Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document INTERNATIONAL MEDIA (1)

Snapshot of the item below:
INTERNATIONAL MEDIA (1)

နိုင်ငံတကာသတင်းများ

  1. ပုံနှိပ်ဥပဒေအား  မြန်မာ ရွှေ့ဆိုင်း

(Bangkok Post သတင်းစာမှ 18 March 2013 ရက်စွဲပါ Myanmar defer press law ကိုဘာသာပြန်ဆိုသည်)

  1. မြန်မာဘင်ဘာဒင်ဟုဆိုသူ ဘုန်းတော်ကြီးဝီရသူ မြန်မာနိုင်ငံမှပြင်းထန်သော ဖြစ်ရပ်များနောက်ကွယ်တွင် ရှိသလော

(22 March 2013 ရက်စွဲပါ International Business Times မှ Gianluca Mezzofiore ရေးသားသော Burmese Bin Laden: Is Buddhist monk Wirathu behind violence in Myanmar သတင်းကို ဘာသာပြန် ဆိုပါသည်)

  1. ထိုင်းနယ်စပ် ဒုက္ခသည်စခန်းမီးလောင်ရာတွင် မြန်မာဒုက္ခသည်  ၃၀ ကျော်သေဆုံး

(Global Post မှ 22 March 2013 ရက်စွဲပါ “Camp fire in Thailand Kills more than 30 refugees from Myanmar”သတင်းကို ဘာသာပြန်ဆိုသည်)


ပုံနှိပ်ဥပဒေအား  မြန်မာ ရွှေ့ဆိုင်း

(Bangkok Post သတင်းစာမှ 18 March 2013 ရက်စွဲပါ Myanmar defer press law ကိုဘာသာပြန်ဆိုသည်)

လွတ်လပ်သော ခေတ်သစ်တစ်ခုသို့ ချဉ်းနင်းဝင်ရောက်စ မြန်မာသတင်း မီဒီယာသမားများသည် ခေတ်ဟောင်းမှ ကန့်သတ်ချုပ်ခြယ်မှုများ ပြန်လည်ပေါ်ပေါက်လာနိုင်သော မီဒီယာဥပဒေတစ်ရပ်ကို အစိုးရကပြဋ္ဌာန်းရန် စီစဉ် လာသောကြောင့် ၀ိုင်းဝန်းကန့်ကွက်ခဲ့ကြသည်။ ယခင် စစ်အုပ်ချုပ်မှုအောက်တွင်သာဆိုလျှင် မည်သို့မျှပေါ်ပေါက်လာနိုင်ဖွယ် မရှိသော ၀ိုင်းဝန်းကန့်ကွက်မှုများကြောင့် အစိုးရအဖွဲ့သည် ထိုဥပဒေကို မပြဋ္ဌာန်းနိုင်သေးဘဲ ဆိုင်းငံ့ထားလိုက် ရသည်။

မီဒီယာလောကသားများနှင့် တိုင်ပင်ဆွေးနွေးမှုမပြုဘဲ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သော ပုံနှိပ်သူများ အပေါ် ကန့်သတ်ချုပ်ခြယ်သည့် အဆိုပါဥပဒေကြမ်းသည် ဥပဒေတစ်ရပ် ဖြစ်လာနိုင်ဖွယ်ရှိနေဆဲ ဖြစ်သည်။ သို့ရာတွင် မီဒီယာသမားများ၏ ၀ိုင်းဝန်းကန့်ကွက်မှုများကြောင့် ယခုအပါတ်အတွင်းမှာပင် လွှတ်တော်သို့ တင်သွင်းခဲ့ရသည်။ ယခုအခါတွင် ဇွန်လအထိ မည်သည့်အပြောင်းအလဲမျှ ရှိဦးမည်မဟုတ်ဘဲ အစိုးရအရာရှိများနှင့် မီဒီယာလောကသားများ တွေ့ဆုံဆွေးနွေးပြီးမှသာ ထိုဥပဒေကိုအတည်ပြုရန် ဆက်လက်လုပ်ဆောင်တော့မည် ဖြစ်သည်။ အဆိပ်အတောက် ဖြစ်စေသော စာပေများကို ပုံနှိပ်ထုတ်ဝေနိုင်ခြင်း မရှိစေရန် စည်းမျဉ်းအသစ်များ လိုအပ်သည်ဟု ပြောကြားခဲ့သော ပြန်ကြားရေးဝန်ကြီးကလည်း ဥပဒေကြမ်းနှင့်ပတ်သတ်ပြီး စနေနေ့တွင် မီဒီယာလောကသားများနှင့် တွေ့ဆုံဆွေးနွေး သွားမည်ဟု ပြောကြားထားပြီး ဖြစ်သည်။ "ဥပဒေကြမ်းကို မီဒီယာလောကသားတွေက လုံးဝလက်မခံဘူးဆိုတာ နောက်ဆုံးမှာ ၀န်ကြီးနားလည် သွားပြီလို့ ကျွန်တော် ထင်ပါတယ်။စနေနေ့မှာ တွေ့ဆုံဆွေးနွေးပြီးရင် ဘယ်လိုရလဒ်မျိုး ထွက်လာမယ်ဆိုတာ ကျွန်တော်တို့မသိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ဘက်ကအမြင်ကို ၀န်ကြီးက နားထောင်ပေးမယ် ဆိုတော့ ၀မ်းသာမိပါတယ်။"ဟု နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးဖြစ်ခဲ့ပြီး လက်ရှိတွင် ကျန်းမာရေးမဂ္ဂဇင်းတစ်စောင်၏ အယ်ဒီတာတစ်ဦးဖြစ်သော ဦးဇော်သက်ထွေးက ပြောကြားသည်။ ဥပဒေသစ်သည် ၁၉၆၄ နောက်ပိုင်း ပထမဆုံးအကြိမ် ထုတ်ဝေခွင့်ရမည့် ပုဂ္ဂလိကသတင်းစာများအတွက် ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်လာနိုင်သည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက အပတ်စဉ်ထုတ် ဂျာနယ်များကို ခွင့်ပြုထားပြီးဖြစ်သော်လည်း ပုဂ္ဂလိကနေ့စဉ်ထုတ် သတင်းစာများကိုမူ ဧပြီလ ၁ ရက်နေ့မှ စတင်ထုတ်ဝေခွင့်ပြုမည် ဖြစ်သည်။ ပုဂ္ဂလိကသတင်းစာများ ထုတ်ဝေခွင့်ရခြင်းသည် မြန်မာနိုင်ငံ၏ ပုံနှိမီဒီယာ လွတ်လပ်ခွင့် နှင့် ဒီမိုကရေစီ အပြောင်းအလဲအတွက် အရေးပါသောခြေလှမ်းတစ်ခု ဖြစ်လာမည်ဖြစ်သည်။ ပုံနှိပ်ဥပဒေကြမ်းကို ယခုတစ်ပါတ်အတွင်း လွှတ်တော်တွင် ဆွေးနွေးမည်ဖြစ်သည်။ သို့သော် လွှတ်တော် အစည်းအဝေးများသည်သည် သောကြာနေ့တွင် ရပ်နားမည်ဖြစ်ပြီး ဇွန်လမှ ပြန်လည်စတင်မည်ဖြစ်သည်။ ဥပဒေကြမ်းကို အတည်ပြုမည့် အစီအစဉ်ကို ရပ်ဆိုင်းထားသည်ဟု တနင်္လာနေ့က ကြားခဲ့ရကြောင်း ဦးဇော်သက်ထွေးက ပြောကြားသည်။ မီဒီယာအဖွဲ့အစည်း အများအပြားမှ ကန့်ကွက်ကြောင်း စာများ ပေးပို့ထားသောကြောင့် ဥပဒေကြမ်းကို အတည်ပြုရေးနှင့် ပတ်သတ်ပြီး ဆွေးနွေးမှုများ ပြုလုပ်ခြင်းကို လွှတ်တော်ဥက္ကဋ္ဌက ခွင့်မပြုခဲ့ကြောင်း ပုဂ္ဂလိက ဂျာနယ်တစ်စောင် ဖြစ်သည့် The Voice ဂျာနယ်အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက ပြောကြား သည်။ ယခုတင်သွင်းထားသော ပုံနှိပ်ဥပဒေသည် မြန်မာနိုင်ငံကို ဆယ်စုနှစ်တစ်ခုကြာ အုပ်ချုပ်ခဲ့သော ဦးနေ၀င်း အစိုးရက  ၁၉၆၂ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော ဥပဒေထက်ပင် ပို၍တင်းကျပ်ဖွယ် ရှိသည်။လက်ရှိ ဥပဒေအရ မှတ်ပုံတင်ရန် ပျက်ကွက်ပါက လိုင်စင်ကို ချက်ချင်းပြန်ရုပ်သိမ်းနိုင်ပြီး အမြင့်ဆုံးထောင်ဒဏ် ၇ နှစ်ထိ ချမှတ်နိုင်သော်လည်း လက်ရှိမြန်မာအစိုးရက ထိုပြဋ္ဌာန်းချက်များကို အသုံးပြုခြင်း မရှိချေ။


မြန်မာဘင်ဘာဒင်ဟုဆိုသူ ဘုန်းတော်ကြီးဝီရသူ မြန်မာနိုင်ငံမှ ပြင်းထန်သောဖြစ်ရပ်များ နောက်ကွယ်တွင် ရှိသလော

(22 March 2013 ရက်စွဲပါ International Business Times မှ Gianluca Mezzofiore ရေးသားသော Burmese Bin Laden: Is Buddhist monk Wirathu behind violence in Myanmar သတင်းကို ဘာသာပြန် ဆိုပါသည်)

Photo Credit By Online

မြန်မာနိုင်ငံအလယ်ပိုင်း မိတ္ထီလာမြို့တွင် လူမျိုးရေးအရရန်ပွဲများ ဖြစ်သွားခဲ့ရာ၊ ဗုဒ္ဓဘာသာ လူအုပ်ကြီး၊ အချို့ကို ဘုန်းကြီးများက ဦးဆောင်၍ မူဆလင်များကိုတိုက်ခိုက်ကြသဖြင့်  အနည်းလူ (၂၀) ဦး သေဆုံးခဲ့ပါ သည်။

သမ္မတဦးသိန်းစိန်က အရေးပေါ်အခြေအနေကျေညာခဲ့ပြီး အခြေအနေကိုထိန်းသိမ်းရန် ရဲတပ်ဖွဲ့ အင်အား ၆၀၀ မှ ၇၀၀  ထိချထားခဲ့ပါသည်။ ဒေသဆိုင်ရာသတင်းများအရ ဗလီငါးခု မီးလောင်သွားခဲ့သည်ဟု ဆိုပါသည်။

သတင်းထောက်များကိုလည်း ဓါးကိုင်ထားသော ဘုန်းကြီးများက ၎င်းတို့ကင်မရာမှ Memory Card ထုတ်ပေးရန် ပြောဆိုခံခဲ့ရပြီး၊ အသက်အန္တရာယ်ကို စိုးရိမ်လာရပါသည်။

သို့သော် မေးခွန်းထုတ်ရမည့်တစ်ခုမှာ ရွှေဆိုင်ကိစ္စရပ်တစ်ခုသည် အဘယ့်ကြောင့်ဤမျှလောက် ကြီးကျယ်သွားရ သနည်းဟူ၍ဖြစ်ပါသည်။ ပြီးခဲ့သည့်နှစ်က ရခိုင်တွင်ဖြစ်ပွားသော ဘာသာရေးအရပြင်းထန်သော ဖြစ်ရပ်များသည် ဦးသိန်းစိန် ၏  နုနယ်သေးသော ပြုပြင်ပြောင်းလဲမှုများကို ကိုင်လှုပ်သည့်သဖွယ်ဖြစ်ပါသည်။

“ရိုပာင်ဂျာတွေနဲ့ ဖြစ်ရပ်မဖြစ်မီကလေးမှာပဲ အချို့အဖွဲ့အစည်းတွေက “ရိုပာင်ဂျာတွေနဲ့ ဖြစ်ရပ်မတိုင်မီကလေးမှာပဲ အချို့အဖွဲ့အစည်းတွေက အသေအချာစီစဉ်ထားတဲ့ မူဆလင်ဆန့်ကျင်ရေး စိတ်ဓာတ်ဖြစ်အောင် လုပ်ဆောင်လာတာ တွေ့ရ ပါတယ်”ပာု Burma Campaign UK မှဒါရိုက်တာ Mark Farmaner က IB Times UK သို့ပြောကြားခဲ့သည်။

“မူဆလင်တွေနဲ့ကိစ္စတွေပာာ အရေးကြီးနေပြီလို့ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွေကို စာတွေပို့တယ်။ လအတော် များများရှိနေပါပြီ”ပာု ၎င်းက ဆက်လက်ပြောကြားသည်။

“လူလေးစားပြီး သြဇာရှိတဲ့ ဘာသာရေးနဲ့နိုင်ငံရေး ခေါင်းဆောင်တွေက ဒီကိစ္စပာာသိမ်မွေ့ပြီး တင်းမာမှုကို ပိုမို ဖြစ်စေမှာဖြစ်လို့ တိုက်ရိုက်ဘာမှမပြောကြပါဘူး။ သူတို့က ယေဘူယျခြုံငုံသာပြောပြီး တိုက်ရိုက်ဘာမှမပြောပါဘူး။ ဒါကို မူဆလင် ဆန့်ကျင်ရေးအဖွဲ့တွေက အခွင့်ကောင်းယူသွားကြပါတယ်”ပာု Famaner ကပြောပါသည်။

တစ်ဦးချင်းဆီမှ သတင်းပေးပို့ချက်များအရ ရန်ကုန်ဝန်းကျင်တွင် ဘုန်းကြီးကျောင်း(၁၀)ကျောင်းခန့်နှင့် ရခိုင် ပြည်နယ်တွင် မူဆလင်ဆန့်ကျင်ရေးစာများ ပေးပို့ကြောင်း သိရသည်ပာု ၎င်းကဆိုပါသည်။

မူဆလင်ဆန့်ကျင်ရေး တရားအတော်များများကိုပောာခဲ့သူ အငြင်းပွားဖွယ် ဘုန်းတော်ကြီးဝီရသူ၏ အရိပ်မည်းမှာ လည်း ပုံကြီးချဲ့လာကာ မိတ္ထီလာတွင် လူမျိုးရေးအရ ပြင်းထန်သောဖြစ်ရပ်ကို ဖြစ်စေပါသည်။

ဦးဝိရီသူသည် ဖေဖော်ဝါရီလအတွင်း ရန်ကုန်မြို့ဆင်ခြေဖုံးများတွင် အခြေအမြစ်မရှိသော ကောလပာာလဖြစ်သည့် မူဆလင်ကျောင်းတစ်ခုမှ ဗလီအဖြစ်ဆောက်နေသည်ပာု သတင်းဖြန့်ကာ တင်းမာမှုများဖြစ်ရန် တက်ကြွစွာမွှေခဲ့သူ ဖြစ်ကြောင်း DVB ၏ အဆိုအရသိရှိရပါသည်။ ထို့ကြောင့် စိတ်ဆိုးနေသော (၃၀၀)ခန့်ရှိ ဗုဒ္ဓဘာသာ လူအုပ်ကြီးသည် အဆိုပါ ကျောင်းနှင့် အခြားလုပ်ငန်းများကို ရန်ကုန်တွင်တိုက်ခိုက်ခဲ့ပါသည်။

အဆိုပါဘုန်းတော်ကြီးက သူ့ကိုယ်သူ မြန်မာဘင်လာဒင်ပာုပြောဆိုခဲ့ပြီး ၎င်း၏သွေးကြွအောင် လုပ်ဆောင်မှုများ သည် မူဆလင်များ၏ နယ်ချဲ့လာမှုကို တန်ပြန်ရန် အရေးကြီးသည်ပာုဆိုပါသည်။

၎င်းကို ၂၀၀၃ ခုနှစ်က မူဆလင်ဆန့်ကျင်ရေးစာများ ဖြန့်ဝေမှုဖြင့်ဖမ်းဆီးခဲ့ပါသည်။ ၎င်းသည် အစ္စလာမ်မုန်းတီးရေး လှုပ်ရှားမှုများဖြင့် မွှေခဲ့ပါသည်။ ရိုပာင်ဂျာနှင့် ကုလားများကို မြန်မာနိုင်ငံမှ နှင်ထုတ်ရန်တောင်းဆိုမှုများ ပြုခဲ့ပါသည်။

၎င်းမှာ မန္တလေးတွင်ဖြစ်ပွားသော ဘာသာရေးရန်ပွဲများ ဖြစ်ပွားရာတွင်လည်း ပါဝင်ပတ်သက်သည်ပာု ဆိုကြပါ သည်။ ထိုရန်ပွဲကြောင့် လူတစ်ဒါဇင်ခန့် သေဆုံးကြောင်း ဒေသဆိုင်ရာ သတင်းအချို့က ဆိုပါသည်။

၂၀၁၂ ခုနှစ်ဇွန်လက ရခိုင်အမျိုးသမီးတစ်ဦးအား ရိုပာင်ဂျာ အမျိုးသားများက အုပ်စုဖွဲ့အဓမ္မကျင့်သည်ပာု စွပ်စွဲမှုများ အပြီးတွင် လူ(၈)သိန်းခန့်ရှိ ရိုပာင်ဂျာများနှင့် ရခိုင်ဗုဒ္ဓဘာသာများ လူမျိုးရေးအရ တင်းမာမှုများ ဖြစ်ခဲ့ကြပါသည်။

“ရခိုင်ပြည်နယ်မှဖြစ်တဲ့ဖြစ်ရပ်က ရပ်ဆိုင်းမသွားသေးပါဘူး။ နေ့စဉ်နှင့်အမျှ ဒေသခံလုံခြုံရေးတပ်ဖွဲ့များနှင့် ပြဿနာ ဖြစ်လျက် ရှိနေပါသေးတယ်။ လူတွေက နောက်တစ်ခါကြီးကြီးကျယ်ကျယ် ထပ်ဖြစ်မှာကိုကြောက်နေပါတယ်”ပာု Farmar က ပြောပါသည်။

“FCO ဝန်ကြီး Alistair Burt ပြောသဆိုပါပဲ ရန်ပွဲတွေဖြစ်ရတဲ့ အကြောင်းရင်းကို ဖော်ထုတ်ကိုင်တွယ်ဖို့လိုပါတယ်။ အာဏာပိုင်တွေက ဒီရန်ပွဲတွေကို ခွဲခြားပစ်ပယ်ဖို့ပဲ ပြောနေတယ်။ အဖြစ်မှန်ကို ထည့်မစဉ်းစားကြဘူး”ပာု ၎င်းက ပြောပါ သည်။


ထိုင်းနယ်စပ် ဒုက္ခသည်စခန်းမီးလောင်ရာတွင် မြန်မာဒုက္ခသည်  ၃၀ ကျော်သေဆုံး

(Global Post မှ 22 March 2013 ရက်စွဲပါ “Camp fire in Thailand Kills more than 30 refugees from Myanmar”သတင်းကို ဘာသာပြန်ဆိုသည်)

Photo Credit By Online

ထိုင်းနိုင်ငံမြောက်ပိုင်း ဒုက္ခသည်စခန်းတစ်ခု မီးလောင်ရာတွင် မြန်မာဒုက္ခသည် ၃၀ ကျော် သေဆုံးသွားကြောင်း သတင်းရရှိသည်။

အန်မယ်ဆူရင် ဒုက္ခသည်စခန်းတွင် ထမင်းပာင်းချက်ပြုတ်ရာမှ မတော်တဆမီး စတင်လောင်ကျွမ်းကာ သက်ကယ် တဲ ၁၀၀ ခန့် မီးလောင်ခဲ့သည်ပာု ဒေသခံအုပ်ချုပ်ရေးမှူး နာရာမိုပလာဝပ်ကိုကိုးကား၍ Associated Press က သတင်း ဖော်ပြသည်။

အရေးပေါ်ကယ်ဆယ်ရေး လုပ်သားများ၏ ပြောကြားချက်အရ ၃၂ ဦးသေဆုံးပြီးနှစ်ဦးကို အနီးဆုံးချင်းမိုင်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ပာု AP ကဆိုပါသည်။

သက်ကယ်တဲ ၁၀၀ ခန့် မီးလောင်ကျွမ်းသွားသော ဆန်မယ်ဆူရင် ဒုက္ခသည်စခန်းသည် ဘန်ကောက်မြို့တော် မြောက်ဖက် ၅၇၅ မိုင်အကွာတွင်တည်ရှိသည်။

အခြားတာဝန်ရှိသူတစ်ဦးက “သေဆုံးသူအများစုမှာ မိန်းမများ၊ လူအိုများ၊ ကလေးများဖြစ်ကြပြီး လူ ၂၀၀ ခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်”ပာု ပြောကြားသည်။

မြန်မာနိုင်ငံမှ ပြည်တွင်းစစ်ကြောင့် ၁၉၈၀ နောက်ပိုင်းတွင် ဒေသခံဒုက္ခသည် ၁၃၀၀၀ ကျော်ခန့်ထွက်ပြေးခဲ့ကြရပြီး ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်ရှိ ဒုက္ခသည်စခန်း ၁၀ ခုတွင် ခိုလှုံနေထိုင်လျက်ရှိသည်။

ABC News ကမူ ယခုလိုပူပြင်းသောရာသီတွင် ဒုက္ခသည်စခန်းမီးလောင်ခြင်းသည် အထူးအဆန်းမပာုတ်ပာု ပြောကြားသည်။

ဒုက္ခသည်စခန်းများသည် အဖြစ်သဘောဆောက်လုပ်ထားကြပြီး မီးသတ်ကိရိယာများ မရှိခြင်းကြောင့် မီးလောင်ရန် လွယ်ကူကြောင်းနှင့် သောကြာနေ့က မီးလောင်သေဆုံးမှုအရေအတွက်မှာမူ ပုံမှန်မပာုတ်ပဲ များပြားခဲ့သည်ပာု ABC News ကဆိုပါသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment