Transparency Myanmar

transparency.myanmar@gmail.com

Q & C

Snapshot of the item below:
Q & C

  

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“ပြည်သူ သန်း ၆၀ အလုပ်အကိုင်နဲ့ စီးပွားရေးဖွံ့ဖြိုးမှုကိုလိုချင်ရင် စိုက်ပျိုးရေးအခြေခံတဲ့ လုပ်ငန်းတွေကို အစိုးရပိုင်းက ပိုပြီးအာရုံစိုက် အကောင်အထည်ဖော်ပေးဖို့လိုတယ်။ လယ်ယာကဏ္ဍက လူဦးရေ ၇၅ % ကို ကိုယ်စားပြုတာလေ၊ အလုပ်အကိုင်တွေ ပိုမိုပေါဖို့ဆိုရင်လည်း သက်မွေးကြောင်းဆိုင်ရာ Training တွေ များများ အကောင်အထည်ဖော် ပေးဖို့လိုတယ်။”

အောက်တိုဘာလ ၂၈ ရက်နေ့ထုတ် Flower News Journal အတွဲ (၉) အမှတ် (၄၂) တွင်ပါရှိသော “မြန်မာ့ လူဦးရေး ၆၄ ရာခိုင်နှုန်းကျော် အလုပ်လုပ်နိုင်စွမ်းရှိသော်လည်း အစိုးရက အလုပ်အကိုင် ဖန်တီးပေးမှုတွင် အားနည်းချက်များ ရှိနေဟုဆို” သတင်းမှ နိုင်ငံတော်သမ္မတအကြံပေး ဒေါက်တာအောင်ထွန်းသက် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီကို ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းပြီးလုပ်ဆောင်ခဲ့ပါတယ်။ အဲ့ဒီလို ဆောင်ရွက်တဲ့နေရာမှာ ဦးတည်ချက် သုံးရပ်ချမှတ်ခဲ့ ပါတယ်။ ဒီဘောင်အတွင်းကနေ နိုင်ငံအကျိုးစီးပွားတိုးတက်ဖို့ ဆောင်ရွက်နေတဲ့ အခါမှာ ပြည်တွင်းကဖြစ်စေ၊ ပြည်ပကဖြစ် စေ မည်သို့ပင် ဖိအားပေးမှုရှိရှိ မိမိတို့က မိမိတို့သွားမယ့်လမ်းကြောင်း အပေါ်မှာ မူတည်ပြီးတော့ ဆက်လက်ဆောင်ရွက်သွား မှာ ဖြစ်တယ်။ အောင်မြင်အောင်လည်း ကြိုးစားသွားမှာ ဖြစ်ပါတယ်။”

အောက်တိုဘာလ ၂၈ ရက်နေ့ထုတ် The Street View Journal အတွဲ (၂) အမှတ် (၄၁) တွင်ပါရှိသော “ပြည်တွင်း၊ ပြည်ပဖိအားပေးမှုများမည်မျှရှိရှိ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအား ဆက်လက်ဆောင်ရွက် မည်ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း ပြောကြား” သတင်းမှ သူရဦးရွှေမန်း၏ ပြောကြားချက် အားကောက်နှုတ်ချက်။


“အပစ်အခတ်ရပ်စဲမှုတွေကို ခိုင်မာအောင်လုပ်ဖို့က အရေးကြီးတယ်။ နိုင်ငံရေးဆွေးနွေးပွဲတွေကို သွားတဲ့အခါ ဟိုမှာ ဆွေးနွေးနေတယ်။ ဒီမှာ သတ်နေတယ်ဆိုရင် အများကြီးထိခိုက်တယ်။ ဒါ့ကြောင့် အပစ်အခတ်ရပ်စဲရေး စာချုပ်ကို နိုင်ငံ တကာရှေ့မှာ တရားဝင်ချုပ်တယ်ဆိုရင် ပိုကောင်းမယ်။”

အောက်တိုဘာလ ၃၀ ရက်နေ့ထုတ် မြန်မာပို့စ် ဂျာနယ် အတွဲ (၅) အမှတ် (၄၃) တွင်ပါရှိသော  “အပစ်အခတ် ရပ်စဲရေးစာချုပ်များမှာ ခိုင်မာမှုမရှိဟု မြန်မာ့ငြိမ်းချမ်းရေးစင်တာမှ ဒါရိုက်တာတစ်ဦး ဝန်ခံ” သတင်းမှ ဒါရိုက် တာ ဦးအောင်နိုင်ဦး ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“နိုင်ငံမှာက တပ်မတော်ရဲ့အခန်းကဏ္ဍက အရေးကြီးတယ်။ မြန်မာ့နိုင်ငံရေးမှာက တိုင်းပြည်ရဲ့အာဏာကို စစ်တပ်က အကြိမ်ကြိမ်သိမ်းတယ်လေ။ တပ်မတော်ဟာ မြန်မာနိုင်ငံရဲ့ဒီမိုကရေစီကူးပြောင်းတဲ့ကာလမှာ အင်မတန်ကို အရေးကြီးတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးမှာ ဒီမိုကရေစီ လူထုခေါင်းဆောင်တစ်ယောက် ဖြစ်တဲ့အတွက် မြန်မာ့ဒီမိုကရေစီခေါင်းဆောင်တစ်ဦးနဲ့ ကာချုပ်တို့ဟာ ဆုံတွေ့သင့်တယ်။ ဒီမိုကရေစီအပြောင်းအလဲအတွက် ဒီတပ်မတော် ခေါင်းဆောင်တွေကလည်း နိုင်ငံရေးနယ်ပယ်ထဲကို ရောက်လာတာရှိပါတယ်။ သမ္မတကြီး၊ လွှတ်တော် ဥက္ကဋ္ဌကြီး တို့ရှိပါတယ်။ သူတို့တွေလည်း ပြုပြင်ပြောင်းလဲရေးမှာပါဝင် လာပြီ၊ ငြိမ်းချမ်းရေးဖြစ်စဉ်မှာပဲဖြစ်ဖြစ်၊ အခြေခံဥပဒေ ပြင်ဆင်ရေးမှာပဲဖြစ်ဖြစ်၊ အဓိက Key Players တွေ တွေ့ဆုံဖို့လိုလာပြီ။ သူတို့နှစ်ဦးရဲ့ တွေ့ဆုံမှုဟာ အခြေခံဥပဒေပြင်ဆင် ရေး၊ လက်ရှိနိုင်ငံရေး ပြုပြင်ပြောင်းလဲမှု၊ ငြိမ်းချမ်းရေး အဆင်ပြေချောမွေ့မှုတွေ ဖြစ်လာဖို့ သူတို့ နှစ်ဦးရဲ့ တွေ့ဆုံမှုဟာ ရလဒ်ကောင်းတစ်ခု ဖြစ်လာမှာပါ။”

 အောက်တိုဘာလ ၂၈ ရက်နေ့ထုတ် Messenger Journal အတွဲ (၄) အမှတ် (၂၃) တွင် ပါရှိသော  “သူတို့တွေ့ဆုံ ဆွေးနွေးဖြစ်မယ် ဆိုရင်” ဆောင်းပါးမှ ဦးဖြိုးမင်းသိန်း (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) ၏ ပြောကြားချက် အား ကောက်နှုတ်ချက်။


“ပြည်တွင်းစစ်ရဲ့ အဓိကက သံသယပဲ။ အဲဒီ သံသယကို ချေဖျက်နိုင်အောင် ပွင့်လင်းမြင်သာမှုနဲ့ သဘောထားကြီးမှုတွေလို အပ်တယ်။ ဒါတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ထည့်သွင်းရမယ်။ ပြည်တွင်းစစ်၊ အာဏာရှင် အုပ်ချုပ်ရေး ဒါတွေအကုန်လုံး က ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံပြီးပေါ်လာတာပဲ။ ဒီအခြေခံပြဿနာကို ဖြေရှင်းနိုင်ဖို့  လိုပါတယ်။”

အောက်တိုဘာလ ၂၈ ရက်နေ့ထုတ် Weekly Eleven Journal အတွဲ (၃) အမှတ် (၉) တွင် ပါရှိသော “ပြည်တွင်းစစ်မီး အပြီးသတ်ငြိမ်းနိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် လိုအပ်ကြောင်း ဧရာဝတီ တိုင်းဒေသကြီး NLD ပါတီဥက္ကဋ္ဌပြောကြား” သတင်းမှ NLD ပါတီဧရာဝတီတိုင်းဒေသကြီး ဥက္ကဌ ဒေါက်တာ မျိုးညွန့် ၏ပြောကြားချက်အားကောက်နှုတ်ချက်။


 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

International Media (1)

Snapshot of the item below:
International Media (1)

နိုင်ငံတကာသတင်းများ

၂၀၁၅ တွင် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံဖြတ်ကျော်ရထားလမ်းစီမံကိန်း ပြီးဆုံးမည်

(New Indian Express မှ 28 Oct 2013 ရက်စွဲပါ Inida-Thailand road link by 2015 ကိုဘာသာပြန်ဆိုသည်)

ကီလိုမီတာ ၁၆၃၂ ရှည်လျားပြီး ဒေါ်လာသန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံထားသော အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ ဖြတ်ကျော်အဝေးပြေး မီးရထားလမ်းစီမံကိန်းမှာ လာမည့် ၂၀၁၅ ခုနှစ်တွင်ပြီးဆုံးမည်ဖြစ်ပြီး အာရှနိုင်ငံများအကြား ကုန်သွယ်ရေးနှင့် စီးပွားရေးလုပ်ငန်းများကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Anil Wadhwa ကပြောကြားသည်။

ဘင်္ဂလားပင်လယ်အော်ဒေသ ကဏ္ဍပေါင်းစုံဆိုင်ရာ နည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မူဘောင်အရ အဆိုပါ သုံးနိုင်ငံဖြတ်ကျော် မီးရထားလမ်းစီမံကိန်းတွင် အိန္ဒိယနိုင်ငံဘက်မှ ဒေါ်လာ ၂၅၈ သန်းရင်းနှီးမြှုပ်နှံထားပြီး ဖြစ်ကြောင်း သံအမတ်ကြီး Anil Wadhwa က IANS သတင်းဌာနသို့ ပြောကြားသည်။

“မီးရထားလမ်းတစ်လျောက်မှာ တံတားပေါင်း ၇၁ စင်းကို ကျွန်တော်တို့တည်ဆောက်လျက်ရှိပါတယ်။

မီးရထားကွန်ယက် စတင်ထူထောင်ဖို့ မြန်မာနိုင်ငံကို ကျွန်တော်တို့ချေးငွေသန်း ၅၀၀ ပေးထားပါတယ်”ဟု ၎င်းက ဆိုသည်။

သံအမတ်ကြီး Anil Wadhwa သည် ဘင်္ဂလားဒေ့ရှ်မှ ထိုင်းနိုင်ငံဘန်ကောက်သို့ SpiceJet လေကြောင်းလိုင်း၏ နိုင်ငံတကာ လေကြောင်းခရီးစဉ် ပျံသန်းဆိုက်ရောက်ခြင်း အထိမ်းအမှတ်အခမ်းအနားတွင် အထက်ပါအတိုင်း ပြောကြားခဲ့ ခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံနှင့် အိန္ဒိယအကြား လေကြောင်းခရီးစဉ်မှာ တစ်ပတ်လျှင် ၁၅၆ ခုရှိသည်ဟု ၎င်းကဆိုသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ အိန္ဒိယနိုင်ငံရှိ မြို့ပေါင်း ၁၀ မြို့သို့လေကြောင်းခရီးစဉ်များ ပြေးဆွဲပျံသန်းလျက်ရှိ သည်။ “အိန္ဒိယက လေကြောင်းလိုင်းတွေအတွက် အပြုသဘောဆောင်တဲ့ အနေအထားတစ်ခုဆိုရင်မမှားပါဘူး” ပာု ၎င်းကဆို သည်။

ယမန်နှစ်က ထိုင်းနိုင်ငံသို့ အိန္ဒိယနိုင်ငံမှတိုးရစ် ၁ ဒသမ ၁၅ သန်းခန့်သွားရောက်လည်ပတ်ခဲ့သည်။ တစ်ချိန်တည်း မှာပင် အိန္ဒိယနိုင်ငံသို့ လာရောက်လည်ပတ်သူ ထိုင်းတိုးရစ် ၈၈၀၀၀ ခန့်ရှိခဲ့သည်။

“ယခုနှစ်ထဲမှာလည်း တိုးရစ်ဦးရေမြင့်တက်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်”ဟု ၎င်းကဆိုသည်။

ထိုင်းသည် အိန္ဒိယအတွက် ရုပ်ရှင်ရိုက်ကူးရန် နေရာတစ်ခုဖြစ်သည်မှာ မှန်သော်လည်း လက်ရှိအနေအထားတွင် အိန္ဒိယနိုင်ငံသား များအနေဖြင့် ထိုင်းနိုင်ငံကို လက်ထပ်မင်္ဂလာပွဲများပြုလုပ်ရာ နေရာတစ်ခုအဖြစ် ရွေးချယ်လာသည့် အလေ့အထ သစ်တစ်ခုပေါ်ထွန်းလျက်ရှိကြောင်း ၎င်းကဆိုသည်။

“အဲဒီစီးပွားရေးလုပ်ငန်းတစ်ခုတည်းရဲ့တန်ဖိုးဟာ တစ်နှစ်ကို ဘတ်ငွေ ၃၀ ကနေ ၄၀ ဘီလီယံအထိရှိတယ်။ တစ်နှစ်ကို ခန့်မှန်းခြေ ၁၅ ကနေ ၂၀ ရာခိုင်နှုန်းအထိမြင့်တက်လာတယ်”ဟု သံအမတ်ကြီးကပြောကြားသည်။  


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive