Transparency Myanmar

transparency.myanmar@gmail.com

Mizzima,Mungpi,7 Dec 2009

          ဒိန်းမတ်နှင့် နော်ဝေးရှိ မြန်မာ့ နိုင်ငံရေး လှုပ်ရှားသူများသည် ဥရောပသမဂ္ဂအား မြန်မာစစ်တပ် အုပ်ချုပ်သူများအပေါ် နဂို အနေအထားအတိုင်း ဆက်လက် ဆက်ဆံရေးအတွက် အားဖြည့်ရန် တိုက်တွန်း ခဲ့ပါသည်။ မြန်မာအစိုးရ အဆင့်မြင့် အာဏာပိုင်များကို ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများသို့ လည်ပတ်ရေးအတွက် အထူးချွင်းချက်များ မပေးရန် တောင်းဆိုခဲ့ကြပါသည်။

          မြန်မာနိုင်ငံ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်သည် အင်္ဂါနေ့က ကမ္ဘာ့ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲရေး ကွန်ဖရင့် တက်ရောက်ရန် ကိုပင်ဟေဂင်သို့ ရောက်ရှိလာခြင်းကြောင့် နိုင်ငံရေး လှုပ်ရှားသူများက အထက်ပါအတိုင်း တောင်းဆိုလိုက်ကြခြင်း ဖြစ်ပါသည်။

          မိမိတို့သည် ဥရောပသမဂ္ဂအား ၎င်း၏ အနေအထား (Common Position) ကို ပြန်လည် စစ်ဆေးရန် တောင်းဆိုရခြင်းမှာ အကယ်၍ ဥရောပတွင် ကျင်းပသော ကုလသမဂ္ဂ ကွန်ဖရင့်များကို တက်ရောက်ခြင်းမှ ကင်းလွတ် ခွင့်ပြုခဲ့မည်ဆိုလျှင် ဥရောပသမဂ္ဂ၏ အနေအထားသည် ဘာမျှ သက်ရောက်လိမ့်မည် မဟုတ်သောကြောင့် ဖြစ်သည်ဟု ကိုပင်ဟေဂင်တွင် ဦးဆောင်လှုပ်ရှားသူ မြင့်ဝေက မဇ္ဈိမသို့ ပြောကြားခဲ့ပါသည်။

          နိုင်ငံရေး လှုပ်ရှားသူ (၅၀) ခန့်သည် အင်္ဂါနေ့က ကိုပင်ဟေဂင် Bella Centre ရှေ့တွင် စုရုံး၍ မြန်မာဝန်ကြီးချုပ်အား ဆန့်ကျင်သည့် ဆောင်ပုဒ်များ ရေးသားထားသည့် ဘုတ်များကို ကိုင်ဆောင် ဆန္ဒပြကြပါသည်။

          နော်ဝေးမှ လှုပ်ရှားသူများလည်း မိမိတို့နှင့် ပူးပေါင်း ပါဝင်လာကြကြောင်း၊ ယခုကဲ့သို့ ဆန္ဒပြရခြင်းမှာ မြန်မာစစ်အစိုးရသည် တရားဝင် အစိုးရမဟုတ်ကြောင်း ကမ္ဘာက သိစေလိုပြီး၊ ၎င်းတို့ အတွက် ယခုညီလာခံတွင် နေရာမရှိကြောင်း ပြသလို၍ ဖြစ်သည်ဟု မြင့်ဝေက ဖြည့်စွက် ပြောကြားပါသည်။ မြင့်ဝေသည် Forum of Burmese in Europe (FBE) ၏ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပါသည်။

          ဥရောပသမဂ္ဂသည် မြန်မာစစ်အစိုးရကို အရေးယူ ပိတ်ဆို့မှုများ ချမှတ်ထားရာ၊ စစ်တပ် အာဏာပိုင်များနှင့် မိသားစုဝင်များအား ပြည်ဝင်ဗီဇာ ပိတ်ခြင်းလည်း ပါဝင်ပါသည်။

          ဒိန်းမတ်သည် EU အဖွဲ့ဝင်နိုင်ငံ ဖြစ်သောကြောင့် ၎င်းအနေဖြင့် မြန်မာနိုင်ငံအပေါ် သတ်မှတ်ထားသော အဆင့် သတ်မှတ်ချက် (Common Position) များကို လိုက်နာသင့်သည်ဟု မြင့်ဝေက ပြောပါသည်။

          ၎င်းက ဆက်လက် ပြောကြားရာတွင် မြန်မာအစိုးရအနေဖြင့် နိုင်ငံရေးအရ ပေါင်းစည်းမှုကို တွေ့ဆုံ ဆွေးနွေးမှုဖြင့် စတင် ပြုလုပ်သင့်ကြောင်း၊ မြန်မာနိုင်ငံသည် သစ်တောနှင့် သဘာဝ သယံဇာတများကို အကြီးအကျယ် ဖျက်ဆီးလျက် ရှိနေသောကြောင့် ပတ်ဝန်းကျင်နှင့် ရာသီဥတုအပေါ် ကြီးမားသော ရိုက်ခတ်မှုများ ရှိနေသည်ဟု ဆိုပါသည်။

          နိုင်ငံရေး တည်ငြိမ်မှု မရှိဘဲ ပတ်ဝန်းကျင် တိုးတက်မှုအတွက် အထောက်အကူဖြစ်မည့် ရေရှည် မူဝါဒများ မရနိုင်ကြောင်း ၎င်းတို့က ပြောပါသည်။

          မြင့်ဝေက ဆက်လက် ပြောကြားရာတွင် မိမိတို့သည် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးပြီး သူမနှင့် တွေ့ဆုံ ဆွေးနွေးမှု စတင်ရန် တောင်းဆိုခဲ့ကြသည်ဟု ဆိုသည်။

          ဒိန်းမတ်၊ နော်ဝေး၊ ဂျာမနီ၊ ဗြိတိန်၊ ဆွီဒင်နှင့် ချက်တို့တွင် ပြန်လည် နေရာချထားခြင်း ခံရသော မြန်မာများ စုပေါင်း၍ Forum of Burmese in Europe (FBE) ကို ဖွဲ့စည်းပြီး မြန်မာနိုင်ငံတွင် ၎င်းတို့ အိပ်မက် မက်ခဲ့သော ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ရေးအတွက် တက်ကြွစွာ လှုပ်ရှားနေကြပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment