Transparency Myanmar

transparency.myanmar@gmail.com

          အိန္ဒိယ-မြန်မာ ၂ နိုင်ငံ နယ်စပ်ကို ဖြတ်သန်းသွားသော ကုလားတန်မြစ်ကိုရောက်ရှိမည့် ဒေါ်လာသန်း ၁၄၀ တန်ဘိုးရှိ အဝေးပြေးလမ်းကို အိန္ဒိယနိုင်ငံက ၎င်း၏အရှေ့မြောက်ဒေသတွင် ဖောက်လုပ်နေပါသည်။

          မြန်မာနိုင်ငံကမ်းရိုးတန်း စစ်တွေသို့ စုန်ဆင်းသွားသော ကုလားတန်မြစ်၏ ကီလိုမီတာ ၂၀၀ ရှည်သော ရေကြောင်းလမ်းကို တိုးတက်လာစေရေးအတွက် ဒေါ်လာသန်း ၁၀၀ တန် ဘက်စုံ ဖွံ့ဖြိုးရေး လုပ်ငန်းအား သီးခြားဆောင်ရွက်ရန် အိန္ဒိယက ဆွေးဆွေးညှိနှိုင်းနေပါသည်။

          ယခုတည်ဆောက်နေသော ကီလိုမီတာ ၁၀၀ ရှည်သည့် အဝေးပြေး လမ်းသစ်သည် အိန္ဒိယ နိုင်ငံ မီဇို ရမ်ပြည်နယ်ကို ဖြတ်သန်းသွားမည်ဖြစ်သည်။

          မြန်မာနိုင်ငံ ဘင်္ဂလားပင်လယ်အောင် ကမ်းခြေသို့ ဆက်သွယ်မည့် ကုန်သွယ်ရေးလမ်း ကြောင်းအတွက် အိန္ဒိယနိုင်ငံက တွန်းအားပေးလျက်ရှိပြီး အိန္ဒိယအရှေ့မြောက်ဒေသနှင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ် တို့ကြားတွင် ကုန်သွယ်မှု တိုးတက်လာစေမည့် အခြေခံတူညီမှုများ ရှိနေပါသည်။

          အိန္ဒိယ ကန်ထရိုက်တာများက ယိုယွင်းနေသော စစ်တွေ ဆိပ်ကမ်းကိုလည်း ပြုပြင်မွန်းမံရန် မျှော်လင့် ထားကြပါသည်။

          မီဇိုရမ်နှင့် စစ်တွေအကြား ကုန်သွယ်ရေး လမ်းကြောင်းကို ဖွင့်လှစ်လိုက်သည်နှင့် ဒေါ်လာသန်း ၁၀၀ ကျော် တန်ဘိုးရှိသော ကုန်သွယ်ရေး အကျိုးခံစားခွင့်များကို ချက်ခြင်း ဆောင်ကြဉ်း ပေးလိမ့်မည်ဟု အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသ စက်မှုနှင့် ကူးသန်း ရောင်းဝယ်ရေး ဖက်ဒရေးရှင်း ဥက္ကဌ R.S Joshi က မှန်းဆပြောကြားခဲ့ကြောင်း အိန္ဒိယ Business Standard သတင်းစာက ဖော်ပြခဲ့ပါသည်။ မကြာမှီ အချိန်အတွင်း "ကြီးကြီးမားမား ပေါက်မြောက် သွားလိမ့်မည်"ဟု မျှော်လင့်ထားကြောင်းလည်း ၎င်းကဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment