Transparency Myanmar

transparency.myanmar@gmail.com

Irrawaady, 26 Dec 2009

          မြန်မာနိုင်ငံကို ဖြတ်သန်း၍ ရခိုင်ပြည်နယ် ကမ်းရိုးတမ်းမှ တရုတ် ယူနန်ပြည်နယ်သို့ ဆက်သွယ် တည်ဆောက်မည့် ကီလိုမီတာ ၈၀၀ ရှည်သော ရေနံပိုက်လိုင်းနှင့် ပတ်သက်၍ ၁၀၀ ရာနှုန်းပြည့် ပိုင်ဆိုင်ခွင့်နှင့် စီမံခန့်ခွဲရေး လုပ်ပိုင်ခွင့်များ ရရှိခဲ့သည်ဟု တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း CNPC က ပြောကြားပါသည်။

          အဆိုပါ ပိုက်လိုင်း လုံခြုံရေးအတွက် မြန်မာအစိုးရက အာမခံရမည်ဟု တရုတ်နိုင်ငံပိုင် CNPC က ယခုသီတင်းပတ်၌ ၎င်း၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့ပါသည်။

          ပိုက်လိုင်း လုံခြုံရေးအတွက် မြန်မာစစ်တပ်တွင် တာဝန်ရှိသည်ဟု ၎င်းကြေငြာချက်က ဆိုလိုပုံ ရပါသည်။

          အဆိုပါ ပိုက်လိုင်း တည်ဆောက်မှုကြောင့် ဒေသခံ ပြည်သူများအပေါ် မြန်မာစစ်တပ်၏ ဖိနှိပ်မှုများ၊ အဓမ္မခိုင်းစေမှုများ ဖြစ်ပွားလာနိုင်သည်ဟု လူ့အခွင့်အရေး အဖွဲ့များက စိုးရိမ်ပူပန်နေပါ သည်။

          ရခိုင်ပြည်နယ် မဒေးကျွန်း ကျောက်ဖြူမှ တရုတ်နယ်စပ် ရွှေလီသို့ ဆက်သွယ်မည့် ဒေါ်လာ ၁.၅ ဘီလျံ တန်ဖိုးရှိသော ပိုက်လိုင်းသည် မြန်မာအစိုးရနှင့် ရင်ဆိုင်နေသည့် တိုင်းရင်းသား လက်နက်ကိုင်များ ထိန်းချုပ်ထားသည့် နယ်မြေများ အနီးမှ ဖြတ်သန်း သွားမည်ဖြစ်သည်။

          အဆိုပါ ရေနံပိုက်လိုင်းသည် တစ်နှစ်လျှင် ရေနံစိမ်း တန်ပေါင်း ၁၂ သန်း (သို့) တနေ့လျှင် ရေနံစည်ပေါင်း ၂၄၀၀၀၀ ခန့် သယ်ပို့ ပေးနိုင်မည်ဟု Xinhua သတင်း အေဂျင်စီ၏ အဆိုအရ သိရပါ သည်။ အချို့သော တရုတ် သတင်းများကမူ ထိုပမာဏထက် များစွာ ပိုလိမ့်မည်ဟု ဆိုပါသည်။

          တရုတ်တို့သည် အရှေ့အလယ်ပိုင်းနှင့် အာဖရိကမှ လာသော ရေနံတင်သင်္ဘောများ ဆိုက်ကပ်ရန်အတွက် ကြီးမားသော ဆိပ်ကမ်းတစ်ခုကို ကျောက်ဖြူတွင် တည်ဆောက်ရန်ရှိပြီး မလက္ကာ ရေလက်ကြားနှင့် စင်ကာပူကို ဖြတ်သန်း၍ အသုံးပြုနေကျ ရေလမ်းကြောင်းကို ရေကြော ရှုံ့ရန် ရည်ရွယ်ခြင်း ဖြစ်သည်။

          ပြီးခဲ့သော နိုဝင်ဘာလတွင် ရေနံပိုက်လိုင်း တည်ဆောက်မည့် မဒေးကျွန်းပေါ်မှ လယ်ယာများ ကို လျော်ကြေးမပေးပဲ မြန်မာစစ်တပ်က သိမ်းယူခဲ့သည်ဟု လူ့အခွင့်အရေး အဖွဲ့များက အစီရင်ခံခဲ့ပါ သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment