Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (2)
Document INTERNATIONAL MEDIA (2)

Snapshot of the item below:
INTERNATIONAL MEDIA (2)

နိုင်ငံတကာသတင်းများ (၂)

  1. မြန်မာနိုင်ငံကို ဗဟိုပြုရေး တရုတ်တို့၏ တန်ပြန်ကြိုးစားမှု

(18 March 2013 ရက်စွဲပါ Asia Times Online မှ David 1 Steinberg ရေးသားသော China counter-pivots on Myanmar ကိုဘာသာပြန်ဆိုပါသည်)

  1. မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုကြီးထွားလာမည်ကို ဗြိတိန်စိုးရိမ်

(UPI မှ 22 Mar 2013 ရက်စွဲပါ “Concerns grow over Myanmar violence”သတင်းကို ဘာသာပြန်ဆိုသည်)


မြန်မာနိုင်ငံကို ဗဟိုပြုရေး တရုတ်တို့၏ တန်ပြန်ကြိုးစားမှု

(18 March 2013 ရက်စွဲပါ Asia Times Online မှ David 1 Steinberg ရေးသားသော China counter-pivots on Myanmar ကိုဘာသာပြန်ဆိုပါသည်)

တိတ်ဆိတ်နေပြီး ကကြိုးပြောင်းသွားသော ကပွဲတစ်ခုမြန်မာနိုင်ငံတွင် တွေ့နိုင်ပါသည်။ Waltz ကကွက်မဟုတ်ပဲ စည်းချက်ညီညီသင့်တင့်လျောက်ပတ်သော လှုပ်ရှားမှုများဖြင့်ရှိပြီး အပေါ်တွင်တွေ့နိုင်ပြီး အထိတ်တလန့်လည်း မဖြစ်စေခဲ့ပါ။ တရုတ်နှင့် အမေရိကန်တို့သည် ပါဝင်ကပြသူများဖြစ်ပါက မြန်မာနိုင်ငံက အခမ်းအနားမှူးသဖွယ် နေရာကရှိနေပါသည်။ မျက်နှာစာတွင် ပြိုင်ဆိုင်မှုများ၏ နောက်ကွယ်တွင်ရှိသော အဓိပ္ပါယ်များကို ထင်ရှားစွာတွေ့နိုင်ပါသည်။ တီးလုံးမှာ ဘယ်သောအခါနှင့် မည်သို့ရပ်သွားမည်ဆိုသည်မှာ မရှင်းလင်းပေ။

အမေရိကန်သည် အာရှကိုဗဟိုပြုရာ အထူးသဖြင့်အရှေ့တောင်အာရှကို ဗပာိုပြုမှုမှာ ပို၍ထင်ရှားလာပါသည်။ နှစ်ပေါင်းများစွာ အလေးပေးမှုမရှိခဲ့ရာမှ ပြန်လည်အာရုံပြုလာခြင်းဖြစ်ပါသည်။ အဆိုပါမူဝါဒတွင် အောက်ပါ အစိတ်အပိုင်းများ ရှိပါသည်။ ဒေသတွင်းရေတပ်စွမ်းဆောင်ရည် ပိုမိုမြှင့်တင်လာခြင်းဖြစ်ပါသည်။ သြစတြေးလျတွင် မရိန်းသောင်းဂဏန်း ထားရှိခြင်းလည်းပါဝင်ပါသည်။ အာဆီယံအဖွဲ့၊ မဟာမိတ်များဖြစ်သော ထိုင်းနှင့်ဖိလစ်ပိုင်အပြင် စင်္ကာပူတို့နှင့် အပေါင်းလက္ခဏာဆောင်သော ပါဝင်ပတ်သက်မှုများတိုး၍ ပြုလုပ်လာခြင်းနှင့် တောင်တရုတ်ပင်လယ်တွင် တရုတ်၏နယ်မြေ တောင်းဆိုမှုအပေါ် အစိုးရိမ်ပိုလာခြင်းများပါ ဝင်ပါသည်။

သို့သော် ဤညီမျှခြင်းတွင်တရုတ်သည် အမေရိကန်က မြန်မာနိုင်ငံအပေါ် အပေါင်းလက္ခဏာဆောင်သော မူဝါဒ ပြောင်းလဲမှုအပေါ် သံသယရှိနေပါသည်။ တရုတ်၏ စိုးရိမ်ပူပန်မှုများတွင်လည်း သက်သေပြရန် အချက်များရှိပါသည်။ ၎င်းက ယခုအကြိမ်သည် အမေရိကန်တို့၏ ဒုတိယမြောက်တရုတ်အား ထိန်းချုပ်ရေး မူဝါဒဟုဆိုလိမ့်မည် ဖြစ်ပါသည်။ ပထမအကြိမ် မူဝါဒမှာ စစ်အေးကာလအတွင်းဖြစ်ပြီး၊ ယခုအကြိမ်မူဝါဒမှာ စစ်အေးကာလအတွင်းကဖြစ်ပြီး ယခုဒုတိယအကြိမ်မှာ ပို၍ အားချင်းဆန်(Urgent)သည့် သဘောရှိပါသည်။ တရုတ်သည် စစ်အေးကာလအတွင်းက ပြည်တွင်းအပျက် အင်အားစုများ ဖြစ်သည့် ယဉ်ကျေးမှုတော်လှန်ရေး၏ ရိုက်ခတ်မှုကိုခံခဲ့ရပါသည်။ ၎င်းသည် မော်စီတုန်းအတွေးအခေါ်များကို ပြန်လည်ရှိ တရုတ်သံရုံးများမှတဆင့် ပျံနှံစေရန် ရည်ရွယ်ခဲ့ပါသည်။ သို့သော် ၎င်းသည် ပြည်တွင်းနိုင်ငံရေးအရ မရိုးသားသောနည်းဖြင့် ဝါဒဖြန့်ခြင်းသာဖြစ်ပြီး၊ ပြင်ပတွင် အမှန်တရားတစ်ခုမဟုတ်ခဲ့ပေ။

ယခုအခါ ကမ္ဘာကြီးက သက်သေပြခဲ့သကဲ့သို့ တရုတ်၏ နိုးထလာမှုကြောင့် ၎င်းအားထိန်းချုပ်ရန်လိုသည်ဟု ခံယူ ချက်သည် တရုတ်က၎င်း၏ နောက်ဖက်ရိုးရာအတိုင်း သြဇာလွှမ်းမိုးခဲ့သည့် အရှေ့တောင်အာရှသို့ ရိုက်ခတ်လာပါသည်။ တရုတ်၏ အစွန်အဖျားရှိနိုင်ငံများမှာ ရှင်ဘုရင်များသည် Beijing သို့လက်ဆောင် ပဏ္ဍာများပေးရတက်ပါသည်။ ဗြိတိသျှက ၁၈၉၇ တွင် မြန်မာနိုင်ငံအားကိုလိုနီပြုပြီး အချိန်တွင်ပင် ထိုသို့လက်ဆောင်ပို့လွှတ်ရန် သဘောတူခဲ့ပါသေးသည်။ မြန်မာ လူမျိုးများအား စေလွှတ်ရန် သဘောတူသော်လည်း စေလွှတ်ခဲ့ခြင်းတော့မရှိပေ။

မြန်မာနိုင်ငံတွင် စစ်အစိုးရအပြီး သမ္မတဦးသိန်းစိန်၏ အစိုးရသစ်တက်လာပြီး အမေရိကန်အတွက်တံခါးများ ပွင့်လာမှုကို တရုတ်တို့က ၎င်းတို့၏ အရေးပါသောအမျိုးသားရေး အကျိုးစီးပွားရေးအတွက် အခက်အခဲများ ရှိလာနိုင်သည်ဟု ရှုမြင်ပါသည်။ မြန်မာနိုင်ငံကလည်း အရေးပါသောကဏ္ဍမှ လှုပ်ရှားနေပါသည်။

တရုတ်သည် ရေနံနှင့်ဓါတ်ငွေ့ပိုက်လိုင်း နှစ်ခုရှိနေခြင်း၊ ရေအားလျှပ်စစ်စီမံကိန်းများ ရှိနေခြင်း၊ သတ္တုတွင်းနှင့် သယံဇာတထုတ်ယူမှု အကျိုးစီးပွားများရှိနေခြင်း၊ ကုန်းတွင်းပိတ်ယူနန်ပြည်နယ်အတွက် အဓိကဈေးကွက်ဖြစ်နေခြင်း၊ တရုတ်မှလူများ မှတ်တမ်းမထားနိုင်လောက်အောင် ဝင်ရောက်နေမှု စသည်တို့ကြောင့် တရုတ်က မြောက်ကိုရီးယားအပေါ် အကျိုးစီးပွားနှင့်ယှဉ်၍ ပြောကြားမှုများ တဖြည်းဖြည်းကျယ်လောင်လာသည့်တိုင် မြန်မာနိုင်ငံ၏ အရေးကြီးမှုမှာ အထင်အရှား ရှိနေဆဲဖြစ်ပါသည်။

၂၀၁၁ ခုနှစ်မေလ တရုတ်ကိုယ်စားလှယ်အဖွဲ့ သမတ္တဦးသိန်းစိန်ထံ သွားရောက်အပြီးတွင် တရုတ်နှင့် မြန်မာတို့သည် “အလုံးစုံပါဝင်သော မဟာဗျူဟာပူးပေါင်းဆောင်ရွက်ရေး ပါတနာရှစ်” သဘောတူညီချက် လက်မှတ် ရေးထိုးခဲ့ရာ ဆက်ဆံရေးနှင့်ပတ်သက်၍ တရုတ်တို့က လုံခြုံစိတ်ချရသည်ဟု ရှုမြင်ပါသည်။ သို့သော် ၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် ဦးသိန်းစိန်သည် တရုတ်တို့လုပ်ဆောင်နေသော မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို ရပ်ဆိုင်းခဲ့ပါသည်။

၂၀၁၁ ဒီဇင်ဘာတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် သွားရောက်ခဲ့ပြီးနောက်တွင် ကမ္ဘာ တစ်လွှာ မှ အဆင်မြင့်ပုဂ္ဂိုလ်များ တစ်သုတ်ပြီးတစ်သုတ်သွားခဲ့ပါသည်။ နောက်ဆုံးသမ္မတ Barack Obama သည် ၂၀၁၂ နိုဝင်ဘာလက သွားရောက်ခဲ့ပါသည်။ တရုတ်က၎င်း၏ မြန်မာနိုင်ငံမှ နေရာသည် တဖြည်းဖြည်းတိုက်စားခံလာရပြီဟု ယုံကြည်လာပါသည်။ တရုတ်ကွန်မြူနစ်ပါတီပိုင် အင်္ဂလိပ်သတင်းစာ Global Time က ကလင်တန်၏ ခရီးစဉ်အား “မြန်မာနိုင်ငံမှ(တရုတ်)တံတိုင်း အားနည်းအောင်လုပ်သည်”ဟုရှုမြင်ပါသည်။ Beijing ၏ပုံမှန်တုန့်ပြန်မှုမှာ ပို၍သံတမန်ဆန်စွာ တည်တည်ငြိမ်ငြိမ်နှင့် ထိန်းထိန်းသိမ်းသိမ်းရှိနေပါသည်။

George W.Bush လက်ထက်မပြီးဆုံးမီကတည်းက မြန်မာနိုင်ငံအပေါ် အမေရိကန်၏ အရေးယူမှုများသည် ရည်မှန်းချက် မအောင်မြင်ဆိုသည်ကို အများက အသိအမှတ်ပြုထားပြီး ဖြစ်ပါသည်။ Obama အစိုးရအတွင်း အရေးပါသော ပလေယာများ ဝင်ရောက်မလာမီကပင် မြန်မာနိုင်ငံသည် ပို၍အပေါင်းလက္ခာဏာဆောင်သော ဆက်ဆံရေးအတွက် လိမ်မာ ပါးနပ်သော အချက်ပြမှုများရှိခဲ့ခြင်းအတွက် Obama အစိုးရက တုန့်ပြန်ခဲ့ခြင်းသာဖြစ်ပါသည်။

တရုတ်နိုင်ငံ၏ ထင်ရှားသော တာဝန်ရှိပုဂ္ဂိုလ်များနှင့် ပညာရှင်များက အမေရိကန်တွင် အစိုးရပြောင်းသွားပြီး Obama ၏ လက်တွေ့ကျသော ဆက်ဆံရေးအတွက် အမေရိကန်မူဝါဒပြောင်းသွားခြင်းသည် အဆိုပါဒေသတွင် တရုတ်၏ သြဇာလွှမ်းမိုးမှုကို တန်ပြန်ရန် ဒီဇိုင်းဆွဲခဲ့ခြင်းဖြစ်သည်ဟု ရှုမြင်ခဲ့ကြပါသည်။

သို့သော် ၎င်းမှ အတိတ်ကဖြစ်ခဲ့သော ကိစ္စရပ်များကို ကြည့်၍ အဓိပ္ပါယ်ကောက်ယူခြင်း မဖြစ်တန်ရာပေ။ တရုတ်၏ သုံးသပ်ချက်များမှာ အမေရိကန်ကြည့်သော ရှုထောင့်မှကြည့်၍ အမှန်တရားကို သုံးသပ်ခြင်း ဖြစ်တန်ရာသည်။ အထူးသဖြင့် အမေရိကန်၏ အရေးကြီးသော အရွေ့များ၏ မြင်သာထင်သာမှု ရှိမှုများကို ပါ ပေါင်းစပ်ကြည့်ရှုခြင်းဖြစ်ပါမည်။

ပြည်ပမှလေ့လာသူ တစ်ဦးအနေဖြင့်ပြောရလျှင် ဘေဂျင်းသည် အမေရိကန်မြန်မာနိုင်ငံ၌ တည်ရှိနေမှုအပေါ် စိတ်ပူပန်မှု မြင့်တက်လာမှုနှင့်ပတ်သက်၍ တုန့်ပြန်၍သရုပ်ဖော်ပြနေသည်ဟု ဆိုနိုင်ပါသည်။ အမေရိကန်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးသည် မြန်မာနိုင်ငံ လွတ်လပ်ရေးရကတည်းက ယခုအကောင်းဆုံးဖြစ်နေပါသည်။ တရုတ်၏သမိုင်းတွင် ပထမဆုံး အနေဖြင့် အငြိမ်းစားသံတမန်၊ ဒုတိယနိုင်ငံခြားရေးဝန်ကြီးပောာင်း Wang Yingfan အား မတ်လအစောပိုင်းက အာရှရေးရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့ရာ ၎င်းကမြန်မာနှင့်ဆက်ဆံရေးကို အလေးပေးဆောင်ရွက်မည်ပာု ပြောခဲ့ပါသည်။

၎င်းနောက် မတ်လ(၁၃)ရက်နေ့တွင် တရုတ်သံအမတ်အသစ်အဖြစ် Yang Houlan ကိုခန့်အပ်ခဲ့ကြောင်း ကြေညာ ခဲ့သည်။ ၎င်းသည် အင်ဒိုနီးရှား၊ မလေးရှား၊ တောင်ကိုရီးယား၊ အာဖဂန်နစ္စတန်နှင့် အခြားအဓိက တိုင်းပြည်များတွင် အတွေ့အကြုံရှိပြီး လေးစားသူများ များပြားပါသည်။ ယခင်တရုတ်သံအမတ် Li Junhua လက်ထက်တွင် တရုတ်၏သြဇာ လွှမ်းမိုးမှုတွင် အနုတ်လက္ခဏာဆောင်သောပြောင်းလဲမှုများအတွက် အပြစ်တင်ပြီး ပြောင်လဲခဲ့ပာန်ရှိပါသည်။ ကံမကောင်းစွာ တိကျရေရာမှုမရှိသော စွပ်စွဲချက်ဖြင့် ဖယ်ရှားခဲ့ခြင်းဖြစ်ပါသည်။

တရုတ်တို့အတိတ်က မြန်မာနိုင်ငံတွင် လုပ်ကိုင်လာမှုများအတွက် မြန်မာလူထုကြားတွင် မကျေနပ်မှုများ မှိုလိုပေါက်လာပြီး၊ တရုတ်၏ သြဇာလွှမ်းမိုးမှုကို ဆန့်ကျင်လာပါသည်။ မြန်မာနိုင်ငံတွင် အမျိုးသားရေးပတ်ဝန်းကျင် မြင့်မားစွာ ပြောင်းလဲလာမှုကို Beijing အနေဖြင့်မျှော်လင့်ထားသင့်ပါသည်။

တရုတ်သည်မြန်မာနိုင်ငံကို ဆက်လက်ဗပာိုပြုနေဆဲလော။ ဤသည်ကိုကြည့်၍ ဒီမိုကရေစီအနည်းငယ် ပြောင်းလဲ လာမှုရှိပြီး သက်ရောက်မှုများစွာ ရှိနိုင်ပါသည်။ တရုတ်သည် မြန်မာနိုင်ငံတွင် အရေးပါသော ကဏ္ဍမှာရှိနေရေးအတွက် ပြည်လည် တည်ဆောက်နေရခြင်း(သို့) ပြန်လည်အားယူ လုပ်ဆောင်နေရခြင်းပာုဆိုရမည်ဖြစ်ပြီး ပျောက်ဆုံးခဲ့သော နှစ်ဦးနှစ်ဖက် ယုံကြည်ရမှုများကို နက်ရှိုင်းအောင် ပြန်လည်တည်ဆောက်ရင်း ဆောင်ရွက်နေပါသည်။

ယခုမူ လားရာတွင် အမေရိကန်သို့ ဦးတည်နေပါသည်။ သို့သော် ဝါရှင်တန်သည် မြန်မာနိုင်ငံတွင် သတိနှင့် လုပ်ဆောင်သင့်ပြီး လိမ်မာပါးနပ်စွာရှိသင့်ပါသည်။ ပို၍ ထဲထဲဝင်ဝင်ရှိပြီး၊ သြဇာလွှမ်းမိုးမှုချဲ့ထွင်ပါက တုန့်ပြန်မှုတစ်ခုရနိုင်ပြီး ပို၍အလယ်အလတ်ကျသော ရပ်တည်မှုကိုသာဦးတည်သင့်ပါသည်။

တရုတ်၏ အရိပ်မိုးမှုအောက်တွင် မွေးဖွားလာပြီး စစ်အေးကာလအတွင်း အလယ်အလတ်လမ်းစဉ်ကို ပြုစု ပျိုးထောင်လာရာ၊ ယခုအရှေ့အနောက်နှင့် ရနိုင်သမျှနေရာမှ အကူအညီများရယူရန် ရည်ရွယ်နေပါသည်။ သို့မပာုတ်ပါက မြန်မာနိုင်ငံသည်လည်း ယခင်ကကောင်းစွာ အလုပ်ခဲ့သည့် မူဝါဒပောာင်းသို့ ပြန်သွားနိုင်ပါသည်။ ၎င်း၏ကိုယ်ပိုင် ရပ်တည်ရေးကို ပျက်စီးစေမည့် ပြင်ပအကျိုးစီးပွားများကို ပို၍ခေတ်မီသော အလယ်အလတ်လမ်းစဉ်ကို ပြပါဆိုလျှင် မြန်မာ သွားနေသော လမ်းကြောင်းကို ပြလျှင်ရကောင်းနိုင်ပါသည်။ နိုင်ငံခြားတိုင်းပြည်များအဖို့ မြန်မာနိုင်ငံနှင့် ဆက်ဆံရာတွင် တရုတ်၏ သင်ခန်းစာကို အထူးအလေးပေးကြည့်ရှုသင့်ပါသည်။

               


မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုကြီးထွားလာမည်ကို ဗြိတိန်စိုးရိမ်

(UPI မှ 22 Mar 2013 ရက်စွဲပါ “Concerns grow over Myanmar violence”သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံအလယ်ပိုင်းတွင် ဖြစ်ပွားနေသော ပဋိပက္ခနှင့်ပတ်သက်၍ ရန်လိုမှုများ အဆုံးသတ်ကြရန် သက်ဆိုင်ရာ က အုပ်စုအားလုံးကို ဗြိတိသျှအစိုးရကတိုက်တွန်းကြောင်း ဗြိတိသျှနိုင်ငံခြားရေးရုံးဝန်ကြီး အလစ်စတယ်ဘတ် က ပြောကြား လိုက်ပါသည်။

မြန်မာနိုင်ငံအတွင်း အလယ်ပိုင်း မိတ္ထီလာမြို့တွင် ဗုဒ္ဒဘာသာနှင့် မွတ်ဆလင်များအကြား သွေးစွန်းသော အဓိကရုဏ်း ဖြစ်ပေါ်ခဲ့ပြီးနောက် သောကြာနေ့က မြန်မာအစိုးရက အရေးအပေါ်အခြေအနေ ကြေညာလိုက်ပါသည်။

မြန်မာနိုင်ငံတွင် အကြမ်းဖက်ပဋိပက္ခကြီးထွားလာခြင်းအပေါ် ဗြိတိန်က အထူးစိုးရိမ်ပူပန်ကြောင်း အလစ်စတယ် ဘတ်က ပြောကြားသည်။

အလစ်စတယ်ဘတ်က ကြေညာချက်တွင် “အကြမ်းဖက်မှုကို ချင်ခြင်းအဆုံးသတ်ကြရန် သက်ဆိုင်ရာအုပ်စု အားလုံးကို တိုက်တွန်းကြောင်း၊ အရပ်သားများကို အကာအကွယ်ပေးရန်အတွက် လိုအပ်သော အရေးယူဆောင်ရွက်မှု အားလုံးလုပ်ဆောင်ရန်နှင့် ဖြစ်ရပ်နောက်ကွယ်မှ ရန်လိုမှုကို ထိန်းချုပ်ကိုယ်ရာတွင် လူထုအသိုင်းအဝိုင်းနှင့် အတူတကွ လုပ်ဆောင်ရန် အစိုးရကိုတိုက်တွန်းကြောင်း”ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ ဒီမိကရေစီပြုပြင်ပြောင်းလဲရေးမှု ဂုဏ်သတင်းကို ပြည်တွင်းရေးပဋိပက္ခများက လောင်းရိပ်မိုး ထားပါသည်။ မနှစ်ကလည်း နိုင်ငံအနောက်ပိုင်းတွင် ဒေသခံရခိုင်နှင့် ရိုပာင်ဂျာများအကြား အကြမ်းဖက်ပဋိပက္ခများ ဆက်တိုက် ဖြစ်ပွားခဲ့ပြီးဖြစ်သည်။

လတ်တလော မိတ္ထီလာမြို့မှ အဓိကရုဏ်းတွင် လူ ၂၀ ခန့်သေဆုံးခဲ့ပြီး အနည်းဆုံး လူ ၂၀၀၀ ခန့် နေအိမ်များစွန့်ခွာ ထွက်ပြေးကြသည်ပာု သိရှိရသည်။ လတ်တလော အကြမ်းဖက်မှုများ၏ နောက်ကွယ်တွင် စစ်သွေးကြွသံဃာများ ပါဝင် ပတ်သက်နေသည်ပာု ဒေသခံများကပြောကြားသည်။

မိတ္ထီလာမဲဆန္ဒနယ်မှ NLD အမတ်ဦးဝင်းထိန်က အခင်းဖြစ်ရပ်ကိုကိုင်တွယ်ရန် စေလွှတ်ထားသော အဓိကရုဏ်း နှိမ်နင်းရေးရဲများမှာ အတွေ့အကြုံရှိသူများဖြစ်ကြောင်း၊ ပဋိပက္ခကို မည်သို့ကိုင်တွယ်မည်ဆိုသည်ကိုမူ မိမိမသိကြောင်း ပြောကြားသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment