီးတောင် ဟောင်း ပုပါး၊ သမ်းဝေနေသော အင်းလေးကန်တို့ပင် ဖြစ်သည်။

Wexas က ၁၀ ည ခရီးစဉ်အတွက် ၂၇၁၅ ပေါင် (စတာလင်ပေါင်) နှင့် Frui က ဓါတ်ပုံဝါသနာအိုးများအတွက် ရည်ရွယ်သော ၁၄ ရက်ခရီးစဉ်အတွက် အလားတူဈေးနှုန်းသတ်မှတ်ထားပြီး၊ ၁၄ ရက်ခရီးစဉ်အတွက် ၃၂၉၅ ပေါင် သတ်မှတ်ထားသော KE Adventure က မျက်နှာတွင် တက်တူးထိုးထားသော ချင်းမလေးများ နေထိုင်ရာ ချင်းတောင်သို့ သွားလည်မည့် အစီအစဉ်ထည့်သွင်းထားသည်။

နှေးနှေးကွေးကွေး တစ်စိမ့်စိမ့် လည်ချင်သူများအတွက် Orient Express က အော်ရာဆယ်လာ ဖလော်တီလာ သဘောင်္ဖြင့် ဂျော့အိုဝဲလ် စတိုင် ဧရာဝတီမြစ်တွင်း ရသ ခရီးစဉ်ကို ပေါင်စတာလင် ၃၅၆၀ ဖြင့် စီစဉ်ပေးထား သည်။ လမ်းခရီးတစ်လျှောက် နေရာကောင်းကောင်းများတွင် ကျောက်ချရပ်နား ပေးမည်ဖြစ်သည်။

(၄) စားစရာ၊ ဝါးစရာ

မြန်မာအစားအစာသည် ကြုံဖူး၊ဆုံဖူးသော အစားအသောက်မျိုးမဟုတ်သော်လည်း တရုတ်စာနှင့် ထိုင်းစာကို အချိုးညီညီပေါင်းစပ်ထားသော ပုံစံဟုဆိုနိုင်သည်။ မြန်မာ့အစားအစာအကြောင်း ရေးသားတင်ဆက်သူ မီမီအေး က အောက်ပါအတိုင်းရှာဖွေစားသောက်ရန် အကြံပြုထားသည်။

မုန့်ဟင်းခါး (စပါးလင်နှင့် ငါးခူဟင်းရည်) နန်းကြီးသုပ် (ကြက်သား၊ဆန်ခေါက်ဆွဲသုပ်)  ကြာဇံဟင်း (မီးခိုးနံသင်းသော ကြာဇံစွပ်ပြုတ်) တို့ဖြစ်ပြီး ၎င်းတို့အားလုံးကို ခေါက်ဆွဲအလုံး အချဉ် အမွှေးအကြိုင်များဖြင့် မွမ်းမံထားသည်။ မန်ကျည်းမှည့် အချဉ်ရည်ဖြင့် မြိန်မြိန်ယှက်ယှက် နှစ်၍စားရသော ပုဇွန်ကြော်၊ တို့ဟူးကြော်၊ ဘူးသီးကြော် စသော )