Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document CURRENT NEWS

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1.  ပြည်ထောင်စုလွှတ်တော်မှ ဥပဒေသုံးခုပြဋ္ဌာန်းကြောင်း ထုတ်ပြန်ကြေညာ
  2. တပ်မတော်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်နိုင်ဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်
  3. ၂၀၁၅ ရွေးကောက်ပွဲတွင် အချိုးကျကိုယ်စားပြုစနစ်ကျင့်သုံးပါက ကန့်ကွက်မည်

ပြည်ထောင်စုလွှတ်တော်မှ ဥပဒေသုံးခုပြဋ္ဌာန်းကြောင်း ထုတ်ပြန်ကြေညာ

ပြည်ထောင်စုလွှတ်တော်မှ ၂၀၁၃ ခုနှစ် အနည်းဆုံးအခကြေးငွေဥပဒေ၊ နိုင်ငံတော်ကောက်ပဲသီးနှံ ရောင်းဝယ်ရေး အဖွဲ့အက်-ဥပဒေကို ရုတ်သိမ်းသည့်ဥပဒေနှင့် ၁၉၄၅ ခုနှစ်ရွှေ့ပြောင်းနိုင်သော ပစ္စည်းအုပ်ထိန်းသူအက်ဥပဒေကို ရုတ်သိမ်း သည့် ဥပဒေသုံးခုအား ထုတ်ပြန်ကြေညာလိုက်ကြောင်း မတ်လ ၂၄ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ထုတ်ပြန် ကြေညာခဲ့သည်။

မြန်မာနိုင်ငံအတွင်းရှိ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းတို့တွင် လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော အလုပ်သမားများနှင့် ၎င်းမိသားစုတို့၏ အခြေခံလိုအပ်ချက်များ ပြည့်မီနိုင်စေရန် ၂၀၁၃ ခုနှစ် အနည်းဆုံးအခကြေးငွေဥပဒေကို ပြဋ္ဌာန်းထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါဥပဒေတွင် နိုင်ငံတော်သမ္မတမှ အနည်းဆုံးအခကြေးငွေသတ်မှတ်နိုင်ရန် သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အလုပ်သမားကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာပညာရှင်များ ပါဝင်သည့် အမျိုးသား ကော်မတီကိုဖွဲ့စည်းပေး၍ အဆိုပါကော်မတီမှ အနည်းဆုံးအခကြေးငွေဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်သက်ဆိုင်စေမည့် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများအတွက် မြန်မာ တစ်နိုင်ငံလုံးတွင် အမိန့်ကြော်ငြာထုတ်ပြန်၍ အနည်းဆုံးအခကြေးငွေကို သတ်မှတ်ချက်များနှင့်အညီ သတ်မှတ်ပေးရမည်ဖြစ် ကြောင်း ဖော်ပြပါရှိသည်။

အလုပ်သမားများ အနေဖြင့်လည်း အနည်းဆုံးအခကြေးငွေ ဥပဒေအရပြဋ္ဌာန်းထားသော အခကြေးငွေသော် လည်းကောင်း၊ အလုပ်နှစ်ခု(သို့) နှစ်ခုထက်ပိုသော အလုပ်ကိုလုပ်ကိုင်သည့်အခါမျိုးတွင် အလုပ်အသီးသီးအတွက် အနည်းဆုံး အခကြေးငွေထက်မနည်းစေဘဲ ခံစားခွင့်ရှိသည့်အပြင် သတ်မှတ်ထားသည့် အနည်းဆုံးအခကြေးငွေကို အမျိုးသား၊ အမျိုးသမီး ခွဲခြားမှုမရှိ ဘဲ ဆက်ခံခွင့်ရှိကြောင်း သိရသည်။

အလုပ်ရှင်များအနေဖြင့် အမျိုးသားကော်မတီမှ သတ်မှတ်ပေးထားသည့် အနည်းဆုံး အခကြေးငွေအောက် လျော့ နည်း၍ အလုပ်သမားများအား လုပ်ခငွေကြေးပေးချေခြင်း၊ အနည်းဆုံးအခကြေးငွေမှ နုတ်ယူရန်သတ်မှတ်ထားသည့် အခ ကြေးငွေထက် ပိုမိုနုတ်ယူခြင်းတို့ကို ပြုလုပ်ရမည်မပာုတ်ကြောင်း ဥပဒေတွင် တားမြစ်ထားသည်။

ထို့ပြင် ပြည်ထောင်စုလွှတ်တော်မှ နိုင်ငံတော်ကောက်ပဲသီးနှံရောင်းဝယ်ရေးအဖွဲ့ အက်ဥပဒေ(၁၉၅၀ ပြည့်နှစ် အက်ဥပဒေအမှတ် (၅၇)နှင့် ၁၉၄၅ ခုနှစ်ရွှေ့ပြောင်းနိုင်သော ပစ္စည်းအုပ်ထိန်းသူအက်ဥပဒေ နှစ်ခုတို့အား ရုတ်သိမ်း လိုက်ကြောင်း မတ်လ ၂၃ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ပြဋ္ဌာန်းချက်အား ထုတ်ပြန်ကြေညာခဲ့သည်။

YC


တပ်မတော်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်နိုင်ဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်

လာမည့် မတ်လ ၂၇ ရက်နေ့တွင်ကျရောက်မည့် တပ်မတော်နေ့နှင့် အခြားအထိမ်းအမှတ်နေ့များတွင် နိုင်ငံတော် အစိုးရမှ လက်ရှိအကျဉ်းထောင်အတွင်းရှိ ကျန်ရှိ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးနိုင်ဖွယ်ရှိကြောင်း ပြင်ပတွင်သတင်းများ ထွက်ပေါ်လျက် ရှိသည်။

မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ လက်ကျန်နိုင်ငံရေး အကျဉ်းသားများစာရင်းအား ပြန်လည်စီစစ်ရာတွင် အကျဉ်းထောင် အတွင်း ရှိဆဲနိုင်ငံရေးအကျဉ်းသား ၂၀၀ နီးပါးတွေ့ရှိရပြီး စာရင်းပျောက်ဆုံးလျက်ရှိသည့် နိုင်ငံရေးအကျဉ်းသား ၁၆၆ ဦး ရှိကြောင်း နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ ဇန်နဝါရီလ ၆ ရက်နေ့တွင် ဖွဲ့စည်းပေးခဲ့သည့် လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီမှ စိစစ်ရွေးချယ်ထားသည့် လက်ကျန်နိုင်ငံရေးအကျဉ်းသားများ၏ စာရင်းကို နိုင်ငံတော် သမ္မတထံသို့ တင်ပြထားကြောင်း သိရသည်။ ထိုသို့ နိုင်ငံရေးအကျဉ်းသားများ စိစစ်ရွေးချယ်ရာတွင် မြန်မာနိုင်ငံသား မည်သူမဆို နိုင်ငံရေးယုံကြည်မှုအတွက် တက်ကြွစွာလှုပ်ရှားသူများ၊ နိုင်ငံရေး ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် ဆောင်ရွက်ခဲ့သူများ၊ နိုင်ငံရေး ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူများ၊ အာဏာပိုင်အဖွဲ့အစည်းများမှ နိုင်ငံရေးအရ ပုဒ်မတပ်အရေးယူထားသူ မည်သူ့ကိုမဆို နိုင်ငံရေးအကျဉ်းသားပာု သတ်မှတ်၍ ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံရေးအကျဉ်း သားများ စိစစ်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် နိုင်ငံရေးအကျဉ်းသားပောာင်းများ၏ စာရင်းအား ပြန်လည်စိစစ်ရာတွင် ပြည်တွင်းပြည်ပ အဖွဲ့ အစည်းများ၏ စာရင်းများမှာ ကွဲပြားခြားနားလျက်ရှိကြောင်း သိရသည်။

YC


၂၀၁၅ ရွေးကောက်ပွဲတွင် အချိုးကျကိုယ်စားပြုစနစ်ကျင့်သုံးပါက ကန့်ကွက်မည်

လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် အချိုးကျစနစ်ကို ကျင့်သုံးပါက ယခင် ကျင်းပခဲ့သော ၂၀၁၀ ရွေးကောက်ပွဲကဲ့သို့ တိုင်းရင်းသားပါတီများ အနေဖြင့် ရွေးကောက်ပွဲအနိုင်ရရန် ခက်ခဲနိုင်ပြီး လွှတ်တော်အတွင်းတိုင်းရင်းသား ကိုယ်စားလှယ်များ မပါဝင်နိုင်မည်ကို စိုးရိမ်သည့်အတွက် အဆိုပါစနစ်ကျင့်သုံးပါက  NLD နှင့်တိုင်းရင်းသားပါတီများက ကန့်ကွက် သွားမည် ဖြစ်ကြောင်း သိရသည်။

အချိုးကျကိုယ်စားပြုစနစ်(PR)ဆိုသည်မှာ မဲဆန္ဒရှင်ပြည်သူများမှ ပါတီကိုမဲပေးရွေးချယ်ရခြင်းဖြစ်ပြီး မဲရရှိသော ရာခိုင်နှုန်းအလိုက် သက်ဆိုင်ရာပါတီများက မိမိပါတီဝင်များထဲမှ လွှတ်တော်ကိုယ်စားလှယ်များကို ရွေးချယ်စေလွှတ်သော စနစ် ဖြစ်သည်။

ထို့ပြင် လာမည့် မတ်လ ၂၈ ရက်နေ့တွင် နိုင်ငံရေးပါတီများ အားလုံးနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တို့ နေပြည်တော်၌တွေ့ဆုံရန် ဖိတ်ကြားထားပြီး အဆိုပါတွေ့ဆုံပွဲတွင် အချိုးကျကိုယ်စားပြုစနစ်ကို ဆွေးနွေးဖွယ်ရှိသည့်အတွက် နိုင်ငံရေးပါတီများမှ ကန့်ကွက်သွားမည်ဖြစ်ကြောင်း တိုင်းရင်းသားပါတီ ခေါင်းဆောင်များမှ ပြောကြားခဲ့သည်။

အင်အားကြီးပါတီများနှင့် တန်းတူယှဉ်ပြိုင်အရွေးခံနိုင်ရန်အတွက် တိုင်းရင်းသား ပါတီ ၁၃ ဖွဲ့ ပူးပေါင်းဖွဲ့စည်း ထားသည့် ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်းအနေဖြင့်လည်း ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိကြောင်း ယင်းညီနောင် တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်းတွင် ပါဝင်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ တွဲဖက် ဘဏ္ဍာရေးမှူး ဦးစောသန်းမြင့်က ပြောကြားသွားခဲ့သည်။

အချိုးကျကိုယ်စားပြုစနစ် (PR) ကို ဦးစံလှ (ရခိုင်တိုင်ရင်းသားများတိုးတက်ရေးပါတီမှ ဗဟိုကော်မတီဝင်)၊ ဦးဟန်သာမြင့်(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်) နှင့်ဦးစောအောင်ကြည်စိုး(ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ ဒုဥက္ကဌ) တို့ကလည်း လက်မခံဘဲ ကန့်ကွက်မည်ဟုပြောကြားခဲ့ကြောင်းသိရသည်။

YC


 

 

 

 

 

        

 

 

 

   


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment