Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document CURRENT NEWS

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1.  ပြည်ထောင်စုလွှတ်တော်မှ ဥပဒေသုံးခုပြဋ္ဌာန်းကြောင်း ထုတ်ပြန်ကြေညာ
  2. တပ်မတော်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်နိုင်ဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်
  3. ၂၀၁၅ ရွေးကောက်ပွဲတွင် အချိုးကျကိုယ်စားပြုစနစ်ကျင့်သုံးပါက ကန့်ကွက်မည်

ပြည်ထောင်စုလွှတ်တော်မှ ဥပဒေသုံးခုပြဋ္ဌာန်းကြောင်း ထုတ်ပြန်ကြေညာ

ပြည်ထောင်စုလွှတ်တော်မှ ၂၀၁၃ ခုနှစ် အနည်းဆုံးအခကြေးငွေဥပဒေ၊ နိုင်ငံတော်ကောက်ပဲသီးနှံ ရောင်းဝယ်ရေး အဖွဲ့အက်-ဥပဒေကို ရုတ်သိမ်းသည့်ဥပဒေနှင့် ၁၉၄၅ ခုနှစ်ရွှေ့ပြောင်းနိုင်သော ပစ္စည်းအုပ်ထိန်းသူအက်ဥပဒေကို ရုတ်သိမ်း သည့် ဥပဒေသုံးခုအား ထုတ်ပြန်ကြေညာလိုက်ကြောင်း မတ်လ ၂၄ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ထုတ်ပြန် ကြေညာခဲ့သည်။

မြန်မာနိုင်ငံအတွင်းရှိ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းတို့တွင် လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော အလုပ်သမားများနှင့် ၎င်းမိသားစုတို့၏ အခြေခံလိုအပ်ချက်များ ပြည့်မီနိုင်စေရန် ၂၀၁၃ ခုနှစ် အနည်းဆုံးအခကြေးငွေဥပဒေကို ပြဋ္ဌာန်းထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါဥပဒေတွင် နိုင်ငံတော်သမ္မတမှ အနည်းဆုံးအခကြေးငွေသတ်မှတ်နိုင်ရန် သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အလုပ်သမားကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာပညာရှင်များ ပါဝင်သည့် အမျိုးသား ကော်မတီကိုဖွဲ့စည်းပေး၍ အဆိုပါကော်မတီမှ အနည်းဆုံးအခကြေးငွေဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်သက်ဆိုင်စေမည့် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများအတွက် မြန်မာ တစ်နိုင်ငံလုံးတွင် အမိန့်ကြော်ငြာထုတ်ပြန်၍ အနည်းဆုံးအခကြေးငွေကို သတ်မှတ်ချက်များနှင့်အညီ သတ်မှတ်ပေးရမည်ဖြစ် ကြောင်း ဖော်ပြပါရှိသည်။

အလုပ်သမားများ အနေဖြင့်လည်း အနည်းဆုံးအခကြေးငွေ ဥပဒေအရပြဋ္ဌာန်းထားသော အခကြေးငွေသော် လည်းကောင်း၊ အလုပ်နှစ်ခု(သို့) နှစ်ခုထက်ပိုသော အလုပ်ကိုလုပ်ကိုင်သည့်အခါမျိုးတွင် အလုပ်အသီးသီးအတွက် အနည်းဆုံး အခကြေးငွေထက်မနည်းစေဘဲ ခံစားခွင့်ရှိသည့်အပြင် သတ်မှတ်ထားသည့် အနည်းဆုံးအခကြေးငွေကို အမျိုးသား၊ အမျိုးသမီး ခွဲခြားမှုမရှိ ဘဲ ဆက်ခံခွင့်ရှိကြောင်း သိရသည်။

အလုပ်ရှင်များအနေဖြင့် အမျိုးသားကော်မတီမှ သတ်မှတ်ပေးထားသည့် အနည်းဆုံး အခကြေးငွေအောက် လျော့ နည်း၍ အလုပ်သမားများအား လုပ်ခငွေကြေးပေးချေခြင်း၊ အနည်းဆုံးအခကြေးငွေမှ နုတ်ယူရန်သတ်မှတ်ထားသည့် အခ ကြေးငွေထက် ပိုမိုနုတ်ယူခြင်းတို့ကို ပြုလုပ်ရမည်မပာုတ်ကြောင်း ဥပဒေတွင် တားမြစ်ထားသည်။

ထို့ပြင် ပြည်ထောင်စုလွှတ်တော်မှ နိုင်ငံတော်ကောက်ပဲသီးနှံရောင်းဝယ်ရေးအဖွဲ့ အက်ဥပဒေ(၁၉၅၀ ပြည့်နှစ် အက်ဥပဒေအမှတ် (၅၇)နှင့် ၁၉၄၅ ခုနှစ်ရွှေ့ပြောင်းနိုင်သော ပစ္စည်းအုပ်ထိန်းသူအက်ဥပဒေ နှစ်ခုတို့အား ရုတ်သိမ်း လိုက်ကြောင်း မတ်လ ၂၃ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ပြဋ္ဌာန်းချက်အား ထုတ်ပြန်ကြေညာခဲ့သည်။

YC


တပ်မတော်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်နိုင်ဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်

လာမည့် မတ်လ ၂၇ ရက်နေ့တွင်ကျရောက်မည့် တပ်မတော်နေ့နှင့် အခြားအထိမ်းအမှတ်နေ့များတွင် နိုင်ငံတော် အစိုးရမှ လက်ရှိအကျဉ်းထောင်အတွင်းရှိ ကျန်ရှိ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးနိုင်ဖွယ်ရှိကြောင်း ပြင်ပတွင်သတင်းများ ထွက်ပေါ်လျက် ရှိသည်။

မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ လက်ကျန်နိုင်ငံရေး အကျဉ်းသားများစာရင်းအား ပြန်လည်စီစစ်ရာတွင် အကျဉ်းထောင် အတွင်း ရှိဆဲနိုင်ငံရေးအကျဉ်းသား ၂၀၀ နီးပါးတွေ့ရှိရပြီး စာရင်းပျောက်ဆုံးလျက်ရှိသည့် နိုင်ငံရေးအကျဉ်းသား ၁၆၆ ဦး ရှိကြောင်း နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ ဇန်နဝါရီလ ၆ ရက်နေ့တွင် ဖွဲ့စည်းပေးခဲ့သည့် လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီမှ စိစစ်ရွေးချယ်ထားသည့် လက်ကျန်နိုင်ငံရေးအကျဉ်းသားများ၏ စာရင်းကို နိုင်ငံတော် သမ္မတထံသို့ တင်ပြထားကြောင်း သိရသည်။ ထိုသို့ နိုင်ငံရေးအကျဉ်းသားများ စိစစ်ရွေးချယ်ရာတွင် မြန်မာနိုင်ငံသား မည်သူမဆို နိုင်ငံရေးယုံကြည်မှုအတွက် တက်ကြွစွာလှုပ်ရှားသူများ၊ နိုင်ငံရေး ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် ဆောင်ရွက်ခဲ့သူများ၊ နိုင်ငံရေး ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူများ၊ အာဏာပိုင်အဖွဲ့အစည်းများမှ နိုင်ငံရေးအရ ပုဒ်မတပ်အရေးယူထားသူ မည်သူ့ကိုမဆို နိုင်ငံရေးအကျဉ်းသားပာု သတ်မှတ်၍ ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံရေးအကျဉ်း သားများ စိစစ်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် နိုင်ငံရေးအကျဉ်းသားပောာင်းများ၏ စာရင်းအား ပြန်လည်စိစစ်ရာတွင် ပြည်တွင်းပြည်ပ အဖွဲ့ အစည်းများ၏ စာရင်းများမှာ ကွဲပြားခြားနားလျက်ရှိကြောင်း သိရသည်။

YC


၂၀၁၅ ရွေးကောက်ပွဲတွင် အချိုးကျကိုယ်စားပြုစနစ်ကျင့်သုံးပါက ကန့်ကွက်မည်

လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် အချိုးကျစနစ်ကို ကျင့်သုံးပါက ယခင် ကျင်းပခဲ့သော ၂၀၁၀ ရွေးကောက်ပွဲကဲ့သို့ တိုင်းရင်းသားပါတီများ အနေဖြင့် ရွေးကောက်ပွဲအနိုင်ရရန် ခက်ခဲနိုင်ပြီး လွှတ်တော်အတွင်းတိုင်းရင်းသား ကိုယ်စားလှယ်များ မပါဝင်နိုင်မည်ကို စိုးရိမ်သည့်အတွက် အဆိုပါစနစ်ကျင့်သုံးပါက  NLD နှင့်တိုင်းရင်းသားပါတီများက ကန့်ကွက် သွားမည် ဖြစ်ကြောင်း သိရသည်။

အချိုးကျကိုယ်စားပြုစနစ်(PR)ဆိုသည်မှာ မဲဆန္ဒရှင်ပြည်သူများမှ ပါတီကိုမဲပေးရွေးချယ်ရခြင်းဖြစ်ပြီး မဲရရှိသော ရာခိုင်နှုန်းအလိုက် သက်ဆိုင်ရာပါတီများက မိမိပါတီဝင်များထဲမှ လွှတ်တော်ကိုယ်စားလှယ်များကို ရွေးချယ်စေလွှတ်သော စနစ် ဖြစ်သည်။

ထို့ပြင် လာမည့် မတ်လ ၂၈ ရက်နေ့တွင် နိုင်ငံရေးပါတီများ အားလုံးနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တို့ နေပြည်တော်၌တွေ့ဆုံရန် ဖိတ်ကြားထားပြီး အဆိုပါတွေ့ဆုံပွဲတွင် အချိုးကျကိုယ်စားပြုစနစ်ကို ဆွေးနွေးဖွယ်ရှိသည့်အတွက် နိုင်ငံရေးပါတီများမှ ကန့်ကွက်သွားမည်ဖြစ်ကြောင်း တိုင်းရင်းသားပါတီ ခေါင်းဆောင်များမှ ပြောကြားခဲ့သည်။

အင်အားကြီးပါတီများနှင့် တန်းတူယှဉ်ပြိုင်အရွေးခံနိုင်ရန်အတွက် တိုင်းရင်းသား ပါတီ ၁၃ ဖွဲ့ ပူးပေါင်းဖွဲ့စည်း ထားသည့် ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်းအနေဖြင့်လည်း ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိကြောင်း ယင်းညီနောင် တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်းတွင် ပါဝင်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ တွဲဖက် ဘဏ္ဍာရေးမှူး ဦးစောသန်းမြင့်က ပြောကြားသွားခဲ့သည်။

အချိုးကျကိုယ်စားပြုစနစ် (PR) ကို ဦးစံလှ (ရခိုင်တိုင်ရင်းသားများတိုးတက်ရေးပါတီမှ ဗဟိုကော်မတီဝင်)၊ ဦးဟန်သာမြင့်(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်) နှင့်ဦးစောအောင်ကြည်စိုး(ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ ဒုဥက္ကဌ) တို့ကလည်း လက်မခံဘဲ ကန့်ကွက်မည်ဟုပြောကြားခဲ့ကြောင်းသိရသည်။

YC


 

 

 

 

 

        

 

 

 

   


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

WEEK IN ECONOMIC
Document WEEK IN ECONOMIC

Snapshot of the item below:
WEEK IN ECONOMIC

တစ်ပတ်အတွင်း မြန်မာ့စီးပွားရေးသတင်းဖြစ်စဉ်

သတင်းအဖွဲ့

တစ်ပတ်အတွင်း စီးပွားရေးသတင်းများကို ပြည်သူများ သိစေရန်အလို့ငှာ Yangon Chronicle မှ ဖော်ပြလိုက်ပါ သည်။

စီးပွားရေးဆိုင်ရာ ဆွေးနွေးမှုများ

မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလက်မှုရှင်များအသင်းနှင့် ဂျပန်နိုင်ငံ Small and Medium Enterprise Agency တို့ပူးပေါင်း၍ ပြည်တွင်းအသေးစား၊ အလတ်စား၊ ကုမ္ပဏီများနှင့် ဂျပန်အသေးစား၊ အလတ်စား လုပ်ငန်းရှင် များတို့သည် မတ်လ ၂၃ ရက်နေ့တွင် UMFCCI Office Tower ပထမထပ်တွင် ဆွေးနွေးပွဲတစ်ရပ် ပြုလုပ် ဖြစ်သည်။ ဆွေးနွေးပွဲသို့ဂျပန်မှ ဆောက်လုပ်ရေးလုပ်ငန်းများ ၊စက်ရုံသုံးစက်ပစ္စည်း ထုတ်လုပ်မှုလုပ်ငန်း၊ အထည်ချုပ် လုပ်ငန်း၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ သတင်းအချက်အလက် နှင့်နည်းပညာလုပ်ငန်းများမှ ကိုယ်စား လှယ်များ တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဖွံဖြိုးဆဲနိုင်ငံများ စီးပွားရေးတိုးတက်မှုအတွက် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်သော အစိုးရ - ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ် ( Public – Private Partnership – PPP ) ဖြစ်ထွန်းရေး အတွက် UMFCCI နှင့် စီးပွားကူးသန်းဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ PPP လုပ်ငန်းစဉ်ကို အကောင် အထည်ဖော်ရာတွင် စီးပွားကူးသန်းဝန်ကြီးဌာနအနေဖြင့် UMFCCI လက်အောက်ရှိ အသင်းအဖွဲ့များ၊ NGO များ၊ တစ်သီး ပုဂ္ဂလပညာရှင်များကို ဖိတ်ခေါ်ကာ ၂၀၁၃ - ၂၀၁၄ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ စတင်ပြီး လုပ်ငန်း ဆောင်ရွက်မည် ဖြစ်ပြီး ပုဂ္ဂလိကလုပ်ငန်းရှင်များက တင်ပြလာ သည့် အခက်အခဲများနှင့် ဌာနဆိုင်ရာ တွေ့ရှိချက်များကို ပေါင်းစပ်ပြီး PPP လုပ်ငန်းစဉ် အောင်မြင်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုအစီစဉ်များ

photo credit-internet

နယူးယောက်တွင်အခြေစိုက်ထားသော ACO ရင်းနှီးမြုပ်နှံမှုအုပ်စုသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် အဆင့်မြှင့်တင်မှုအတွက် အမေရိကန်ဒေါ်လာ သန်း ၂၀၀၊ ဆက်သွယ်ရေးကဏ္ဍတွင် အမေရိကန် ဒေါ်လာသန်း ၅၀၀ ဖိုး ရင်းနှီးမြုပ်နှံရန်စီစဉ်နေကြောင်း သိရသည်။ ရန်ကုန်လေဆိပ်အတွက် ရင်းနှီးမြုပ်နှံရာတွင် အကျိုးတူ ဖက်စပ် သို့မဟုတ် ငွေကြေးချေးငှားခြင်းနည်းလမ်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဆက်သွယ်ရေး ကဏ္ဍတွင်မှု ဆက်သွယ် ရေးလိုင်စင် နှစ်ခု အတွက် ရင်းနှီးမြုပ်နှံမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ACO ရင်းနှီးမြုပ်နှံမှုအုပ်စုသည် မန္တလေးတိုင်းဒေသကြီးအစိုးရနှင့် မဂ္ဂါဝပ် ၁၀၀၀ ထွက်ရှိမည့် ဆိုလာ စွမ်းအင်စီမံကိန်း တည်ဆောက်ရန် ဖေဖော်ဝါရီလတွင် သဘောတူညီမှုရရှိပြီး အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလျံမှ ၂ ဘီလျံ ထိရင်းနှီးမြုပ်နှံမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြုပ်နှံမှု မြှင့်တင်ရေးအတွက် ရန်ကုန်မြို့တွင် သြစတြေးလျနိုင်ငံ၏ ကုန်သွယ် ရေးဆိုင်ရာ မဟာမင်းကြီးတစ်ဦးကို ခန့်အပ်ထားရှိမည်ဖြစ်ကြောင်း မတ်လ ၁၈ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံတွင် သြစတြေးလျကုန်သွယ်မှုဌာနကို ဖွင့်လှစ်နိုင်ရန်အတွက် စီစဉ်ဆောင်ရွက် လျက်ရှိပြီး အဆိုပါဌာနမှ သြစတြေးလျနိုင်ငံသား စီးပွားရေး လုပ်ငန်းရှင်များကို ဘဏ္ဍာရေးဆိုင်ရာဝန်ဆောင်မှုများအပြင် သတ္တုရှာဖွေ တူးဖော်ရေး လုပ်ငန်းများ၊ ဆက်သွယ်ရေးလုပ်ငန်းများနှင့် ခရီးသွားလုပ်ငန်းများတွင်လည်း သတင်းအချက် အလက်များ ပံပိုးပေးမည် ဖြစ်ကြောင်း သိရသည်။

 Chuo Senko Thailand ကြော်ငြာကုမ္ပဏီ၏ ဥက္ကဌနှင့် CEO ဖြစ်သူ ရှုဂျီအိုကာဝါသည် လက်ရှိတွင် Chuo Senko (Myanmar) နှင့် AD-Asia ဟူသော လက်ခွဲကုမ္ပဏီနှစ်ခုရှိနေပြီး  မိတ်သစ်ရှာဖွေရန် မြန်မာနိုင်ငံသို့ ခြေလှမ်းနေပြီဟု လွန်ခဲ့သော ရက်သတ္တပတ်တစ်ရက်က ပြောကြားခဲ့သည်။ ထို့အပြင် ထိုင်းနိုင်ငံ၏ ဒုတိယအကြီးဆုံး ကြော်ငြာကုမ္ပဏီ ဖြစ်သော Aegis Media Thailand သည် ယခုလတွင် မြန်မာနိုင်ငံမှ မီဒီယာဌာန တစ်ခုနှင့် ဖက်စပ်လုပ်ငန်း တည်ထောင်ရန် မျှော်လင့်နေကြောင်းသိရသည်။

မြန်မာနိုင်ငံမြို့တော် နေပြည်တော်တွင်လည်း Mgallery ဟိုတယ်၊ မန္တလေးတွင် Novotel Mandalay Mingalar ဟိုတယ်နှင့် ရန်ကုန်မြို့တွင် Novotel Yangon Max ဟိုတယ်များ တည်ဆောက်မှုလုပ်ငန်းများ တစ်ဆင့်ပြီးတစ်ဆင့် တိုးတက် လာပြီ ဖြစ်ကြောင်း အာရှ - ပစိဖိတ်ဆိုင်ရာ နိုင်ငံတကာ ထိပ်တန်းဟိုတယ်အုပ်စု Accor မှ ပြောကြားခဲ့သည်။

ကနေဒါ အခြေစိုက် ဆင်ကျူရီယန်သတ္တုတွင်းလုပ်ငန်းလီမိတက် (Centurion Minerals   Ltd )သည် မြန်မာဒေသခံ Crown Mineral Co., Ltd နှင့် ပူးတွဲ၍ သတ္တုတူးဖော်ရေးလုပ်ကွက်နှစ်ခုနှင့် သက်ဆိုင်ရာမြေယာများကို မြန်မာနိုင်ငံ သတ္တုတွင်းလုပ်ငန်း ၀န်ကြီးဌာနမှ ခွင့်ပြုချက်ရရှိခဲ့ပြီး ဖြစ်သည်။ အစုစပ်လုပ်ငန်းမှာ Centurion က ၈၀ ရာခိုင်နှုန်း နှင့် Crown က ၂၀ ရာခိုင်နှုန်းဖြစ်ကြောင်းသိရသည်။

ဘဏ္ဍာရေးကဏ္ဍအပြောင်းအလဲများ

အစိုးရက  နိုဝင်ဘာလမှစတင်ကာ နိုင်ငံခြားမှ ခရက်ဒစ်ကဒ် လုပ်ငန်းများအား လုပ်ကိုင်ခွင့်ပြုခဲ့သည့် အချိန်မှ စတင်၍ လည်ပတ်သူ နိုင်ငံခြားသားများအတွက် ကဒ်ဖြင့် ATM စက်များမှ ငွေအသွင်းအထုတ် ပြုလုပ်နိုင်ပြီဖြစ်သကဲ့သို့  နောက်တစ်ဆင့်အနေဖြင့် ခရက်ဒစ်ကဒ် ထုတ်ပေးရန် မဝေးတော့ပြီဖြစ်ရာ အကြွေးဝယ်ခွင့် (credit card) နှင့် ကြိုတင် ငွေသွင်းကဒ် (debit card) ဈေးကွက်များတွင် ပြိုင်ဆိုင်မှုများ မြင့်မားလာတော့မည် ဖြစ်သည်။

photo credit-online

အမေရိကန်ရှိ ဒုတိယအကြီးဆုံး အကြွေးဝယ်ကဒ် ကုမ္ပဏီဖြစ်သော MasterCard က ပြီးခဲ့သည့် နိုဝင်ဘာလမှစ၍ ATM စက်များနှင့် ငွေထုတ်ယူနိုင်ပြီးဖြစ်ပြီး  နိုင်ငံခြားသားများအား ဒေါ်လာ ၁.၇ သန်းကျော်ကို MasterCard ဖြင့် သုံးစွဲအောင် ဆွဲဆောင်နိုင်ခဲ့သည်။ ယင်းကုမ္ပဏီမှ ယခုနှစ် ၂၀၁၃ အကုန်တွင်  မြို့ကြီးလေးမြို့၌ ဟိုတယ်နှင့် ဈေးဆိုင်များ အပါအဝင် စားသောက်ဆိုင်ပေါင်း ၅၀၀ကျော်တွင် MasterCard နှင့် အသုံးပြုနိုင်ပါလိမ့်မည်ဟု ကတိပေးပြောဆိုခဲ့သည်။

မြန်မာနိုင်ငံတွင် ၁၉၉၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်မှစတင်ပြီး နိုင်ငံတော်ဗဟိုဘဏ်က ထုတ်ဝေသုံးစွဲလျက်ရှိသည့်  ပြည်သူတို့လက်ဝယ်ရှိ နိုင်ငံခြားငွေလဲလှယ်မှုလက်မှတ် အက်ဖ်အီးစီနှင့် တန်းဖိုးညီမျှသော အမေရိကန်ဒေါ်လာ သို့မဟုတ် မြန်မာကျပ်ငွေဖြင့် ပြန်လည်လဲလှယ်ပေးပြီး ပြန်လည်ရွေးနုတ်ယူသင့်ကြောင်း နိုင်ငံတော် သမ္မတဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်သို့ ၂၀၁၃ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့တွင် သဝဏ်လွှာ ပေးပို့ခဲ့ကြောင်း သိရသည်။

အဆိုပါ သဝဏ်လွှာကို မတ်လ ၂၀ ရက် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ၂၂ ရက် မြောက်နေ့တွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က လွှတ်တော်သို့ ဖတ်ကြား ရှင်းလင်းအပြီး၌ ပြည်ထောင်စု လွှတ်တော်က ကန့်ကွက်သူမရှိ သဘောတူကြသဖြင့် အတည်ပြုခဲ့ကြောင်း သိရသည်။

ထို့အပြင် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ဘဏ်များမှ ချေးငွေများထုတ်ချေးရာတွင် ပိုမိုလွယ်ကူ စေရန်အတွက် နိုင်ငံတကာ နည်းပညာသုံး Credit Bureau စနစ်ထူထောင်တော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှသိရသည်။ အဆိုပါစနစ်ထူထောင်ရန်အတွက် မြန်မာနိုင်ငံဘဏ်များအသင်းမှ ၆၀%၊ စင်ကာပူနိုင်ငံ NSP ကုမ္ပဏီမှ ၄၀% ဖြင့်ပူးပေါင်းကာ အစုရှယ်ယာ ထည့်ဝင်ပြီးပူးဆောင်ရွက်သွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

တိုးချဲ့လာသော လယ်ယာကဏ္ဍ

လာမည့်၂၀၁၃ - ၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ကန်ထရိုက်စနစ်ဖြင့် လယ်ဧကတစ်သန်းအား မြန်မာနိုင်ငံတွင် စတင် စိုက်ပျိုးမည်ဖြစ်ကြောင်း ပြည်ပဈေးကွက်နင့် တွက်ချေကိုက်ပြီး ပြည်တွင်းတွင် ကြိုက်နှစ်သက်မည့် စပါးမျိုးကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြန်မာဆန်စပါးအသင်းချုပ်မှ  ဦးရဲမင်းအောင်က ပြောသည်။ ပြည်ပဈေးကွက်တွင် ဝေစုရနိုင်မည့် ပေါ်ဆန်းဆန်ကို တိုးချဲ့စိုက်ပျိုးမည်ဖြစ်ကြောင်း၊ Contract Farming စနစ်ဖြင့်  စိုက်ပျိုးမှုအား ဆန်စပါးအထူးပြုကုမ္ပဏီ ၅၉ ခု နှင့် မြန်မာလယ်ယာစီးပွားရေးအများပိုင် ကုမ္ပဏီလိမီ တက်တို့မှ ပူးပေါင်းသွားမည်ဖြစ်ကြောင်း မြန်မာဆန်စပါးအသင်းချုပ်မှ သိရသည်။


 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive