Transparency Myanmar

transparency.myanmar@gmail.com

International Media (2)
Document

Snapshot of the item below:
International Media (2)

ဘာသာပြန်သတင်းများ (၂)

မြန်မာ့ရွှေ့ပြောင်းလုပ်သားများအားကူညီရန် ထိုင်းလှုပ်ရှားသူများ ကြိုးပမ်း

(Bangkok Post မှ 16 Sep 2013 ရက်စွဲပါ “Activist Steps in to aid migrant workers” သတင်းကိုဘာသာပြန်ဆိုသည်)

လာမည့်နှစ်တွင် မြန်မာအာဏာပိုင်များကလူဦးရေးစာရင်း (သန်းခေါင်စာရင်း) အသစ် ကောက်ယူတော့မည် ဖြစ်ရာ နိုင်ငံသားစီစစ်ရေးကတ် အသစ် ရရှိရေးအတွက် မြန်မာရွှေ့ပြောင်းလုပ်သားများအစုလိုက် အပြုံလိုက် ပြည်တော်ပြန် ကြမည့် ကိစ္စ နှင့် ပတ်သက်၍ စိုးရိမ်ကြောင်းထိုင်းနိုင်ငံအလုပ်သမားအရေးလှုပ်ရှားသူများကထုတ်ဖော် ပြောကြားသည်။

ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသော မြန်မာရွှေ့ပြောင်းလုပ်သားများစွာသည် စီစစ်ရေးကတ် အသစ် လျှောက်ထားရန်အတွက် နှစ်သစ်ကူးနှင့် ဆောင်ခရန် ပွဲတော်ကဲ့သို့ နှစ်ရှည် အလုပ်ပိတ်ရက် ကာလတွင် ၎င်းတို့ ဇာတိမြေသို့ ပြန်ကြလိမ့်မည်ဟုမျှော်လင့်ရကြောင်း Migrant Working Group မှ အက်ဒီဆွန်ဂတ် မွန်ကောက ပြောကြားပါသည်။

အဆိုပါ ရွှေ့ပြောင်းလုပ်သားများအိမ်ပြန်ကြခြင်းကြောင့် မြန်မာအလုပ်သမားများအပေါ် ကြီးကြီးမားမားမှီခိုနေရ သည့် စက်ရုံများ၏ ကုန်ထုတ်လုပ်မှုကိုထိခိုက်စေလိမ့်မည်ဟုသိရှိရသည်။

သို့ဖြစ်ရာ မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် အချိန် နှင့် ငွေ ချွေတာနိုင်စေရန် ၎င်းတို့ အိမ်ပြန်မည့် ခရီးစဉ် ချောမွေ့အောင် မည်သို့ ကူညီပေးနိုင်မည်။ ၎င်းတို့ အိမ်ပြန်ခြင်းကြောင့် စက်ရုံများအပေါ် ထိခိုက်မှုကိုမည်သို့ လျှော့ချပေးနိုင်မည် စသည်တို့ကိုအလုပ်သမားဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆွေးနွေးကြရန် အက်ဒီဆွန်ကတ်မွန်ကောကတိုက်တွန်းပြောကြားသည်။

သို့ရာတွင် သန်းခေါင်စာရင်းအသစ် ကောက်ယူ၍ စီစစ်ရေးကဒ် အသစ်ထုတ်ပေးမည့် မြန်မာအစိုးရ၏ ဆောင်ရွက်ချက်သည် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများအားစီမံအုပ်ချုပ်ရာတွင် အကျိုး ဖြစ်ထွန်းစေလိမ့်မည်ဟု ၎င်းက ဆိုပါသည်။ ယခုအစီအစဉ်ကြောင့် ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသော မြန်မာရွှေ့ပြောင်း လုပ်သားများအားတရားဝင် ဟုတ် ၊ မဟုတ် အဆင့်အတန်းစစ်ဆေးရာတွင် ဆက်နွယ်နေသည့် ဥပဒေပိုင်းဆိုင်ရာ လုပ်ငန်းစဉ်ကိုလွယ်ကူချောမွေ့ သွားစေလိမ့်မည်ဟုမစ္စတာအက်ဒီဆွန်က ပြောကြားသည်။


                                                


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

International Media
Document

Snapshot of the item below:
International Media

နိုင်ငံတကာသတင်းများ

(15 Sep 2013 ရက်စွဲပါ The Diplomat မှ Joshua Kurlantzick ရေးသားသော Myanmar Facing massive inflation before economy really gets going ကိုဘာသာပြန်ဆိုသည်)

(AFP မှ 14 Sep 2013 ရက်စွဲပါ “Suu Kyi says constitution changes crucial” သတင်းကို ဘာသာပြန်ဆိုသည်)


မြန်မာနိုင်ငံတွင်  စီးပွားရေးမတိုးတက်မီ ဈေးနှုန်းကြီးမြင့်မှုကို ကြုံတွေ့နေရ

(15 Sep 2013 ရက်စွဲပါ The Diplomat မှ Joshua Kurlantzick ရေးသားသော Myanmar Facing massive inflation before economy really gets going ကိုဘာသာပြန်ဆိုသည်)

AFP က ယမန်နေ့က Straits Times တွင်ရေးသားထားသော ဆောင်းပါးတိုလေးတစ်ခုသည် ဆီးရီးယားနှင့် ဖိလစ်ပိုင်မှ သဘောတူညီမှု မရခြင်း ကိစ္စများကြားတွင် ပျောက်နေသော်လည်း စာရေးသူ၏ အာရုံကို အတော် ဆွဲဆောင်နိုင်သည်ကို တွေ့ရပါသည်။ ဆောင်းပါးခေါင်းစဉ်မှာ “ဈေးကြီးသောရန်ကုန်မှ ဆင်းရဲသားများနှင့် အိုးမဲ့အိမ်မဲ့များ (Poor and Homeless in costly Yangon)” ဖြစ်ပြီး မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် နိုင်ငံရေးအဖွင့်တွင် ရန်ကုန်၌ အရည်အသွေး ရုံးခန်းများ၊ နေအိမ်ခန်းများနှင့် စက်ရုံနေရာများ ရှားပါးခြင်း၊ အိမ်ခြံမြေငှားရမ်းခများ မိုးထိမြင့်နေခြင်းများကို ဖော်ပြထားပါသည်။ AFP က ခန့်မှန်းရာတွင် ရန်ကုန်၏မြေဈေးများသည် ၂၀၁၀ မှစ၍ တက်လာရာ တစ်ပေပတ်လည် လျှင် ငွေကျပ်ခုနှစ်သိန်း (ဒေါ်လာ ၇၀၀) ခန့်ရှိနေပြီး ပို၍ချမ်းသာပြီး၊ ၂၄ နာရီရေမီးနှင့် ခေတ်မီပံ့ပိုးမှုများ ရရှိနိုင်သည့် ဘန်ကောက်နှုန်းထက်များနေပါသည်ဟု ဆိုပါသည်။ အခြားဆောင်းပါးများက ရန်ကုန်မြို့လယ်တွင် အိမ်ခြံမြေငှားရမ်းခမှာ တစ်ပေပတ် လည်ကျပ်ဆယ်သိန်း (ဒေါ်လာ ၁၀၀၀) ကျော်ရှိနေရာ၊ Manhattan ထက်ငှားရမ်းခဈေးကြီးနေသည်ဟု ဆိုကြပါသည်။

လွန်ခဲ့သော သုံးပတ်အတွင်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် စဉ်းစားနေသော (သို့) ရင်းနှီးမြှုပ်နှံနေကြသော အမေရိကန်နှင့် ဂျပန်ကုမ္ပဏီများမှ အမှုဆောင်အချို့နှင့် စကားပြောခဲ့ရာ၊ စာရေးသူအတွက် ရန်ကုန်မှ အိမ်ခြံ မြေဈေးများ၏ သဘာဝမကျမှုကို ပိုမိုခိုင်မာခဲ့စေပြီး၊ စာရေးသူ၏ မကြာမီက သွားရောက်ခဲ့စဉ်ကလည်း အဆိုပါ သဘာဝမကျမှုကို မြင်တွေ့ခဲ့ရပါသည်။ အချို့လန်ဒန်ပုံစံ ငှားရမ်းခရှိနေသော အချို့အိမ်ခြံမြေများမှာ သံကူကွန်ကရစ် အဆောက်အဦးမျှသာဖြစ်ပြီး ပုံမှန်အသုံးပြုမှုပင် ရှိပုံမပေါ်ပေ။ သို့သော် စိတ်ပျက်ဖွယ် ဆောင်းပါးက ဖော်ပြထားသော အချက်မှာ ငှားရမ်းခများ မိုးထိုးနေခြင်းသည် ရင်းနှီးမြှုပ်နှံမှုများကို အဟန့်တားမြစ်ခြင်း၊ ရန်ကုန်မြို့သို့ လာရောက်လုပ်ကိုင် ကြသော နယ်ခံမဟုတ်သူ မန်နေဂျာများ ရန်ကုန်မှ နှင်ထုတ်သကဲ့သို့ ဖြစ်ရပါသည်။ ပိုင်ရှင်များကလည်း ၎င်းတို့၏ တိုက်ခန်း (သို့) အဆောက်အအုံကို လာရောက်ရင်းနှီးမြှုပ်နှံသူအသစ်များကို ငှားရမ်းခဈေးကြီးကြီးဖြင့် ငှားရမ်းနိုင်မည်ဟု သဘောပေါက်နေကြပါသည်။

တစ်ဦးချင်း GDP ဒေါ်လာ ၁၃၀၀ ခန့်သာရှိသော ရန်ကုန်တွင် နေအိမ်ကို စွန့်ခွာရသူ မည်မျှရှိမည် ဆိုသည်ကို ခန့်မှန်းရန် မလွယ်ကူပေ။ သို့သော် အစိုးရသည် ငှားရမ်းခဈေးကြီးနေမြင့်နေမှုနှင့် သာမန်မြန်မာလူမျိုးများအပေါ် သက်ရောက်မှုများကို စတင်စိုးရိမ်လာပြီး အခြေပစ္စည်းအခွန်နှုန်းထားသစ် ချမှတ်ရန် စဉ်းစားလျက်ရှိပါသည်။ သမ္မတရုံးမှ အကြံပေးအများစုက ယခုကဲ့သို့ ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်နေသည့် အစောပိုင်းအဆင့်တွင် ထိုကဲ့သို့ သော အိုင်ဒီယာကို မနှစ်သက်ကြပေ။ သို့သော် မြန်မာနိုင်ငံသည် ၁၉၉၀ ခုနှစ်များက ကမ္ဘောဒီးယားနိုင်ငံတွင် ဖြစ်ပျက်ခဲ့သည်မျိုးဖြစ်ရန် အန္တရာယ်ကြီးသည့် အဆင့်တွင်ရှိနေပါသည်။ ထိုစဉ်က ကမ္ဘောဒီးယားတွင် ကြီးမား သောရင်းနှီးမြှုပ်နှံမှုများ၊ လာရောက်အလုပ်လုပ်ကိုင် သူများကြောင့် ငှားရမ်းခဈေးနှုန်းများ တက်လာသည်သာ မက နေ့စဉ်လိုအပ်ချက်များ ဈေးမြင့်တက်လာခြင်းတို့ကြောင့် သာမန်ကမ္ဘောဒီးယားလူမျိုးများစွာကို မြို့တော်မှ မောင်းထုတ်သကဲ့သို့ ဖြစ်ရလေသည်။


အခြေခံဥပဒေပြောင်းလဲရေးသည် မြန်မာနိုင်ငံအတွက် လွန်စွာ အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

(AFP မှ 14 Sep 2013 ရက်စွဲပါ “Suu Kyi says constitution changes crucial” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူမ၏တိုင်းပြည်သည် လက်ရှိအခြေခံဥပဒေ သက်ရောက်မှု ရှိနေသ၍ ဒီမိုကရေစီနိုင်ငံမဖြစ်နိုင်ကြောင်း သောကြာနေ့က ဘူဒါပက်စ် တွင် ပြောကြား လိုက်ပါသည်။

ဥရောပအလယ်ပိုင်းခရီးစဉ်အတွင်း ဟန်ဂေရီနိုင်ငံ၌ သတင်းထောက်များနှင့်တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်က “အခြေခံဥပဒေအပေါ် ဖြစ်နိုင်ချေရှိသော ပြောင်းလဲမှုများနှင့် ပတ်သက်၍ ယခုနှစ်ကုန်တွင် လွှတ်တော်က ထုတ်ပြန်မည့် အစီရင်ခံစာက လက်ရှိအစိုးရ၏ ဒီမိုကရေစီကူးပြောင်းမှု မည်မျှစစ်မှန် သည်ကို ပြသလိမ့်မည် ဖြစ်ကြောင်း” ပြောကြား ခဲ့ခြင်းဖြစ်သည်။

“လာမယ့်လ အနည်းငယ်ဟာ မြန်မာနိုင်ငံရဲ့အနာဂတ်အတွက် အရမ်း အရေးကြီးပါတယ်။” ဟု သူမက ဆိုပါသည်။

ယခင်တပ်မတော်အစိုးရ လက်ထက်က ရေးဆွဲခဲ့သော အခြေခံဥပဒေသည် မိသားစုဝင်တစ်ဦးဦး ပြည်ပနိုင်ငံသား ခံယူထား သူများကို နိုင်ငံခေါင်းဆောင် မဖြစ်နိုင်အောင် တားဆီးထားသည်။

၂၀၁၅ တွင် သမ္မတရွေးပွဲဝင်လိုကြောင်း ထုတ်ဖော်ပြောဆိုထားသူ ဒေါ်အောင်ဆန်းစုကြည်က “တကယ်လို့ အခြေခံဥပဒေ ပြင်ဆင်မယ့် လှုပ်ရှားမှုတွေကို အစိုးရက အားမပေးဘူးဆိုရင်၊ စစ်မှန်တဲ့ဒီမိုကရေစီကို အစိုးရက စိတ်မဝင်စားဘူးလို့ပဲ ကောက်ချက်ချရမှာပေါ့။” ဟု သတင်းထောက်များအားပြောကြားသည်။

ရွေးကောက်ပွဲများကို သပိတ်မှောက်ခြင်းသည် ရွေးချယ်စရာနည်းလမ်းတစ်ခုလားဟု သတင်းထောက်တစ်ဦးက မေးခွန်းထုတ်မှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က “ကိုယ့်ဘက်ကဖြစ်နိုင်သမျှတံခါးတွေ ဖွင့်ပေးထားရမယ်လို့ ကျွန်မ ယုံကြည်ထား ပါတယ်” ဟု ဖြေကြားသည်။

ဟန်ဂေရီသမ္မတ ဂျာနို့စ်အေဒါ၊ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဂို့လ်နီမတ်တို့နှင့် တွေ့ဆုံပြီးနောက် ဒေါ်အောင်ဆန်းစုကြည် က သတင်းထောက်များနှင့် စကားပြောဆိုခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာကျော် မြန်မာဒီမိုကရေစီခေါင်းဆောင်သည် ယခင်တပ်မတော်အစိုးရလက်ထက်တွင် ၁၅ နှစ်ခန့် နေအိမ် အကျယ်ချုပ်ထိန်းသိမ်းခြင်းခံခဲ့ရပြီးနောက် အငြင်းပွားဖွယ် ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပပြီးချိန်တွင် လွတ်မြောက်လာ ခဲ့သည်။

သူမ လွတ်မြောက်လာချိန်သည် အာရပ်ကမ္ဘာနွေဦးတော်လှန်ရေးများနှင့် တိုက်ဆိုင်နေသောကြောင့်၊ လူထုအုံကြွမှုကို စိုးရိမ်သော အကြီးအကဲများက သူမအားနိုင်ငံရေး လွတ်လပ်ခွင့်ပေးရန် ဆုံးဖြတ်ခဲ့ပြီးနောက် ကြားဖြတ်ရွေးကောက်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိကာ ယခုအခါ အတိုက်အခံခေါင်းဆောင် လွှတ်တော် ကိုယ်စားလှယ်အဖြစ် တရားဝင်လှုပ်ရှားရပ်တည်နေခြင်း ဖြစ်သည်။

ဥရောပအလယ်ပိုင်း ခရီးစဉ်လှည့်လည်နေသော မြန်မာဒီမိုကရေစီခေါင်းဆောင်သည် ပိုလန်နိုင်ငံမှတဆင့် ဟန်ဂေရီသို့ ရောက်ရှိနေခြင်းဖြစ်ပြီး စနေနေ့တွင် ချက်ရီပတ်ဗလစ်သို့ ဆက်လက်ထွက်ခွာသွားသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive