Transparency Myanmar

transparency.myanmar@gmail.com

eaglecentre.blogspot.com မှကူယူဖော်ပြသည်။- 5th Oct, 2009

Newspaper Section

အိုဘားမားအစိုးရ၏ မြန်မာစစ်အစိုးရအပေါ်ထားရှိသည့် လမ်းနှစ်သွယ် (Dual Track) မူဝါဒကို နိုင်ငံရေးလှုပ်ရှားသူများနှင့် ဆန့်ကျင်သူများက လက်ခံလိမ့်မည်မဟုတ်ပါ။ သို့သော် အဆိုပါမူဝါဒသည် လက်ရှိအခြေအနေအတွက် အသင့်တော်ဆုံး ဖြစ်ပါသည်။ အာဆီယံ သဘောထားနှင့်လည်း ကိုက်ညီသည့်အတွက် အမေရိကန် အစိုးရမှ အကောင်အထည်ဖော်ရန် လွယ်ကူစေပါသည်။

သံတမန်ဟောင်းတစ်ဦးနှင့် မြန်မာစစ်အစိုးရကို ဝေဖန်သူ Asda Jayanama က အာဆီယံသည် မြန်မာအစိုးရနှင့် တိုက်ရိုက်ဆက်ဆံမှုကို လိုလားသဖြင့် အဆိုပါ မူဝါဒအားဖြင့် အမေရိကန်-အာဆီယံ ဆက်ဆံရေးကို ပိုမိုကောင်းမွန်စေနိုင်ပါသည်။ အာဆီယံနှင့် အမေရိကန်တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်သည်။

အမေရိကန်မူဝါဒ ပြောင်းလဲမှုသည် မြန်မာနိုင်ငံအတွက် အလားအလာကောင်းသော အလျော်အစား တစ်ခုဖြစ်သည်။ မြန်မာစစ်အစိုးရသည် အပြည်ပြည်ဆိုင်ရာနှင့် ဆက်ဆံရေးတွင် ပါဝင်နိုင်ရန် မိတ်ဆွေတရုတ်နိုင်ငံအပြင် အဓိကနိုင်ငံတစ်ခုလည်း ပါဝင်ရန်လိုအပ်သည်။ အမေရိကန်အနေဖြင့် ယခုအရေးကိစ္စကြောင့် ပိုမိုလှုပ်ရှားနိုင်သည့် အနေအထားကို ရရှိမည်ဖြစ်သည်။ ဒီမိုကရက်တစ်ဦးဆောင်သော ထိုင်းအစိုးရမှာ မှန်ကန်သော ဆက်ဆံမှုမျိုးရှိထားပြီးဖြစ်သည်ဟု မစ္စတာအာ့စ်ဒါက ပြောကြားခဲ့သည်။ အပြုသဘောဆောင်သည့် စေ့စပ်ဆွေးနွေးမှုအပေါ် အိမ်နီးချင်းထိုင်းမှ အငြင်းပွားမှုမရှိခဲ့ပါ။

အခြားသူများက မူဝါဒပြောင်းလဲမှုအပေါ် အကောင်းမြင်ခြင်း မရှိဘဲ အာဆီယံ၏ မြန်မာနိုင်ငံအပေါ် ၁၀ နှစ်ကြာ မအောင်မြင်သော စေ့စပ် ဆွေးနွေးမှုအတွက် တစ်ပတ်လှည့် လုပ်ဆောင်ခြင်းသာ ဖြစ်သည်ဟု ခံယူထားသည်။

ဂျော့တောင်းတက္ကသိုလ်၊ နိုင်ငံခြားရေးဌာနမှ ပါမောက္ခ ဒေးဗစ် စတင်ဗတ်က အမေရိကန်ဆီးနိတ် အာရှနှင့် ပစိဖိတ်ရေးရာ ဆပ်ကော်မတီသို့ တင်ပြရာတွင် အမေရိကန်၏ ပြုလုပ်ခဲ့သည့် ပိတ်ဆို့မှုနှင့် အာဆီယံ၏ အပြုသဘောဆောင်သော စေ့စပ်ဆွေးနွေးမှုသည် မအောင်မြင်ခဲ့ဟု ပြောကြားခဲ့သည်။

အမေရိကန် မူဝါဒပြောင်းလဲမှုသည် ထိုင်းနိုင်ငံအား ထွက်ပေါက်ရရှိသွားစေခဲ့သည်။ အောင်ဆန်းစုကြည်အား ရုံးတင်မှုအတွက် ထုတ်ပြန်ရန်ရှိသည့် ကြေညာချက်နှင့် ပတ်သက်၍ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကာဆစ်မှာ အခက်အခဲ တွေ့ခဲ့ရသည်။ အာဆီယံ ၁၀ နိုင်ငံအတွင်း ဆန္ဒရယူခဲ့ရာ ၅ နိုင်ငံမှ ဆန့်ကျင်ခဲ့၍ ဖြစ်ပါသည်။ အမေရိကန်၏ ကြေညာချက်ကြောင့် မစ္စတာကာဆစ် အနေနှင့် ကြေညာချက်ထုတ်ရန် ကိစ္စကို ရှောင်ရှားနိုင်ခဲ့သည်။

ချင်းမိုင်တွင် ရှိသော နိုင်ငံရေးလေ့လာသူ ကိုမင်းမင်းက အမေရိကန်ပေါ်လစီ အသစ်သည် ၎င်းတို့ ယခင်က ကျင့်သုံးခဲ့သော ပေါ်လစီမအောင်မြင်ခဲ့ကြောင်းကို ပြသခြင်းဖြစ်ကြောင်း ဝေဖန်ခဲ့သည်။ အခြားသော မြန်မာနိုင်ငံအကြောင်း လေ့လာသူတစ်ဦးက အမေရိကန်၏ မူဝါဒအသစ်သည် မြန်မာနိုင်ငံကို မည်သို့ ပြောင်းလဲစေမည်ကို ကျွန်ုပ်တို့ စောင့်ကြည့်ရမည်ဖြစ်ကြောင်း၊ နောက်တစ်ကြိမ်အတွက် အာဆီယံအဖွဲ့ဥက္ကဌ ဖြစ်မည့် ဗီယက်နမ်နိုင်ငံကလည်း မည်သို့တုန့်ပြန်မည်ကို မှန်းကြည့်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

တရုတ်နိုင်ငံသည် အိုဘားမား၏ မူဝါဒပြောင်းလဲမှုကို လက်ခံရမည်ဖြစ်ပြီး အဆိုပါကိစ္စကြောင့် မြန်မာနိုင်ငံအပေါ် ပီကင်း၏ အာဏာသက်ရောက်မှု လျော့နည်းသွားမည်ဖြစ်သည်။ သို့သော် ရေရှည်တွင် မြန်မာနိုင်ငံ ပိုပိုချမ်းသာလာလေလေ တရုတ်ဈေးကွက်ပိုကြီးလာလေလေ ဖြစ်မည်ဖြစ်သည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် ရင်းနှီးမှု အများဆုံး နိုင်ငံဖြစ်ကြောင်း၊ အထူးသဖြင့် စစ်လက်နက်နှင့် အခြေခံအဆောက်အဦ ရိက္ခာတွင် ပိုများကြောင်း၊ ထို့အတွက်ကြောင့် အနာဂတ်တွင် အစိုးရကို မထိန်းချုပ်စေနိုင်သော်လည်း တရုတ်စီးပွားရေးလုပ်ငန်းများတွင် လွှမ်းမိုးနိုင်သည့် အနေအထားတွင် ရှိပါကြောင်း မစ္စတာအာစ်ဒါက ပြောပါသည်။

အမေရိကန်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံတွင် ဆက်လက်၍ အစဉ်အဆက် လွှမ်းမိုးလိုလျှင် ပညာရေးကဏ္ဍတွင် ရင်းနှီးမှု ပြုလုပ်ပြီင်္း မြန်မာစစ်တပ်အရာရှိများကို တရုတ်နှင့် ကိုရီးယား ပုံစံမျိုးမဟုတ်ဘဲ အနောက်နိုင်ငံအတွေးအခေါ်များ လေ့ကျင့်ပေးရန်လိုကြောင်း ပြောကြားပါသည်။

အာဆီယံအဖွဲ့များမှာ အမေရိကန် မူဝါဒအသစ်ကြောင့် စိတ်သက်သာရာ ရရှိခဲ့သော်လည်း ဥရောပသမဂ္ဂအဖွဲ့အစည်း မြန်မာနိုင်ငံအပေါ် အသစ်သောပုံစံဖြင့် မည်သို့ ဆက်ဆံရမည်ကို မည်သို့ ဆက်ဆံရမည်ကို ကြိုးစားနေဆဲဖြစ်သည်။ ဆွီဒင်နိုင်ငံ စတော့ဟုမ်းတွင် ဥရောပသမဂ္ဂ ဥက္ကဌ ဆွီဒင်နှင့် ကော်မရှင် အဖွဲ့ဝင်များ အစည်းအဝေးပြုလုပ်၍ ညှိနှိုင်းခဲ့သော်လည်း တိုက်ရိုက်ဆက်ဆံရေးအပေါ် ဗြိတိန်နှင့် ပြင်သစ်တို့ သဘောထားကွဲလွဲနေသောကြောင့် အောင်မြင်မှုမရရှိခဲ့ပါ။ ထို့ကြောင့် ပိတ်ဆို့မှုသည်သာ ဥရောပသမဂ္ဂ၏ လက်ရှိသဘောထားအဖြစ် တည်နေသေးသည်။

ဘန်ကောက်ရှိ ဥရောပသမဂ္ဂ ကော်မရှင်အဖွဲ့ရုံးမှ ပိတ်ဆို့မှု၏ အကျိုးသက်ရောက်မှုနှင့် ဖြစ်နိုင်သည့် အစားထိုးမူဝါဒကို သီးခြားတင်ပြခဲ့သော်လည်း စတော့ဟုမ်း အစည်းအဝေးတွင် ထူးခြားမှုမရှိခဲ့ပါ။

ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံနှင့် ပတ်သက်၍ အများဆုံးအလှူရှင်ဖြစ်သည့်အလျှောက် မြန်မာနိုင်ငံရေး တိုးတက်မှုအတွက် ရှင်းလင်းပြတ်သားသောမူဖြင့် ကမ္ဘာ့ကုလသမဂ္ဂနှင့် အမေရိကန်တို့နှင့် အတူ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါသည်။

ရွေးကောက်ပွဲကို လာမည့်နှစ်တွင် ကျင်းပမည်ဖြစ်ပြီး အချိန်နီးကပ်လာမည် ဖြစ်သည်။ မည်သူကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ မြန်မာနိုင်ငံ၏ အနာဂတ်အတွက် စီမံလုပ်ဆောင်ရတော့မည် ဖြစ်သည်။

အမေရိကန်ရော အာဆီယံမှ ယခုကိစ္စအတွက် ရည်မှန်းချက်ကိုယ်စီရှိလိမ့်မည်ဟု ယူဆရပြီး အမေရိကန်က အစိုးရပြောင်းလဲရေးကို ဦးတည်သော်လည်း အာဆီယံက ယခုအစိုးရက ပိုမိုကောင်းမွန်သော အစိုးရအဖြစ် မြင်လိုခြင်း ဖြစ်ပါသည်။ အဆိုပါ မတူညီသော နည်းဗျူဟာကြောင့် မြန်မာနိုင်ငံတွင် ရည်မှန်းထားသလို ဖြစ်စေရေးအတွက် နှောင့်နှေးစေမည် ဖြစ်ပြီး အာဆီယံနှင့် အမေရိကန်ကြား ဆက်ဆံရေးကို ခက်ခဲစေပါသည်။

0 comments:

Post a Comment