Transparency Myanmar

transparency.myanmar@gmail.com

Q & C

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“အစိုးရအနေနဲ့ ဒီမိုကရေစီတည်ဆောက်ချင်ရင် လွှတ်တော်အနေနဲ့ ဒီမိုကရေစီတည်ဆောက်ချင်ရင် တပ်မတော်အနေနဲ့ ဒီမိုကရေစီတည်ဆောက်တယ်ဆိုရင် သမ္မတရွေးချယ်ခွင့်ရအောင် လုပ်ပေးသင့်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ ကန့်သတ်ထားတဲ့ ကန့်သတ်ချက်တွေထဲက ၄၇ အခြေခံဥပဒေနဲ့ ၇၄ အခြေခံဥပဒေထဲမှာလဲ မပါပါဘူး။ နိုင်ငံတကာမှာလည်း ဒါမျိုးမရှိဘူး။ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားအတွက် လုပ်ပေးနိုင်တဲ့သူ၊ ပြည်တွင်းပြည်ပက လက်ခံတဲ့သူကို ပိတ်ပင်ထားရင် ဒီမိုကရေစီနိုင်ငံ မဖြစ်နိုင်ဘူး”

ဒီဇင်ဘာလ ၁၂ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ (၉) အမှတ် (၂၄) တွင်ပါရှိသော “ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရန် ရာခိုင်နှုန်း ၉၀ မကျိန်းသေဟုဆို” သတင်းမှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့် ၏ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဆက်သွယ်ဆောင်ရွက်မှုနဲ့ ပြင်ဆင်ဆောင်ရွက်မှု အချိန်လေးနည်းနည်း ထပ်ပြီးတော့  ရအောင်ဆိုပြီးတော့မှ ကျနော်တို့ ရက်ကို နည်းနည်းရွှေ့လိုက်တာ ဖြစ်တယ်။ ကျနော်တို့ ဒီဖြစ်မြောက်ရေးကော်မတီက နေပြီးတော့မှ အချိန်လေးပေါ့ ပြင်ဆင် ဆောင်ရွက်ဖို့ရော နောက်ဆက်သွယ်ဆောင်ရွက်ဖို့ပါ အချိန်နည်းနည်း  ထပ်တိုးလိုက်တာ၊ ဒါမှသာလျှင် ပိုမိုပြီးတော့မှ ထိထိ ရောက်ရောက် ပီပီပြင်ပြင် ဖြစ်မယ်ပေါ့၊ အဲ့ဒါကြောင်မို့ သူက အချိန်လေး နည်းနည်းလေးပဲ ထပ်တိုးလိုက်တာပါ”

ဒီဇင်ဘာလ ၁၂ ရက် RFA သတင်းစာမျက်နှာ တွင်ပါရှိသော “တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များ ဘားအံညီလာခံ ရက်ရွှေ့ဆိုင်း” သတင်းမှ ပဒိုမန်းမန်း ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“စာချုပ်ချုပ်ဖို့က ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သူတို့ကတော့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ပြောတဲ့အပေါ် မူတည်ပြီး အားကို တာပေါ့။ ဒါပေမယ့် စာချုပ်ချုပ်ရအောင် ကျွန်တော်တို့က ဆုံးဖြတ်ပေးနိုင်တဲ့ အဖွဲ့မှ မဟုတ်တာ။ ကျွန်တော်တို့က မြေသိမ်း တဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဒီလိုတွေရှိတယ်။ ဒီလို သုံးသပ်တယ်။ ဒီလို အကြုံပြုတယ်ဆိုပြီးတော့ပဲ အစီရင်ခံစာ ရေးခွင့်ရှိ တာပါ။ ဒီ အကြံပြုတဲ့အပေါ်မှာ လုပ်ခြင်း၊ မလုပ်ခြင်းက အစိုးရရဲ့ သဘောဖြစ်ပါတယ်။ ဒီ ကိစ္စအပေါ် ဥပဒေနဲ့အညီ ဆင်ခြင်သုံးသပ် နိုင်အောင်လို့ ကျွန်တော်တို့က အချက်အလက်တွေစုပေးတဲ့ သဘောပဲ။ ဒီအပေါ်မှာ အစိုးရက ဆုံးဖြတ်တဲ့ သဘောဖြစ်ပါတယ်”

ဒီဇင်ဘာလ ၁၂ ရက်နေ့ထုတ် စံတော်ချိန် နေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “အဆုံးအဖြတ်ပေးနိုင်တဲ့ အဖွဲ့အစည်း မဟုတ်၍ မိကျောင်းကန်ကိစ္စ ကော်မရှင်က စာချုပ်ကတိပေးရန် မဖြစ်နိုင်” သတင်းမှ ဦးအောင်သိန်းလင်း ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“အခုလို ဖမ်းလိုက်၊လွှတ်လိုက် လုပ်နေတာက ဘယ်ဟာအတွက်မှ အလားအလာမကောင်းဘူး။ အင်မတန် ဝမ်းနည်းစရာ ကောင်းတယ်။ တကယ်ဆိုရင် လွတ်ငြိမ်းချမ်းသာခွင့် ပေးပြီးမှသာလျှင် တရားရေးမဏ္ဍိုင် ယိုင်ယဲ့တာကို ပြင်ဆင်သင့်တယ်။ ပြစ်ဒဏ်နဲ့ ပြစ်မှုမမျှတတာတွေ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ခြေလှမ်းစတာတွေ လုပ်ရမှာ ဖြစ်တယ်။ ပုဒ်မ ၁၈ ၅၀၅ (ခ) ဆိုတာတွေကို ပြည်ထဲရေးက အသက်သွင်းတာ ဖြစ်တယ်။ ဒီပုဒ်မတွေ ရှိနေသမျှ နိုင်ငံရေးအကျဉ်းသားကတော့ ရှိနေမှာပဲ”

ဒီဇင်ဘာလ ၁၂ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “ဖမ်းလိုက် လွှတ်လိုက် မကြာသေးမီက ပုဒ်မ ၁၈ ဖြင့် ဖမ်းဆီးခံရသူများ အပါအဝင် နိုင်ငံရေးအကျဉ်းသား ၄၁ ဦးထပ်မံလွှတ်ပေး” သတင်းမှ နိုင်ငံရေးအကျဉ်းသား ကိုစိုးမိုးထွန်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“မြန်မာဘက်ကနေ ကုန်ကြမ်းတင်ပို့တဲ့အခါ တရုတ်အစိုးရရဲ့ အခွန်နှုန်းထားက သက်သာပြီး ကုန်ချောတင်ပို့ တဲ့အခါ အခွန်ကောက်ခံမှု ကြီးမြင့်တဲ့ အခက်အခဲရှိနေပါတယ်။ ဒါ့ကြောင့် နှစ်နိုင်ငံကုန်သွယ်မှု တိုးမြှင့်တဲ့နေရာမှာ မျှတတဲ့ကုန်သွယ်မှု ဖြစ်ဖို့ တရုတ်အစိုးရကို တောင်းဆိုပေးပြီး သက်ဆိုင်ရာဌာနတွေနဲ့ လုပ်ငန်းရှင်အသီးသီးက ဝိုင်းဝန်းကူညီ ပေးစေလိုပါတယ်”

ဒီဇင်ဘာလ ၁၂ ရက်နေ့ထုတ် Mizzima နေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “ကုန်ချောများအပေါ် စည်းကြပ် သည့် သွင်းကုန်ခွန် မျှတစွာဆောင်ရွက်ပေးရန် တရုတ်ကို မြန်မာတောင်းဆို” သတင်းမှ UMFCCI တွဲဖက် အတွင်းရေးမှူး ဦးအေးလွင် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

International media (2)

Snapshot of the item below:
International media (2)

ဘာသာပြန်သတင်းများ (၂)

(Metro News မှ 9 Dec 2013 ရက်စွဲပါ “Five things to know about Burma” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)

(The Economic Times မှ 11 Dec 2013 ရက်စွဲပါ “India Myanmar into deal to jointly combat cross-border insurgency and criminal activities” သတင်းကို ဘာသာပြန်ဆိုသည်)


မြန်မာအကြောင်းသိကောင်းစရာ ငါးချက်

(Metro News မှ 9 Dec 2013 ရက်စွဲပါ “Five things to know about Burma” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)

ယမန်နေ့မှ အဆက်..။

(၃) ခရီးလှည့်မည်

ဟိုတယ်ခန်းပေါင်း ၂ သောင်းခွဲသာရှိသော နိုင်ငံသို့ တစ်နှစ်လျှင် ခရီးသွားဧည့်သည် ၁.၅ သန်း ဝင်ရောက်နေရာ အပျံသင်စခရီးသွားလုပ်ငန်း အခြေခံအဆောက်အဦးစနစ်ဖြင့် မနိုင်မနင်းရုန်းကန် ကိုင်တွယ်နေရသည်။ ဟိုတယ်ခန်းများ ရှားပါးသည့်အပြင် ဈေးနှုန်းမြင့်ပြီး ကြိုတင်မှာယူရန် အလွန်ခက်ခဲခဲ့ သည်ဟု နာမည်ဆိုးထွက်နေသည်၊ ဤ အခြေအနေသည် ကြာကြာနေထိုင်သူ တိုးပွားလာမှုကြောင့် ယာယီသက်သာ သွားသော်လည်း ဓလေ့ထုံးတမ်းမလိုက်နာသူများကို ယခုနှစ်တွင် ပိတ်ပင်လိုက်သည်ဟု ဟိုတယ်ခရီးဝန်ကြီး ဦးဌေးအောင် က ဆိုပါသည်။

မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံသို့ ရောက်လာကြမည့် ဧည့်သည်များကမူ နိုင်ငံတစ်ပတ် ခရီးလှည့်ကြပါလိမ့်မည်။ ရွေးချယ်စရာများဖြစ်သော်လည်း မြန်မာ့ ဂန္ဒဝင်နေရာများ အသေအချာပါဝင်လိမ့်မည်။ အရူးအမူး အံ့အားသင့် စရာ ပုဂံ၊ တစ်စစီကျိုးပဲ့နေသော မင်းနေပြည်ဟောင်း မန္တလေး၊ အိမ်မက်ဆန်သော ရန်ကုန်နှင့် ဆံတော်ရှင် ရွှေတဂုံ၊ မီးတောင် ဟောင်း ပုပါး၊ သမ်းဝေနေသော အင်းလေးကန်တို့ပင် ဖြစ်သည်။

Wexas က ၁၀ ည ခရီးစဉ်အတွက် ၂၇၁၅ ပေါင် (စတာလင်ပေါင်) နှင့် Frui က ဓါတ်ပုံဝါသနာအိုးများအတွက် ရည်ရွယ်သော ၁၄ ရက်ခရီးစဉ်အတွက် အလားတူဈေးနှုန်းသတ်မှတ်ထားပြီး၊ ၁၄ ရက်ခရီးစဉ်အတွက် ၃၂၉၅ ပေါင် သတ်မှတ်ထားသော KE Adventure က မျက်နှာတွင် တက်တူးထိုးထားသော ချင်းမလေးများ နေထိုင်ရာ ချင်းတောင်သို့ သွားလည်မည့် အစီအစဉ်ထည့်သွင်းထားသည်။

နှေးနှေးကွေးကွေး တစ်စိမ့်စိမ့် လည်ချင်သူများအတွက် Orient Express က အော်ရာဆယ်လာ ဖလော်တီလာ သဘောင်္ဖြင့် ဂျော့အိုဝဲလ် စတိုင် ဧရာဝတီမြစ်တွင်း ရသ ခရီးစဉ်ကို ပေါင်စတာလင် ၃၅၆၀ ဖြင့် စီစဉ်ပေးထား သည်။ လမ်းခရီးတစ်လျှောက် နေရာကောင်းကောင်းများတွင် ကျောက်ချရပ်နား ပေးမည်ဖြစ်သည်။

(၄) စားစရာ၊ ဝါးစရာ

မြန်မာအစားအစာသည် ကြုံဖူး၊ဆုံဖူးသော အစားအသောက်မျိုးမဟုတ်သော်လည်း တရုတ်စာနှင့် ထိုင်းစာကို အချိုးညီညီပေါင်းစပ်ထားသော ပုံစံဟုဆိုနိုင်သည်။ မြန်မာ့အစားအစာအကြောင်း ရေးသားတင်ဆက်သူ မီမီအေး က အောက်ပါအတိုင်းရှာဖွေစားသောက်ရန် အကြံပြုထားသည်။

မုန့်ဟင်းခါး (စပါးလင်နှင့် ငါးခူဟင်းရည်) နန်းကြီးသုပ် (ကြက်သား၊ဆန်ခေါက်ဆွဲသုပ်)  ကြာဇံဟင်း (မီးခိုးနံသင်းသော ကြာဇံစွပ်ပြုတ်) တို့ဖြစ်ပြီး ၎င်းတို့အားလုံးကို ခေါက်ဆွဲအလုံး အချဉ် အမွှေးအကြိုင်များဖြင့် မွမ်းမံထားသည်။ မန်ကျည်းမှည့် အချဉ်ရည်ဖြင့် မြိန်မြိန်ယှက်ယှက် နှစ်၍စားရသော ပုဇွန်ကြော်၊ တို့ဟူးကြော်၊ ဘူးသီးကြော် စသော လမ်းဘေးအကြော်စုံကိုလည်း မှာစားနိုင်သည်။ မီးသွေးမီးဖြင့် ကင်သော ငုံးဥ၊ ပြောင်းဖူး ရုံးပတီသီး၊ ကြာစွယ် စသော အကင်စုံလည်း ရှိသည်။ မြန်မာတို့၏ ဖေးဖရိတ် လက်ဖက်ကိုလည် မြည်းစမ်းကြည့် သင့်သည်။ မကြုံဖူးသော်လည်း စွဲလမ်းစရာကောင်းသည်။

(၅) သင့် ပိုက်ဆံကိုမီးပူတိုက်ပါ

ငွေမဲ ခဝါချသည့် ဇာတ်လမ်းများကို အသာထား၍ မြန်မာနိုင်ငံမှ ငွေစက္ကူ (နိုင်ငံခြားသားများအတွက်) သည် ထောင်မလဲ၊ သဲကော် ကြွတ်ကြွတ်ရွရွ၊ သန့်သန့်ရှင်းရှင်း မီးပူကျစက္ကူများ ဖြစ်သည်။ AIM ငွေထုတ်စက်များကို နေရာတကာ မတွေ့နိုင်သေးပေ။ အာဏာပိုင်များကမူ အဖြစ်ဆိုး ခြောက်အိမ်မက်များကို ပြောင်းလဲပစ်ရန် ကြိုးစား နေကြသည်။ ဈေးဆိုင်အများစုက ခရက်ဒစ်ကဒ်များနှင့် တွန့်ကြေနေသော ပိုက်ဆံများကို လက်သင့်ခံ လိမ့်မည် မဟုတ်ပါ။ သင့် ပိုက်ဆံ ကို မီးပူတိုက်ဖို့ ခရီးဆောင်မီးပူတစ်လုံး ဆောင်သွားပါ။


နယ်စပ်ဖြတ်ကူးပုန်ကန်မှုနှင့် ရာဇဝတ်မှုများပူးတွဲတိုက်ဖျက်ရန် အိန္ဒိယ-မြန်မာ သဘောတူ

(The Economic Times မှ 11 Dec 2013 ရက်စွဲပါ “India Myanmar into deal to jointly combat cross-border insurgency and criminal activities” သတင်းကို ဘာသာပြန်ဆိုသည်)

အိန္ဒိယနိုင်ငံသည် နယ်စပ်ဖြတ်ကူးပုန်ကန်မှုနှင့် ရာဇဝတ်မှုများကို ပူးတွဲတိုက်ဖျက်သွားရန် မြန်မာနိုင်ငံနှင့် နယ်ခြားမျဉ်းဆိုင်ရာ သဘောတူညီမှုရရှိသွားပြီဖြစ်ရာ၊ နောက်ထပ် အိမ်နီးချင်းနိုင်ငံ ဖြစ်သော ဘင်္ဂလားဒေ့ရှ် နှင့် နယ်ခြားမျဉ်းသဘောတူညီရေးကိစ္စမှာ ပြည်တွင်းနိုင်ငံရေး ကိစ္စများနှင့် ရောထွေးကြားညှပ်နေချိန်မျိုးတွင် မြန်မာ တို့နှင့် တိုးတက်မှုတစ်ခုထွက်ပေါ် လာခြင်းပင် ဖြစ်သည်။

၎င်း  သဘောတူညီချက်ကို အိန္ဒိယပြည်ပရေးရာ ဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး၊ မြန်မာ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လတ်တလော လာရောက် လည်ပတ်နေစဉ် အတောအတွင်း ကုန်းနယ်နမိတ်နှင့် ရေပြင်နယ်နမိတ်ကိစ္စများကို ကျယ်ကျယ်ပြန့်ပြန့် ဦးတည်ဆွေးနွေးကြမည် ဖြစ်သည်။

အလည်အပတ်ရောက်ရှိနေသော မြန်မာစစ်တပ် အကြီးအကဲသည် အိန္ဒိယစစ်တပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဘီစရမ်ဆင်း၊ ကာကွယ်ရေးဝန်ကြီး အေကေ အန်တိုနီ တို့နှင့် တွေ့ဆုံမည့်အပြင် အိန္ဒိယသမ္မတ ပရာနပ်မူကာဂျီ နှင့် လည်း တွေ့ဆုံမည် ဖြစ်သည်။

နှစ်နိုင်ငံ ကာကွယ်ရေးဖက်ဆိုင်ရာ ဆက်ဆံမှုများ တိုးတက်လာခြင်းကြောင့် ယခုကဲ့သို့ သဘောတူညီမှု ရရှိခြင်း သည် ကြုံတောင့်ကြုံခဲ သတင်းကောင်းတစ်ခုဖြစ်သည်ဟု တာဝန်ရှိသူများက ပြောကြားသည်။

အိန္ဒိယနှင့် မြန်မာတို့သည် အရူနာချာ ပရာဒေ့ရှ်၊ မီဇိုရမ်၊ မဏီပူ၊ ဘေဂါတလာ ပြည်နယ်များ တစ်လျှောက် ၁၆၀၀ ကီလိုမီတာခန့် ကုန်းနယ်နမိတ်ချင်း ထိစပ်နေသည့်အပြင် ရေပြင်နယ်နမိတ်ခြင်းလည်း ဆက်စပ်နေသည်။

ယခုအခါ မြန်မာနိုင်ငံနှင့် ကုန်းနယ်နမိတ်မျဉ်းအများစုကို ခွဲခြားသတ်မှတ်ပြီးနေပြီဟု တာဝန်ရှိသူများက ရှင်းလင်း ပြောကြားသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive