Transparency Myanmar

transparency.myanmar@gmail.com

17 Nov 2009
နိုင်ငံတကာ အကူအညီများမှ တစ်နှစ်လျှင် ဒေါ်လာဘီလျံပေါင်းများစွာ ရနေသော
ဆိုမာလီယာ နှင့် အာဖဂန်နစ္စတန် နိုင်ငံများသည် ကမ္ဘာပေါ်တွင် အဆိုးဝါးဆုံး
အကျင့်ပျက် လာဘ်စားသော နိုင်ငံများ ဖြစ်သည်ဟု နိုင်ငံတကာ စောင့်ကြည့်
လေ့လာရေး အဖွဲ့က ပြောကြားလိုက်သည်။
Transparency International က ထုတ်ပြန်သော နှစ်ပတ်လည် အစီရင်ခံစာတွင်
စစ်ကြောင့် ပျက်စီးယိုယွင်းနေသော ဆိုမာလီယာနိုင်ငံက ကမ္ဘာ့အကျင့်ပျက်
လာဘ်စားမှု အများဆုံး အဖြစ် ထိပ်ဆုံးမှ ရပ်တည်နေပြီး ၎င်း၏နောက်တွင်
အာဖဂန်နစ္စတန်၊ မြန်မာ၊ ဆူဒန် စသဖြင့် အစဉ်လိုက် ရပ်တည် နေပါသည်။
ဘာလင် အခြေစိုက် အဖွဲ့အစည်း၏ နောက်ဆုံး ထုတ်ပြန်ချက်အရ
စည်းကမ်းလိုက်နာမှု အရှိဆုံးမှာ နယူးဇီလန်ဖြစ်ပြီး ဒိန်းမတ်၊ စင်ကာပူ၊
ဆွီဒင်စသဖြင့် အစဉ်လိုက် ရှိနေပါသည်။ ကေနဒါက ၾသစေၾတးလ်၊
အိုက်စလန်တို့နှင့်အတူ ပူးတွဲ နံပါတ် ၈ နေရာကို ရရှိခဲ့ပြီး
အမေရိကန်ပြည်ထောင်စု က နံပါတ် ၁၉ ချိတ်ပါသည်။
အကျင့်ပျက်ခြစားမှု အနည်းဆုံး နိုင်ငံများ၏ လေးစားဖွယ်
စွမ်းဆောင်ချက်များမှာ ၎င်းတို့၏ နိုင်ငံရေး တည်ငြိမ်မှု သက်တမ်းရှည်
ခိုင်မာနေသော စည်းမျဉ်းစည်းကမ်းများ၏ ထိန်းချုပ်နိုင်မှု၊ ကျစ်လစ်၍
စွမ်းဆောင်ရည် ပြည့်ဝသော လူထုအဖွဲ့အစည်းများ ရှိနေမှုတို့နှင့်
သက်ဆိုင်သည်ဟု လေ့လာရေး အဖွဲ့က သတ်မှတ်ပါသည်။
နိုင်ငံအစိုးရများ၏ အကျင့်ပျက်ခြစားမှုကို လက်ခံတုန့်ပြန်မှု သဘောထား
အပေါ်တွင် ကျွမ်းကျင်သူများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ (ကမ္ဘာ့ဘဏ်၊
ကမ္ဘာ့စီးပွားရေးဖိုရမ်) ၏ တိုင်းထွာ သုံးသပ်ချက်များကို အခြေပြု၍
Transparency International ၏ အဆင့်အတန်း သတ်မှတ်ချက်ကို ထုတ်ပြန်ခြင်း
ဖြစ်သည်။
အကျင့်ပျက် လာဘ်စားမှု အများဆုံး အဖြစ် သတ်မှတ်ခံရသော နိုင်ငံများမှာ
၎င်းတို့ နိုင်ငံတွင်းရှိ ကြာရှည်စွာ အမြစ်တွယ်နေသော ပြဿနာ
အကျပ်အတည်းများကြောင့် ၎င်းတို့၏ အစိုးရအဖွဲ့အစည်းနှင့် အခြေခံအဆောက်အဦများ
ယိုယွင်း ပျက်စီးခဲ့ခြင်း ဖြစ်သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားပါ သည်။
Transparency International 2009 အကျင့်ပျက်ခြစားမှု သတ်မှတ်ချက်အညွှန်း
အကျင့်ပျက်ခြစားမှုအများဆုံး ထိပ်ဆုံး ၁၀ နိုင်ငံ
- ဆိုမာလီယာ
- အာဖဂန်နစ္စတန်
- မြန်မာ
- ဆူဒန်
- အီရတ်
- ချဒ်
- ဥစဘတ်ကစ္စတန်
- တပ်စ်မင်နစ္စတန်
- အီရန်
- ဟေတီ
အကျင့်ပျက်ခြစားမှု အနည်းဆုံး ထိပ်ဆုံး ၁၀ နိုင်ငံ
- နယူးဇီလန်
- ဒိန်းမတ်
- စင်ကာပူ
- ဆွီဒင်
- ဆွစ်ဇာလန်
- ဖင်လန်
- နယ်သာလန်
- သြစတြေးလျ၊ ကနေဒါ၊ အိုက်စလန်
- နော်ဝေး
- ဟောင်ကောင်

--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment