Transparency Myanmar

transparency.myanmar@gmail.com

eaglecentre.blogspot.com မှကူးယူဖော်ပြသည်။
Oct 5,2009(VNA Hanoi)

အောက်တိုဘာ ၂ ရက်နေ့က ကျင်းပပြီးစီးခဲ့သည့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ၏ ၁၂ ကြိမ်မြောက် အစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ ဗီယက်နမ်ကိုယ်စားလှယ်က မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသော အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

လူ့အခွင့်အရေးကောင်စီ၏ နည်းပညာဆိုင်ရာ အကူအညီများနှင့် ကမ္ဘောဒီးယားနိုင်ငံတွင်း စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးရေးတို့နှင့် ပတ်သက်၍ ပြောကြားရာတွင် ဗီယက်နမ်သံအမတ်ကြီး Vu Dung က နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ်များတွင် အစိုးရနှင့် ပြည်သူများက ဆောင်ကြဉ်းပေးနိုင်သော လက်ရှိ အောင်မြင်မှုရလဒ်များနှင့် နိုင်ငံတွင်း လွတ်လပ်၍ အခြေခံကျသော လူ့အခွင့်အရေးစံနှုန်းများ တိုးတက်ထူထောင်နိုင်မှုကို ချီးကျူးပြောဆိုလိုက်သည်။

ကုလသမဂ္ဂ ဒဗလျူတီအို(WTO)နှင့် နိုင်ငံတကာ အဖွဲ့အစည်းများဆိုင်ရာ ဗီယက်နမ်နိုင်ငံ အမြဲတမ်းသံအမတ်ကြီး Dung က ကောင်းမွန်သော ရလဒ်များ အပါအဝင် ကမ္ဘောဒီးယား အစိုးရ ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို ဖော်ပြပြောဆိုခဲ့ပြီး ၎င်းအခက်အခဲနှင့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် လူ့အခွင့်အရေးကောင်စီနှင့် နိုင်ငံတကာအဖွဲ့အစည်းများကို တိုက်တွန်းလိုက်သည်။

မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားနိုင်ငံရေးအကျဉ်းသားများကိစ္စနှင့် ပတ်သက်၍ ပြောဆိုရာတွင် နိုင်ငံတွင်းရှိ ပြည်သူများအပေါ် ဆုံးဖြတ်ချက်များ ချမှတ်ခြင်းသည် နိုင်ငံများ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကို ချိုးဖောက် စွက်ဖက်ခြင်းပင် ဖြစ်ကြောင်း မှတ်ချက်ချခဲ့သည်။

0 comments:

Post a Comment