Transparency Myanmar

transparency.myanmar@gmail.com

Q & C

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“အခုဆွေးနွေးပွဲကလည်း လိုင်ဇာညီလာခံကနေ မူတွေပါလာတာပဲလေ။ အခုရရှိထားတဲ့ အချက်တွေကို ပြန်ညှိကြရမှာပေါ့။ ဘားအံ့ဆွေးနွေးပွဲအတွက်လည်း ပါတာပေါ့။ တိုင်းရင်းသား လက်နက်ကိုင်တွေအားလုံးက တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး နိုင်ငံရေး ဆွေးနွေးပွဲဖြစ်မြောက်ရေး ဒါတွေကိုပဲ အဓိကထား လုပ်နေတာပါ”

ဒီဇင်ဘာလ ၁၂ ရက်နေ့ထုတ် Venus Journal အတွဲ (၅) အမှတ် (၂၀) တွင်ပါရှိသော “တိုင်းရင်းသား လက်နက်ကိုင်များ ညီလာခံ ဒုတိယအကြိမ် ကျင်းပမည်” သတင်းမှ ပဒိုစောကွယ်ထူးဝင်း ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ကြီးမားတဲ့ အပြောင်းအလဲကို ရင်ဆိုင်နေရတဲ့ကာလ ဖြစ်ပါတယ်။ IMF ဟာ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး  SMP (Start Monitor Program) ဆိုတဲ့ မြန်မာနိုင်ငံရဲ့ ငွေကြေးပေါ်လစီကို တည်ငြိမ်အောင်လုပ်မယ့်  ဖြစ်စဉ်တစ်ခုကို ဆောင်ရွက်နေပါတယ်။ ၁၂ လကြာ သဘောတူညီချက်အရ ၂၀၁၄ ဇန်နဝါရီမှာ ဒုတိယအကြိမ် ပြန်လည် သုံးသပ်မှုကို လုပ်မှာပါ။ တိုးတက်မှုရှိ၊မရှိ အာဏာပိုင်တွေနဲ့  ပြန်လည် သုံးသပ်မှာပါ”

ဒီဇင်ဘာလ ၁၀ ရက်နေ့ထုတ် ကုမုဒြာဂျာနယ် အတွဲ (၃) အမှတ် (၃၆) တွင်ပါရှိသော “မြန်မာနိုင်ငံဟာ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ရဲ့ ဒုတိယဦးစားပေးနိုင်ငံဖြစ်ပြီး အကူအညီအများဆုံး ရရှိမည်” သတင်းမှ IMF Ms.Christine Lagarde ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဖွဲ့စည်းပုံအခြေခံဥပဒေက ကောင်းတယ်။ ပြောစရာမလိုဘူး။ ပြဌာန်းထားတာတွေက မကြာသေးဘူး။ ဒီလို မျက်စိမှိတ်ပြီးတော့ လုပ်မယ်ဆိုလို့ရှိရင် အမှားတစ်ရပ်ကျူးလွန်တာဖြစ်တယ်။ နိုင်ငံတော်တည်ငြိမ်ရေးနဲ့ အေးချမ်းဖွံ့ဖြိုးမှုကို တစ်ခုမဟုတ်တစ်ခု အနှောင့်အယှက်ဖြစ်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ပြန်လည်ရေးဆွဲရေးကို ဆန္ဒ စောပြီးလုပ်ဆောင်ပါက တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေနိုင်တယ်။ ငြိမ်းချမ်းရေးအပါအဝင် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို ထိခိုက်စေတယ်”

ဒီဇင်ဘာလ ၁၂ ရက်နေ့ထုတ် News Week Journal အတွဲ (၂) အမှတ် (၁၃) တွင်ပါရှိသော “ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဖို့မလိုဘူးလို့ ပြောနေမယ်ဆိုရင် အမှားတစ်ရပ်ကျူးလွန်တာ ဖြစ်တယ်လို့ သူရဦးရွှေမန်း ကပြောကြား” သတင်းမှ သူရဦးရွှေမန်း ၏ ပြောကြားချက်အား ƞ