Transparency Myanmar

transparency.myanmar@gmail.com

Date: 16 - Nov - 2009
ဇင်ဘာဘွေ ဝန်ကြီးချုပ် မော်ဂန်ဆဗန်ဂီရိုင်း သည် တောင်အာဖရိက
ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်း၏ ကြားဝင် စေ့စပ်ပေးမှုဖြင့်
ကျင်းပမည်ဖြစ်သော အစိုးရတွင်း ညှိနှိုင်းဆွေးနွေးပွဲအတွက် မူဝါဒ
အကြမ်းထည်ကို ဆွေးနွေးရန် ၎င်း၏ Movement for Democratic Change နှင့်
ZANU-PF မှ စေ့စပ်ညှိနှိုင်းရေးမှူးများနှင့် တနင်္လာနေ့က တွေ့ဆုံခဲ့ပါသည်။
ဆဗန်ဂီရိုင်းနှင့် တွေ့ဆုံခဲ့သူများမှာ တရားရေးဝန်ကြီး Patric
Chinamasa၊ ပို့ဆောင်ရေး ဝန်ကြီး Nicolas Goche (ZANU-PF) နှင့်
ဘဏ္ဍာရေးဝန်ကြီး Tendai Biti (၎င်း၏ ပါတီမှ) တို့ ဖြစ်ပါသည်။
MDC ဘက်မှ စေ့စပ်ရေးမှူးများကို ဦးဆောင်သူ ဒုတိယ ဝန်ကြီးချုပ် Arthur
Mutambara တက်ရောက်ခဲ့ခြင်း မရှိဘဲ ခရီးလွန်နေသည်ဟု သိရှိရပါသည်။
သမ္မတ ရောဘတ်မူဂါဘီ အပါအဝင် ညွန့်ပေါင်းအစိုးရ အကြီးအကဲ (၃) ဦးသည်
သောကြာနေ့က တွေ့ဆုံခဲ့ကြပါသည်။
အထက်ပါ အကြီးအကဲများ၏ သောကြာနေ့ တွေ့ဆုံမှု နောက်ဆက်တွဲအဖြစ် တနင်္လာနေ့
အစည်းအဝေးကို ကျင်းပခဲ့ခြင်းဖြစ်သည်ဟု ဆဗန်ဂီရိုင်း၏ ပြောခွင့်ရပုဂ္ဂိုလ်
ဂျိမ်းမာရီဒါဒီက VOA စတူဒီယိုဆဲဗင်း သတင်းထောက်သို့ ပြောကြားခဲ့ပါသည်။
နိုင်ငံရေးလေ့လာသူ အီမင်နျူဝယ် လဘန်ဂါနာ က သတင်းထောက် တန်ဂါမီလီကိုမို
ကို ပြောကြားရာတွင် ကမ္ဘာက သဘောတူထားသော နိုင်ငံရေးလုပ်ငန်းစဉ်ကို
အပြည့်အဝ အကောင်အထည်ဖော်ရန် ZANU-PF က ဆန္ဒအနည်းငယ်သာ ရှိပုံရကြောင်း၊
ယခုအချိန်ထိ အကောင်းဆုံး ဖြေရှင်းနည်းဟု သတ်မှတ်ထားသော ကိစ္စရပ်သည် အစ
ကနဦးကပင် အာဏာခွဲဝေရာတွင် အခက်အခဲများရှိခဲ့ပြီး၊ ယခုတစ်ကြိမ် ရက် (၃၀)
အတွင်း ပါတီများ တွေ့ဆုံ၍ အာဏာ ခွဲဝေရေးမှာလည်း ဖြစ်နိုင်ဖွယ်
မရှိကြောင်း သုံးသပ်ပြခဲ့ပါသည်။
အခြားတနေရာတွင်လည်း ဝန်ကြီးချုပ်၏ MDC အဖွဲ့ ဘဏ္ဍာရေးမှူး ဆီနိတ်တာ Roy
Bennett သည် ၎င်းတာဝန်ယူစဉ်ကာလအတွင်း ပါဝင်ပတ်သက်ခဲ့သော လက်နက်မှုမှ ၎င်းအား
ကယ်ဆယ်ရန် တရားသူကြီးချုပ်က ငြင်းပယ်ခဲ့ပြီးနောက် ယခု တနင်္လာနေ့တွင်
အဆိုပါ အကြမ်းဖက်မှုနှင့် ဆက်စပ်သော လက်နက်များကိစ္စနှင့် ပတ်သက်၍ ၎င်းအား
ကြားနာစစ်ဆေးခြင်း ကို ဟာရာရီ၌ ပြုလုပ်ခဲ့ပါသည်။
ရှေ့နေချုပ် ဂျိုဟန်း တိုမာနာ ဦးဆောင်သော အစိုးရရှေ့နေများက Bennett
သည် ရန်ပုံငွေများကို မိုဇမ်ဘစ်နိုင်ငံမှတဆင့် Peter Hitschman ထံ
လွှဲပြောင်းခဲ့ကြောင်း စွပ်စွဲခဲ့ပါသည်။ Hitschman သည် ယခု
တရားစွဲဆိုမှုတွင် အရေးကြီးသော သက်သေတစ်ဦး ဖြစ်ပြီး၊ လက်နက် ပိုင်ဆိုင်မှု
ဥပဒေအရ ၂၀၀၆ တွင် ထောင်ထဲ ဝင်ခဲ့ရသူ ဖြစ်သည်။
Hitschman အဖမ်းခံရမှုနှင့် ပတ်သက်သော ရဲစုံစမ်းရေး စစ်ဆေးရေးမှူး၏
ထွက်ဆိုချက်ကို Bennett ၏ ရှေ့နေများက စောဒကတက်ခဲ့ပြီးနောက်
ကြားနာစစ်ဆေးမှုကို ရပ်နားခဲ့ပါသည်။

--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment