Transparency Myanmar

transparency.myanmar@gmail.com

Q & C

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“လွှတ်တော်ထဲမှာ အုပ်ချုပ်ရေးပိုင်းတွေမှာ တရားစီရင်ရေးအပိုင်းတွေမှာ လူကောင်းတွေ တကယ်လိုပါတယ်။ ဒီကနေ့ ကြိုးစားကြတဲ့ အထဲမှာ သုတေသနနဲ့ လေ့ကျင့်ရေးလုပ်ငန်းတွေကို ကျွန်တော်တို့ မျက်စိကျမိပါတယ်။ ကိုယ်လုပ်နိုင်တာ မလုပ်နိုင်တာ အပထား။ လုပ်နိုင်တဲ့လူတွေကို အားပေးရမယ်။ စနစ်တကျနဲ့ လုပ်ရတဲ့ ကိစ္စတွေဖြစ်နေတယ်။ ရုံးခန်းတွေ ဖွင့်ပြီး သုတေသနလုပ်မယ်။ သင်တန်းတွေပေးမယ်။ ဟန်ချက်ညီဖို့ လိုတယ်လို့ ယူဆတယ်။ လုပ်နိုင်တဲ့လူကလုပ်ပြီး တစ်ဖက်ကလည်း အားပေးဖို့လိုပါတယ်။ ဒီသုတေသနက ရလာတဲ့အချက်တွေကို ပြည်သူသိဖို့ ယျေဘုယျအားဖြင့် အများစုက သတင်းဆန်းတဲ့ ဂျာနယ်၊ ရသဆန်တဲ့ ဂျာနယ်၊  သတင်းဌာနတွေက ထူးခြားတဲ့ စာပေတွေကို တောင်းတ တတ်ကြပါတယ်။ အဲဒီထူးခြားတဲ့ သတင်းတင်မကဘူး။ ဖြစ်ပျက်သမျှတွေကို ပြန်သုံးသပ်ပြီး စနစ်တကျချဉ်းကပ်ပြီး သုတေသနလုပ်ထားတာကို ပြန်ပြီးအနှစ်ချုပ်ပြောပြတာတွေကို ပြည်သူတွေနဲ့ ယဉ်ပါးသွားအောင် ဖြစ်စေချင်တယ်”

ဖေဖော်ဝါရီ ၂၈ ရက်နေ့ထုတ် NEWSWATCH အတွဲ(၈) အမှတ်(၃၉) ဂျာနယ်တွင်ပါရှိသော “အစိုးရ၏ ဘတ်ဂျက် အသုံးပြုမှု opI က ယခုနှစ်အတွင်း အစီရင်ခံစာထုတ်ပြန်မည်” သတင်းတွင် ပွင့်လင်းလူအဖွဲ့ အစည်းမှ ကိုမင်းကိုနိုင်၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“တပ်မတော် သဘောထားက အဓိကဗျ။ အပေါ်ကဘယ်လောက်ပဲ ပြောနေပြောနေ တပ်မတော်က အောက်ခြေမှာ အပစ်မ ရပ်ရင် လုံးဝငြိမ်းချမ်းဖို့ မလွယ်သေးသလို လက်ရှိပြောပြောနေတဲ့ ပြည်ထောင်စုတပ်မတော် ဖြစ်ဖို့ကလည်း အလှမ်းဝေး နေပါသေးတယ်”

ဖေဖော်ဝါရီ ၂၈ ရက်နေ့ထုတ် မွန်းတည့်နေ အတွဲ ၂၊ အမှတ် (၁၀)၊ ဂျာနယ်တွင်ပါရှိသော “တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲနိုင်ရေး ခက်ခဲနေဦးမည်ဟု တိုင်းရင်းသားခေါင်းဆောင်အချို့ ပြောဆိုမှုများရှိလာ” သတင်းတွင် ကေအိုင်အေ အကြံပေး ဦးအောင်ကျော်ဇော၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက တာဝန်ယူပေးနိုင်တဲ့နေရာအားလုံးကို ကျွန်မတို့ ကောက်သွား ပါမယ်။ ကျွန်မတို့ဘက်က လူလွှတ်လို့ အဆင်မပြေဘူးဆိုရင် သူတို့ဘက်က တာဝန်ယူပြီးတော့ စာရင်းစစ် စာရင်းကောက်ကို တာဝန်ယူပြီးတော့ ကောက်ပေးမယ်ဆိုရင်လည်း ကျွန်မတို့ဘက်က လက်ခံပြီး ညှိနှိုင်းပြီး ဆောင်ရွက်သွားပါမယ်။ ကျွန်မတို့ဘက်က သင်တန်းတွေပေးပါမယ်။ လိုအပ်တဲ့ ထောက်ပံ့မှုတွေ ပေးပြီး ကောက်ယူသွားမှာ ဖြစ်ပါတယ်။ နေရာအားလုံး တစ်နိုင်ငံလုံးကို ကောက်ယူသွားမှာပါ”

ဖေဖော်ဝါရီ ၂၈ ရက်နေ့ထုတ် Daily Eleven သတင်းစာတွင်ပါရှိသော “ပဋိပက္ခဖြစ်ပွားရာဒေသများ၌ သန်းခေါင်စာရင်း ကောက်ယူနိုင်ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ညှိနှိုင်းနေဆဲဖြစ်” သတင်းတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါ် ခိုင်ခိုင်စိုးပြောကြားချက်အား ကောက်နှုတ်ချက်။


“ဒါက လွှတ်တော်နဲ့ မဆိုင်လှဘူးဗျ။ သမ္မတပို့တာက ဥပဒေကြမ်းမဟုတ်သလို ဒီလိုလွှတ်တော် ဥပဒေတွေကို လွှတ်တော်ကို ပုတ်သလိုမျိုးဖြစ်နေတာ။ အရင်တုန်းကပို့တဲ့ ဥပဒေတွေမှာ မူကြမ်းတွေရေးပို့တယ်။ ဒါကိုလွှတ်တော်က အတည်ပြုဖို့ လုပ်ရတာ ခုဟာကလွဲနေလို့ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ပြန်လည်စီစစ်ဖို့ လွှတ်တော်နာယက သမ္မတဆီကို သဝဏ်လွှာကို ပြန်ပို့လိုက်တာ”

ဖေဖော်ဝါရီ ၂၈ ရက်နေ့ထုတ် ပြည်မြန်မာသတင်းစာတွင် ပါရှိသော “အမျိုးဘာသာသာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး ဥပဒေများရေးဆွဲရန် အစိုးရနှင့် လွှတ်တော်တစ်ဖက်နှင့် တစ်ဖက် ပုတ်ချသကဲ့သို့ ဖြစ်နေ” သတင်းတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“အစိုးရလုပ်ရပ်တွေကို ကောင်းတာတွေ ထောက်ခံပြီး မကောင်းတာတွေ ကန့်ကွက်ရမယ်။ တစ်ချိန်လုံးတော့ ကန့်ကွက်နေစရာ မလိုပါဘူး။ အရေးကြီးတာကတော့ ပါတီကြီးတစ်ခုတည်းက အစိုးရရော၊ လွှတ်တော်မှာပါ အားကောင်းရင်တော့ တစ်ပါတီ အာဏာရှင်စနစ်ကို ဦးတည်နေတာပါ”

ဖေဖော်ဝါရီ ၂၈ ရက်နေ့ထုတ် Trade Times အတွဲ ၂၊ အမှတ် ၉၈၊ ဂျာနယ်တွင်ပါရှိသော “အတွေ့အကြုံ နည်းပါသဖြင့် လစ်ဟာမှုများရှိခဲ့” သတင်းတွင် ဝါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်း၏ ပြောကြားချက် အား ကောက်နှုတ်ချက်။


International media (1)(13).jpg


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment