Transparency Myanmar

transparency.myanmar@gmail.com

ဗီယက်နမ်သမ္မတက မြန်မာဗိုလ်ချုပ်ကြီးကို လက်ခံတွေ့ဆုံ

(VNA / VOV News)

ဗီယက်နမ်သမ္မတ ငုယင်မင်းထရက် (Nguyen Minh Triet) သည် ဗီယက်နမ် ကာကွယ်ရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတို့ ကာကွယ်ရေးတွင် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် လက်မှတ် ရေးထိုးခြင်းကို ကြိုဆိုထောက်ခံလိုက်သည်။

ဗီယက်နမ်ခေါင်းဆောင်က မြန်မာနိုင်ငံ လက်ရှိတွေ့ကြုံနေရသော အခက်အခဲများနှင့် နှစ်နိုင်ငံ အပြန်အလှန်တိုးတက်မှုများကို ဝေမျှခံစားပြီး ကူညီလိုပါကြောင်း မြန်မာစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရွှေမန်းအား ဟနွိုင်းမြို့တွင် အောက်တိုဘာ ၂၁ ရက်နေ့က တွေ့ဆုံ၍ ပြောကြားခဲ့သည်။

မစ္စတာ ထရက်က မြန်မာဗိုလ်ချုပ်ကြီး၏ ခရီးစဉ်သည် နှစ်နိုင်ငံအကြား ကာကွယ်ရေးဆိုင်ရာ ဆက်ဆံမှုများကို ပိုမိုလုပ်ဆောင်ရန် အစပျိုးသည့် အဆင့်တစ်ခုသာ ဖြစ်ကြောင်း၊ နှစ်နိုင်ငံ လူထုအကြား ဆက်ဆံရေးကိုလည်း ပိုမိုခိုင်မာလာစေမည် ဖြစ်ကြောင်း ပြောခဲ့သည်။

မြန်မာနိုင်ငံသည် လာမည့်နှစ်တွင် ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ပြီး အခက်အခဲများနှင့် စိန်ခေါ်မှုများကို ကျော်လွှားကာ ငြိမ်းချမ်း၍ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် အဖြစ်သို့ ပြောင်းလဲနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားသည်။

ဗိုလ်ချုပ်ကြီးရွှေမန်းက ၎င်း၏ အလည်အပတ်ခရီးစဉ်သည် နှစ်နိုင်ငံ တပ်မတော်များနှင့် လူထုအကြား ဆက်ဆံရေးကို ပိုမိုခိုင်မာလာစေမည် ဖြစ်ကြောင်း ပြောကြားပါသည်။ ၎င်းကပင် ဆက်လက်၍ ဗီယက်နမ်က ခံစားခဲ့ရသော ဖွံ့ဖြိုးတိုးတက်ရေး အတွေ့အကြုံများနှင့်အတူ မြန်မာနိုင်ငံသည် ပိုမို၍ ငြိမ်းချမ်းတည်ငြိမ်ပြီး ဖွံ့ဖြိုးသော နိုင်ငံဖြစ်လာရေးကိုမျှော်လင့်ကြောင်း ပြောသည်။

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံမှ ဗီယက်နမ်သမ္မတကြီးကို မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ကြောင်း ပြောကြားရာ သမ္မတကြီး ထရက်က ဝမ်းမြောက်စွာဖြင့် လက်ခံခဲ့သည်။

 


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment