Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document INTERNATIONAL MEDIA (1)

Snapshot of the item below:
INTERNATIONAL MEDIA (1)

နိုင်ငံတကာသတင်းများ

  1. ရှဖီးကုန်သည်ကြီးများအသင်းက မြန်မာနိုင်ငံအထည်အလိပ်ကဏ္ဍသို့ ကူညီမည်

(30 March 2013 ရက်စွဲပါ Yorkshire Post မှ Chamber to Provide helping hand to Burma textile sector ကိုဘာ သာပြန်ဆိုပါသည်)

  1. မြန်မာနိုင်ငံအား လူလူချင်းခွဲခြားဆက်ဆံမှုကို ကိုင်တွယ်ဖြေရှင်းရန်ပြောကြား

(29 March 2013 ရက်စွဲပါ UPI မှ Address discrimination , Myanmar told ကို ဘာသာပြန်ဆိုပါသည်)

  1. မြန်မာနိုင်ငံကို အမေရိကန်တို့ အနီးကပ်စောင့်ကြည့်နေ

(The Daily Star မှ 29 March 2013 ရက်စွဲပါ “US Keeping a close eye on Myanmar” သတင်းကို ဘာသာ ပြန်ဆိုပါသည်)

  1. မြန်မာဓါတ်ငွေ့တင်ပို့မှု ဒေါ်လာ ၄ ဘီလီယံ ရောက်ရှိနိုင်

(Natural Gas Asia မှ 27 March 2013 ရက်စွဲပါ “Myanmar gas export may touch $ 4 bn” ကိုဘာသာပြန် ဆိုပါသည်)


ရှဖီးကုန်သည်ကြီးများအသင်းက မြန်မာနိုင်ငံအထည်အလိပ်ကဏ္ဍသို့ ကူညီမည်

(30 March 2013 ရက်စွဲပါ Yorkshire Post မှ Chamber to Provide helping hand to Burma textile sector ကိုဘာသာ ပြန်ဆိုပါသည်)

Photo Credit by Online

ရှဖီးကုန်သည်ကြီးများအသင်း (Sheffield Chamber of Commerce) သည် မြန်မာနိုင်ငံမှ အထည်အလိပ်စက်မှု လုပ်ငန်းကို အကူအညီပေးရန်ပညာရှင်များငှားရမ်းပေးမည် ဖြစ်ပါသည်။

၎င်းအသင်းကြီးသသည်မြန်မာနိုင်ငံမှ ဖူးပွင့်စ စီးပွားရေးလုပ်ငန်းများကို အကူအညီပေးနိုင်ရန် နိုင်ငံတကာ ဖက်စပ် လုပ်ငန်းသို့ ဝင်ရောက်မည်ဖြစ်ပါသည်။

ယခု ပရော့ဂျက်သည် ကမ္ဘာလုံးဆိုင်ရာစီးပွါးရေးပါတနာရှစ်များထဲမှ မြန်မာနိုင်ငံတွင် ပထမဆုံးများ တွင်ပါဝင်ပြီး မြန်မာနိုင်ငံ၏ အဝတ်အထည်နှင့် အထည်အလိပ် စက်မှုလုပ်ငန်းကို နိုင်ငံတကာ ပို့ကုန်တင်ပို့သူ ဖြစ်အောင် အကူအညီ ပေးနိုင်မည် ဖြစ်ပါသည်။

ရှဖီးအသင်းကြီးသည် ဥရောပသမဂ္ဂရန်ပုံငွေဖြင့် လုပ်ဆောင်သော စီမံကိန်းဖြစ်သည့် ပေါင် (၂) သန်းတန် Switch Asia စီမံကိန်းသို့ဝင်ရောက်သော တစ်ခုတည်းသော ဗြိတိသျှပါတနာတစ်ဦးဖြစ်ပါသည်။

ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းသစ်များ စွမ်းရည်နှင့် ဖွဲ့စည်းပုံဖွံ့ဖြိုးတိုးတက်လာရေး အတွက် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများကို ကူညီရန် ဖြစ်ပါသည်။ ရှဖီးအသင်းကြီးကလည်း ရှဖီးကုမ္ပဏီများအတွက် စီးပွားရေးအခွင့်အလမ်းများ ရှာဖွေရန် ဖြစ်ပါသည်။

အဆိုပါ စီမံကိန်းကို ရှေ့နှစ်တွင် စတင်မည်ဖြစ်ပြီး သုံးနှစ်လုပ်ဆောင်ရန် မျှော်လင့်ပါသည်။ ရှဖီး ကုန်သည်ကြီးများ အသင်းသည် မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်ကြီးများ အသင်းကို ပံ့ပိုးမှုများပေးမည်ဖြစ်ပြီး စီးပွား ရေးတိုက်ရိုက်လုပ်ကိုင်မည်ဖြစ်ပါသည်။

ရှဖီးအသင်းကြီးမှ အမှုဆောင်ဒါရိုက်တာ Richard Wright  ကပြောကြားရာတွင် “Switch Asia ရဲ့ အဓိက ရည်ရွယ် ချက်ကတော့ မြန်မာနိုင်ငံကို စီးပွားရေးအထောက်အပံ့ အကူအညီပေးဖို့ဖြစ်ပြီး အထည်အလိပ်လုပ်ငန်းမှာ အိန္ဒိယ၊ ကမ္ဘောဒီး ယား၊ ဗီယက်နမ် တို့နဲ့ယှဉ်ပြိုင်နိုင်ဖို့ဖြစ်ပါတယ်။” ဟု ဆိုပါသည်။

စီးပွားရေးလုပ်ငန်းများသည် ပစ္စည်းများ နိုင်ငံခြားသို့တင်ပို့နိုင်ရန် သတ်မှတ်ထားသောအဆင့်အချို့ ပြည့်မှီရမည် ဖြစ်ပါသည်။ ကျန်းမာရေးနှင့် လုံခြုံမှုလိုအပ်ချက်များ၊ သင့်တော်သော လုပ်ထုံးလုပ်နည်းများ၊ ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များ တွင် ကောင်းမွန်သော လုပ်ပုံကိုင်ပုံများရှိရေး၊ အထူးသဖြင့်စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုနှင့် စွမ်းအင် ချွေတာမှုများရှိရမည် ဖြစ် ပါသည်။

“ကျွန်တော်တို့ ပါဝင်ပတ်သက်ရတဲ့အကြောင်းကတော့ ကဏ္ဍအချို့မှာ ပို့ကုန်ကြီးထွားလာဖို့ အကူအညီတွေပေးပြီး ဒီအဆက်အသွယ်တွေနဲ့ ကျွန်တော်တို့အဖွဲ့ဝင်တွေ စီးပွားရေးနဲ့ အဆက်အသွယ်တွေ ရဖို့ပါပဲ” ဟု ၎င်းကပြောပါသည်။

              “အာရှဒေသဟာ လာမယ့်နှစ်အနည်းငယ်အတွင်း အရေးပါတဲ့တိုးတက်မှုလုပ်ဆောင်ပေးနိုင်မယ့် ဒေသတစ်ခုအဖြစ် ခန့်မှန်းရပါတယ်။ သူတို့ဟာ ရှဖီးမြို့ဒေသက ထုတ်ကုန်တွေဝယ်ဖို့ ဆန္ဒရှိလိမ့်မယ်ထင် ပါတယ်။ သူတို့ဟာ ရှဖီးမြို့ဒေသက ထုတ်ကုန်တွေဝယ်ဖို့  ဆန္ဒရှိလိမ့်မယ်ထင်ပါတယ်။ တခြား ဥရောပတိုင်းပြည်တွေကလည်း အဲဒီကို သွားနေတော့ ကျွန်တော် တို့လည်း တစ်ခုခုလုပ်ဖို့သွားဖို့ အချိန်ဖြစ်ပါတယ်” ဟု ဆိုပါသည်။

ရှဖီးအသင်းကြီးသည် အဖွဲ့အစည်းများနှင့် ကုမ္ပဏီများသို့ ပြန်လည်ပို့ချမည့် ပုဂ္ဂိုလ်များသို့လေ့ကျင့်မှု ပြုလုပ်ပေးမည် ဖြစ်ပါသည်။

ထို့အပြင် ၎င်းသည် အီးယူနှင့် အမေရိကန်မှ ကုန်သွယ်မှု အခွင့်အလမ်းသစ်များ ရှာဖွေအသုံးပြုနိုင်ရန် အကူအညီနှင့် လမ်းညွှန်မှုများလည်း  ပေးမည်ဖြစ်ပါသည်။


မြန်မာနိုင်ငံအား လူလူချင်းခွဲခြားဆက်ဆံမှုကို ကိုင်တွယ်ဖြေရှင်းရန်ပြောကြား

(29 March 2013 ရက်စွဲပါ UPI မှ Address discrimination , Myanmar told ကို ဘာသာပြန်ဆိုပါသည်)

Photo Credit by UN News Center

အမုန်းတရားများခွဲခြားဆက်ဆံမှုများသည် မြန်မာနိုင်ငံအလယ်ပိုင်းတွင် ဘာသာရေးဆိုင်ရာပြင်းထန် သောဖြစ်ရပ် များဖြစ်စေကြောင်း ကုလသမဂ္ဂမြန်မာနိုင်ငံလူ့အခွင့်အရေးအတွက် အထူးကိုယ်စားလှယ်က ပြောကြားခဲ့ပါသည်။

မြန်မာသမ္မတ ဦးသိန်းစိန်ကလည်း မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဗုဒ္ဓဘာသာနှင့် မူဆလင်များကြား ပြင်းထန်သော ဖြစ်ရပ်များအတွက် နိုင်ငံရေးအမြတ်ထုတ်သူများနှင့် ဘာသာရေးအစွန်းရောက်များကို အပြစ်တင်ခဲ့ပါသည်။ အဆိုပါ ဖြစ်ရပ် များတွင် မတ်လ (၂၀) ရက်နေ့က ဖြစ်ပွားသော ဖြစ်စဉ်တွင် အနည်းဆုံး (၄၀) ဦးခန့်သေဆုံးသည်ဟု ဆိုပါသည်။

ဧရာဝတီသတင်းဌာန၏ ဖော်ပြချက်အရ ဦးသိန်းစိန်က အဆိုပါဖြစ်ရပ်များရပ်ဆိုင်းသွားရေးအတွက် နောက်ဆုံး အဆင့်အနေဖြင့် အင်အာသုံးဖြေရှင်းမည်ဟု ဆိုခဲ့သည်ဟု ဆိုပါသည်။

ကုလသမဂ္ဂအထူးကိုယ်စားလှယ် Quintana က ပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် အဆိုပါ ပဋိပက္ခများ ဆက် လက်မပျံ့နှံရန်နှင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို အားနည်းမသွားစေရန် လျှင်မြန်သော အရေးယူဆောင်ရွက် မှုများလုပ် ဆောင်ရန် လိုအပ်သည်ဟု ဆိုပါသည်။

“တရားဥပဒေစိုးမိုးရေးထူထောင်ရာမှာ လူလူချင်း ခွဲခြားဆက်ဆံရေးကို ကိုင်တွယ်ရန်မှာ အခြေခံကျပါတယ်။ ပြင်း ထန်တဲ့ လုပ်ရပ်တွေကို ဥပဒေအရအရေးယူမှုမရှိလုပ်ဆောင်တာတွေနဲ့ လူလူချင်း ခွဲခြားဆက်ဆံ တာတွေ ဆက်မရှိသင့် တော့ပါဘူး” ဟု Quintana က ကျေညာချက်တွင် ဖော်ပြထားပါသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို အများက ချီးကျုးကြပါသည်။ သို့သော် ယခုနောက်ဆုံး ဖြစ်သော ပြင်းထန်သည့်ဖြစ်ရပ်များသည် အထက်ပါကြိုးပမ်းမှုများကို ထိခိုက်နိုင်သည့် အန္တရာယ်ရှိကြောင်း လူ့အခွင့်အရေးအုပ်စုများကို ဆိုကြပါသည်။

Quintana က ပြောကြားရာတွင် မူဆလင်လူနည်းစုအပေါ် ခွဲခြားဆက်ဆံမှုများကြောင့် တင်းမာမှုများ တောက် လောင်လာပြီး အဆိုပါဖြစ်ရပ်မျိုး ပြီးခဲ့သည့်နှစ်က ရခိုင်တွင်ဖြစ်ခဲ့ကြောင်း ဆိုပါသည်။

ပြီးခဲ့သည့်အပတ်က ဖြစ်ရပ်ကြောင့် အစိုးရသည် မန္တလေးတိုင်း၏ အချို့အစိတ်အပိုင်းများတွင် အရေးပေါ် အခြေ အနေကြေညာခဲ့ပါသည်။ ကုလသမဂ္ဂက ထိုဖြစ်ရပ်ကြောင့် လူပေါင်း (၁၂၀၀၀) ခန့် အိုးမဲ့ အိမ်မဲ့ ဖြစ်ရသည်ဟု ခန့်မှန်းပါသည်။


မြန်မာနိုင်ငံကို အမေရိကန်တို့ အနီးကပ်စောင့်ကြည့်နေ

(The Daily Star မှ 29 March 2013 ရက်စွဲပါ “US Keeping a close eye on Myanmar” သတင်းကို ဘာသာပြန်ဆိုပါ သည်)

Photo Credit by Reuters

အမေရိကန်ပြည်ထောင်စုသည် မြန်မာခေါင်းဆောင်များက လူမျိုးရေးအကြမ်းဖက်မှု ပြဿနာအား မည်သို့ကိုင် တွယ်ဖြေရှင်းနေသည်ကို အနီးကပ်စောင့်ကြည့်လျက်ရှိပြီးသွေးစွန်းသော ပဋိပက္ခအဆုံးသတ်ရာတွင် လူ့အခွင့်အရေးကို လေး စားကြရန် တိုက်တွန်းသည်ဟု တာဝန်ရှိသူတစ်ဦးက ဗုဒ္ဓနေ့တွင်ပြောကြားသည်။

ပြီးခဲ့သော သီတင်းပတ်အတွင်း လူ ၄၀ ကျော်သေဆုံးခဲ့ရသော မူဆလင်-ဗုဒ္ဓဘာသာ အဓိကရုဏ်းသည် လွန်ခဲ့သော ၂ နှစ်က တပ်မတော်အစိုးရအာဏာစွန့်ကာအရပ်ဖက် အစိုးရတက်လာပြီး နောက်ပိုင်း ပြုပြင်ပြောင်းလဲရန် ကြိုးပမ်းနေသော အရှေ့တောင်အာရှ မြန်မာနိုင်ငံ၏ အပြင်းစားစိန်ခေါ်မှုများ ထဲမှတစ်ခုအဖြစ် ထင်ဟပ်နေပါသည်။

ဗိုလ်ချုပ်ကြီးဟောင်း တစ်ဦးဖြစ်သူ သမ္မတဦးသိန်းစိန်က အခြေအနေကို ပြန်လည်ထိန်းသိမ်းရန် အတွက် အခင်းဖြစ် ဒေသများတွင် အရေးပေါ် အခြေအနေကြေညာကာ လုံခြုံရေးတပ်များကို စေလွှတ်ခဲ့သည်။

ထိုအတောအတွင်း တပ်မတော်နေ့အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားကိုလည်း ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့ရာ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ် တက်ရောက်ခဲ့သည်။

“မြန်မာနိုင်ငံ အလယ်ပိုင်းမှာဖြစ်နေတဲ့ လူမျိုးရေးအကြမ်းဖက် အဓိကရုဏ်းနဲ့ပတ်သက်ပြီး ကျွန်တော် တို့အရမ်း စိုးရိမ်နေတုန်းပါပဲ” ဟု အမေရိကန် နိုင်ငံခြားရေးဌာန ယာယီ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ပက်ထရစ်ဗင်ထရယ် က သတင်းထောက်များအား ပြောကြားပါသည်။

အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံစစ်အုပ်ချုပ်ရေးကာလက အရေးယူချမှတ်ထားခဲ့သော Sanctions များ အားလုံးကို ဖြေလျှော့ရုတ်သိမ်းပေးရန်၊ ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံတွင် ရာနှုန်းပြည့် ဒီမိုကရေစီဆီသို့ အသွင်ကူး ပြောင်းနေသည့် အလျှောက်မြန်မာအစိုးရအား အထောက်အပံ့နှင့် အကူအညီများ ပေးသွားမည်ဟု ကတိပြုထားသည်။


မြန်မာဓါတ်ငွေ့တင်ပို့မှု ဒေါ်လာ ၄ ဘီလီယံ ရောက်ရှိနိုင်

(Natural Gas Asia မှ 27 March 2013 ရက်စွဲပါ “Myanmar gas export may touch $ 4 bn” ကိုဘာသာပြန်ဆိုပါသည်)

Photo Credit by Global times

မြန်မာနိုင်ငံ၏ ဓါတ်ငွေ့တင်ပို့ရောင်းချမှုသည် မနှစ်ကစံချိန်ဒေါ်လာ ၃.၅ ဘီလီယံကို ကျော်သွားပြီ ဖြစ်ရာ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ဒေါ်လာ ၄ ဘီလီယံသို့ရောက်ရှိသွားမည့် အလားအလာရှိနေပါသည်။

မြန်မာဓါတ်ငွေ့ရောင်းချမှုသည် ဒေါ်လာ ၂ ဘီလီယံရရှိခဲ့သော ၂၀၀၆ ဘဏ္ဍာရေးနှစ်နောက်ပိုင်းတွင် တန်ဖိုး ၇၅ ရာခိုင်နှုန်းတက်လာခဲ့သည်ဟု ပြည်တွင်း အလဲဗင်း မီဒီယာကဆိုပါသည်။

ရွှေဓါတ်ငွေ့စီမံကိန်းက မေလတွင်လည်းကောင်း၊ ဇောတိကဓါတ်ငွေ့စီမံကိန်းက ဒီဇင်ဘာလတွင် လည်းကောင်း အသီးသီးစတင် တင်ပို့ရောင်းချနိုင်မည့် အလားအလာရှိသဖြင့် လာမည့်ဘဏ္ဍာရေးနှစ်အတွက် ဓါတ်ငွေ့ရောင်းရငွေ ကိန်း ဂဏန်းများမှာ ယခုထက်ပိုမိုမြင့်တက်လာမည်ဟု မျှော်လင့်ရပါသည်။

မြန်မာနိုင်ငံသည် သဘာဝဓါတ်ငွေ့နှင့် အခြားသဘာဝသယံဇာတများ တင်ပို့ရောင်းချခြင်းမှ ဒေါ်လာ ဘီလီယံနှင့်ချီ၍ နှစ်စဉ်ဝင်ငွေ ရရှိနေသော်ငြားလည်း ယင်းဘဏ္ဍာငွေများကို အပြည့်အဝအသုံးချနိုင်ရန်အတွက် အစိုးရအနေဖြင့် ပွင့်လင်း မြင်သာမှုရှိရန်လိုအပ်သည်ဟု အကဲခတ်လေ့လာသူများက သုံးသပ်ကြသည်။

အထူးသဖြင့် ဆိုးဆိုးဝါးဝါးနိမ့်ကျနေသော ပညာရေးနှင့် ကျန်းမားရေးကဏ္ဍများကို ရာနှုန်းပြည့် အမြစ်လှန်ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ရမည့်အစား အပေါ်ယံပြောင်းလဲမှု အနည်းငယ်ဖြင့် မျက်လှည့်ပြကာ ထိန်းချုပ်နေသည့် အခြေအ နေ၏ နောက်ကွယ်တွင် နိုင်ငံနှင့်ပြည်သူတို့၏ ဖွံ့ဖြိုးမှုကို နောက်ပြန်ဆွဲထားလိုသူ များ၏ စနစ်တကျစီမံမှုများ ရှိနိုင်သည်ဟု ပြည် တွင်းမှ လေ့လာစောင့်ကြည့်သူအချို့က စိုးရိမ်တကြီးမှတ်ချက် ပေးထားသည်။


                               


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Quote & Comment and News in brief
Document Quote & Comment and News in brief

Snapshot of the item below:
Quote & Comment and News in brief

သတင်းကောက်နှုတ်ချက်များနှင့် သတင်းတို

“ကျွန်တော့်အနေနဲ့ကတော့ သမ္မတကြီးရဲ့မိန့်ခွန်းကို ထောက်ခံပါတယ်။ ဘယ်ဘာသာ၊ ဘယ်လူမျိုးပဲဖြစ်ဖြစ် တည့်အောင် နေဖို့က အရေးကြီးပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောထားတာရှိတယ်။ အတူယှဉ်တွဲ နေထိုင်ကြဖို့ သမ္မတကြီးကလည်း ဒါကိုထပ်ပြောပါတယ်။ လိုအပ်ရင် သမ္မတအနေနဲ့ စစ်အင်အား အကူအညီကို ရယူနိုင်ပါတယ်”

မတ်လ ၂၉ ရက်နေ့ထုတ် မွန်းတည့်နေဂျာနယ် အတွဲ (၁) အမှတ် (၁၆) တွင်ပါရှိသော “ပြည်သူသို့ ရှင်းလင်း သည့် သမ္မတ မိန့်ခွန်း လေ့လာသူများကြိုဆို”သတင်းမှ လသာမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့်၏ ပြောကြားချက် အားကောက်နှုတ်ချက်။


“စီးပွားရေး၊ လူမှုရေး၊ ဒေသဖွံ့ဖြိုးရေးကိစ္စတွေနဲ့ အခြားအခက်အခဲတွေ အများကြီးရှိပါတယ်။ ဒီမိုကရေစီ လက်တွေ့ပိုင်း ဆိုင်ရာမှာလဲ အားနည်းနေသေးလို့ပါ။ ပြည်သူလူထုပါဝင်တဲ့ ဒီမိုကရေစီ Practice (လက်တွေ့ လုပ်ဆောင်ချက်) မရှိပါဘူး။ ဒါကတော့ ဝန်ခံပါတယ်။ ကျွန်တော်တို့ အနေနဲ့ကလည်း ဒါကိုသင်ယူနေရင်းနဲ့ လုပ်ဆောင် နေတာဖြစ်ပါတယ်။ ပြည်သူလူထု ကလည်း ကိုယ့်အားကိုယ်ကိုးဖို့လိုပါတယ်”

မတ်လ ၂၉ ရက်နေ့ထုတ် မွန်းတည့်နေဂျာနယ် အတွဲ (၁) အမှတ် (၁၆) တွင်ပါရှိသော “ဒေသဖွံ့ဖြိုးရေးအတွက် ကိုယ့်အား ကိုယ်ကိုးရန် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး တိုက်တွန်း”သတင်းမှ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၏ ပြောကြား ချက်အားကောက်နှုတ်ချက်။


“စီးပွားရေးပိတ်ဆို့မှုတွေ ဖွင့်ပေးတာကောင်းတာပေါ့။ ဒီမိုကရေစီနိုင်ငံတစ်ခုကို တည်ထောင်မယ်ဆိုရင် ပိတ်ဆို့မှုတွေ မဖြစ်မနေဖွင့်ပေးဖို့လိုတယ်။ တိုင်းပြည်စီးပွားရေးတိုးတက်မှ ဒီမိုကရေစီနိုင်ငံဆိုတာကို ပီပီပြင်ပြင် တည်ဆောက်နိုင်မယ်။ ငြိမ်းချမ်းရေးဆိုတာလည်း စီးပွားရေးကောင်းမှ တည်ဆောက်နိုင်မှာ”

မတ်လ ၂၉ ရက်နေ့ထုတ် မွန်းတည့်နေဂျာနယ် အတွဲ (၁) အမှတ် (၁၆) တွင်ပါရှိသော “စီးပွားရေး ပိတ်ပင်မှုအပေါ် ဥရောပ သမဂ္ဂ ပြည်လည်သုံးသပ်”သတင်းမှ ရန်ကုန်မြို့တွင်နေထိုင်သော တပ်မတော်သား ဟောင်းတစ်ဦး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“တစ်ယောက်နဲ့တစ်ယောက် မြေယာတွေ ဘာတွေသိမ်းတယ်ဆိုလည်း ဒါ ကြီးနိုင် ငယ်ညှင်းပေါ့ ဟုတ်လား။ လုပ်တဲ့သူက လုပ်တယ်။ ခံရတဲ့သူက ခံပေါ့။ အဲဒီ စိတ်ဓါတ်ကို ကျွန်မပြောင်းစေချင်တယ်။ လုပ်နိုင်လေလေ ပိုပြီးတော့ သိမ်သိမ် မွေ့မွေ့ လုပ်လေ ၊ ကျွန်မတို့ရဲ့ သိက္ခာဟာ အင်အားကြီးတဲ့သူရဲ့ သိက္ခာဟာ သတ္တိရှိခြင်း၊ ခံနိုင်ရည်ရှိခြင်း၊ အင်အား ကြီးလို လုပ်ချင် တိုင်းလုပ်တယ်ဆိုတာ အင်မတန်မှ ရှက်စရာကောင်းတယ်ဆိုတာ ကျွန်မတို့ပြည်သူ ပြည်သားအား လုံးနားလည်ရမယ်။”

ဧပြီလ ၁ ရက်နေ့ထုတ် Street View Journal အတွဲ (၂) အမှတ် (၁၃) တွင်ပါရှိသော “အင်အားကြီးလို့ လုပ်ချင်တိုင်းလုပ် တယ်ဆိုတာ ရှက်စရာပါ” သတင်းမှ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ကျွန်တော်တို့နိုင်ငံက အခု ATPF (Asia Trade Promotion Froum) အဖွဲ့ဝင်အဖြစ်ပါဝင်ခွင့်ရရှိလို့ ကုန်သွယ်မှု မြှင့်တင် ရေးလုပ်ငန်းတွေ၊ အဖွဲ့ဝင်နိုင်ငံတွေနဲ့ ဈေးကွက်ရှာဖွေခြင်းလုပ်ငန်းတွေ၊ ကျွန်တော်တို့နိုင်ငံမှာ အခက်အခဲ ဖြစ်နေတဲ့ ကုန်သွယ်ရေးမြှင့်တင်မှုကိစ္စတွေ၊ SME လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ ကိစ္စတွေအားလုံး ကို ညှိနှိုင်းပူးပေါင်း ဆောင်ရွက် ရမယ့် အခွင့်အရေးတွေရရှိမှာပါ”

ဧပြီလ ၁ ရက်နေ့ထုတ် Street View Journal အတွဲ (၂) အမှတ် (၁၃) ပါရှိသော “ATPF မှ မြန်မာနိုင်ငံကို လေးကြိမ် မြောက် အဖွဲ့ဝင်နိုင်ငံအဖြစ် အသိအမှတ်ပြုလက်ခံရရှိ” သတင်းမှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ကုန်သွယ်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 NEWS IN BRIEF

မတ်လအတွင်း အကြမ်းဖက်မှု ၁၆၃ ကြိမ်ဖြစ်ပွားခဲ့ကြောင်းပြန်ကြားရေးမှ သတင်းထုတ်ပြန်

မတ်လ ၂၀ ရက်နေ့မှစ၍ မတ်လ ၃၀ ရက်အထိမြို့နယ် ၁၅ မြို့နယ်တွင်လူစုလူဝေးဖြင့် အကြမ်းဖက်မှု ၁၆၃ ကြိမ် ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၄၃ ဦး၊ဒဏ်ရာရသူ ၈၆ ဦး၊အဆောက် အအုံ ၁၃၅၅ လုံးနှင့်ယဉ်မျိုးစုံ ၃၉ စီးပျက်စီးဆုံးရှုံး ခဲ့သည်ဟု ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။အကြမ်းဖက်မှုများကြောင့် လူဦးရေ ၁၁၃၇၆ ဦးအိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ပြီး ကယ် ဆယ်ရေးစခန်း ၆၃ ခု၌ဒုက္ခသည် ၉၀၆၅ ဦးစောက်ရှောက်ထားကြောင်းသိရသည်။ ပြစ်မှုကျူးလွန်သူ ၆၈ ဦးကိုလည်း ဖမ်းဆီး ရမိ ထားပြီး ဥပဒေနှင့်အညီအရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်းသိရသည်။

ဦးသိန်းစိန်နှင့် အမေရိကန်-အာစီယံစီးပွားရေးကောင်စီဥက္ကဌ တွေ့ဆုံ

ပြည်ထောင်စုမြန်မာနိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် အမေရိကန် - အာဆီယံ စီးပွားရေးကောင်စီ ဥက္ကဋ္ဌ Mr.Evan Greenberg တို့သည် မတ် ၂၉ လရက်နေ့ညနေက နေပြည်တော်ရှိနိုင်ငံတော်သမ္မတ အိမ်တော်တွင်တွေ့ဆုံခဲ့ကြပြီး အမေ ရိကန် - အာဆီယံကုန်သွယ်မှုမြှင့်တင်ရေး၊ မြန်မာနိုင်ငံတွင်ရေနံ၊ သဘာဝဓာတ်ငွေ့၊ သစ်တော၊သတ္ထု၊ ဘဏ္ဍာရေးနှင့် ငွေ ကြေးကဏ္ဍ၊ အာမခံလုပ်ငန်းကဏ္ဍများတွင် ခိုင်မာသောကတိကဝတ်များဖြင့်ရင်းနှီးမြှုပ်နှံနိုင်ရေး၊ အရင်းအနှီးသာမကနည်းညာ၊ အသိပညာသင်ကြားလေ့ကျင့်မှုများကိုပါတစ်ပြိုင်နက်တည်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးကိစ္စများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း ယနေ့ထုတ်နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားချက်အရသိရသည်။

မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံအမတ်ခန့်အပ်

မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံအမတ်အဖြစ် Mr.Mark Mc Dowell ကိုခန့်အပ်လိုက်ပြီဖြစ်ကြောင်း ကနေဒါနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး John Baird သည်မတ်လ ၂၉ ရက်နေ့တွင် ကြေငြာလိုက် ကြောင်းသိရသည်။ထို့အတူ မြန်မာနိုင်ငံတွင် ကနေဒါသံရုံးဖွင့်ပြီး ကုန်သွယ်ရေးဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ်အဖြစ်ထားရှိမည်ဖြစ်ကြောင်း သိရသည်။

 

 မြန်မာနိုင်ငံ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ဒေါ်လာ ၁၁ သန်းအမေရိကန်ထောက်ပံ့မည်

၂၀၁၅ အထွေထွေရွေးကောက်ပွဲအား တရားမျှတပြီးလွတ်လပ်သော ရွေးကောက်ပွဲအဖြစ် ကျင်းပနိုင်ရန်အတွက် အမေရိကန်ပြည်ထောင်စုမှ ဒေါ်လာ ၁၁ သန်းထောက်ပံ့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ ထုတ်ပြန်ခဲ့ ကြောင်းသိရသည်။ရွေးကောက်ပွဲစီမံမှု တိုးတက်ရေး၊မဲပေးနည်းပညာပေးရေးလုပ်ငန်းများနှင့် လွှတ်တော်ကိုယ်စား လှယ်များ ၏ အရည်အချင်း မြှင့်တင်ရေးအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း နိုင်ငံတကာဖွံဖြိုးရေး ဆိုင်ရာ အမေရိကန်အေဂျင်စီမှ အုပ်ချုပ်ရေးမှူး Dr.Rajiv Shah မှပြောကြားခဲ့သည်။

ပြည်တွင်းအကြမ်းဖက်မှုများကို ထိရောက်စွာအရေးယူရန် ICG တိုက်တွန်း

ဘာသာရေးအကြမ်းဖက်မှုများ မဖြစ်ပွားစေရေးနှင့် ယင်းသို့ဖြစ်ပွားအောင်ပြုလုပ်နေသူများကို အစိုးရအနေဖြင့် မြင်သာစွာ ဖမ်းဆီးအရေးယူသင့်ကြောင်း နိုင်ငံတကာ ပဋိပက္ခစောင့်ကြည့် လေ့လာရေးအဖွဲ့ International Crisis Group ၏ အရှေ့ တောင်အာရှစီမံကိန်း ညွှန်ကြားရေးမှူး Jim Della Giacoma မှထုတ်ပြန်ကြောင်းသိရသည်။ထို့အကြမ်းဖက်မှုများကို ကိုင် တွယ်ဖြေရှင်း ရာ၌ ရဲတပ်ဖွဲ့၏အရည်အသွေးမှာ အရေးကြီးကြောင်းနှင့်မြန်မာနိုင်ငံတွင် ရဲတပ်ဖွဲ့ဝင်များအား အကြမ်းဖက် ဖြေရှင်းနည်းဆိုင်ရာ သင်ကြားပေးမှု အားနည်းနေသည်ကိုတွေ့ရကြောင်းဆက်လက် ပြောဆိုသွားခဲ့သည်။

အခြေခံလုပ်သားများအတွက် အနည်းဆုံးလုပ်ခမပေးသည့် အလုပ်ရှင်များအားအရေးယူမည်

မတ်လ ၂၂ ရက်နေ့တွင် နိုင်ငံတော်သမ္မတလက်မှတ်ရေးထိုးထုတ်ပြန်ထားသော အနည်းဆုံး အခကြေးငွေ ဥပဒေ နှင့်အညီ သတ်မှတ်ထားသောလုပ်အားခကို မပေးပါက အလုပ်ရှင်များကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်နှင့် ငွေကျပ် ၅ သိန်းထက်မပိုသော ငွေဒဏ်ချမှတ်မည် ဖြစ်ကြောင်းသိရသည်။

ကရင်ရေးရာ အစည်းအဝေးကျင်းပ

ကရင်ပြည်နယ် ဘားအံ့မြို့တွင်မတ်လ ၂၉ ရက်နေ့ မနက် တွင်ကျင်းပသော ကရင်ရေးရာ အစည်းအဝေးကြီးတွင် စည်းလုံးညီညွတ်ရေး၊ စစ်မှန်ခိုင်မြဲသော ငြိမ်းချမ်းရေးနှင့် ကရင်အမျိုးသားတို့၏ အနာဂတ်အရေးကိစ္စများကို ဆွေးနွေးခဲ့ကြ ကြောင်း အစည်းအဝေး ဖြစ်မြောက်ရေးလုပ်ငန်းအဖွဲ့ဝင် သိက္ခာတော်ရ ဆရာတော် စောမက်သယူးအေး၏မိန့်ကြားချက်မှသိ ရှိရသည်။ထို အစည်းအဝေးကို KNU နှင့် DKBA အပါအ၀င် ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ ကရင်နိုင်ငံ ရေးပါတီများ၊ ကရင် လွှတ်တော်အမတ်များ၊ ကရင်ပြည်နယ်အစိုးရ၀န်ကြီးနှင့် အစိုးရပိုင်းဆိုင်ရာ အဖွဲ့အစည်းများ လည်း တက် ရောက်ခဲ့ကြောင်းသိရသည်။

ATPF မှမြန်မာနိုင်ငံကို အဖွဲ့ဝင်အဖြစ်အသိအမှတ်ပြု

Asia Trade Promotion Forum မှာ အာရှတိုက်ရှိ နိုင်ငံအသီးသီးနှင့်ကုန်သွယ်မှု မြှင့်တင်ရေး လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်သောအဖွဲ့အစည်းဖြစ်ပြီး ယခုအခါ မြန်မာနိုင်ငံကို ၂၄ ကြိမ်မြောက် အဖွဲ့ဝင်နိုင်ငံအဖြစ် အသိအမှတ်ပြု လက်ခံလိုက်ပြီဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဌာန မှတာဝန်ရှိသူများက ပြောကြားခဲ့သည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive