Transparency Myanmar

transparency.myanmar@gmail.com

(Reuter 13th Oct, 2009)

မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်မှုကြောင့် နွေးထွေးနေသော အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးကို ထိခိုက်စေမည် မဟုတ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ မြောက်ကိုရီးယားမှ တာတိုပစ်ဒုံးကျည် ပစ်ခတ်စမ်းသပ်မှု နောက်ထပ်ပြုလုပ်မည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် ယခုကဲ့သို့ ပြောကြားခြင်း ဖြစ်ပါသည်။
ပြောရေးဆိုခွင့်ရှိသူ Ma Zhaoxu က ကျွန်ုပ်တို့အနေဖြင့် သက်ဆိုင်သည့် သတင်းအချက်အလက်များနှင့် ဒုံးကျည် ပစ်လွှတ်မှု ကိစ္စကို သိရှိပါကြောင်း ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။
"ဒီကိစ္စဟာ ကိုရီးယား ကျွန်းဆွယ်မှာ တင်းမာမှု လျော့ကျအောင် လုပ်နေတဲ့ လမ်းကြောင်းကို ထိခိုက်မှာ မဟုတ်ပါဘူး" ဟုလည်း ဆက်လက် ပြောကြားခဲ့သည်။ ပြုံးယမ်းမှ ၎င်းတို့သည် နျူကလီယာ အစီအစဉ် အဆုံးသတ်ရန် ကိစ္စအတွက် အပြည်ပြည်ဆိုင်ရာနှင့် ဆွေးနွေးမှုကို ပြန်လည် လုပ်ဆောင်လိုသည်ဟု ပြောကြားပြီးနောက် ဤဒုံးကျည် စမ်းသပ်ပစ်လွှတ်ခြင်းကို တနင်္လာနေ့က လုပ်ဆောင်ခဲ့ပါသည်။ () လတာ ကာလအတွင်း ပထမဆုံးအကြိမ် စမ်းသပ်ခြင်း ဖြစ်ပါသည်။ သို့သော် ၎င်းတို့က အမေရိကန်နိုင်ငံနှင့် ဦးစွာ ပထမညှိနှိုင်းမှုများ ပြုလုပ်လိုကြောင်း ပြောခဲ့ပါသည်။



--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

(New York Times 30th Sept, 2009)

ဟီးရိုးအင်းကို ထိုင်းနိုင်ငံရှိ သစ်တောများ ဖုံးလွှမ်းနေသော တောင်ကုန်းများကို ဖြတ်ကျော်၍ သယ်ယူပို့ဆောင်ခဲ့သည်မှာ ရာစုနှစ် တစ်ဝက်ခန့် ရှိပြီ ဖြစ်သည်။ ပထမအဆင့်ခရီးစဉ်အဖြစ် ဆစ်ဒနီ၊ ဗင်ကူးဗား၊ ကနေဒါတို့ အထိ သယ်ယူပို့ဆောင် ပေးခဲ့သည်။ ယခုအခါ မြောက်မြားစွာသော ဟီးရိုးအင်းနှင့် မက်သာဖီတာမင်း (Methamphetamines) တို့သည် မြန်မာအတွင်းမှ ဖြတ်ကျော်သယ်ဆောင်လာပြီး မူးယစ်ဆေးဝါးရောင်းဝယ်သူများက ထိတ်လန့် ရောင်းချနေကြသည်ကို မူးယစ် ဆေးဝါး ဆန့်ကျင်ရေးအဖွဲ့ဝင်များက တွေ့ရှိနေရပါသည်။
ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဌာန၏ မြောက်ပိုင်းဌာနခွဲ၏ ဒါရိုက်တာ Pornthep Eamprapai က ပစ္စည်း အပြတ်ဖြတ်၊ အပြောင်ရှင်း ရောင်းချခြင်း ဖြစ်ကြောင်း ပြောကြားပါသည်။ ၎င်းသည် မြန်မာနိုင်ငံ တရားမဝင် မူးယစ်ဆေးဝါးကိစ္စနှင့် ပတ်သက်၍ အနှစ် (၃၀) ခန့် အတွေ့အကြုံရှိနေသူ ဖြစ်သည်။ နယ်စပ်ရှိ အရောင်းအဝယ် သမားအ ချို့မှာ အကြွေးဖြင့် ဝယ်ယူနေပြီး ငွေသားဖြင့် ပေးချေရန်ပင် မလိုကြောင်း၊ ဤသည်မှာ သူ ပထမဆုံးအကြိမ် တွေ့ကြုံဖူးခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံ မြောက်ပိုင်းတွင် ဟီးရိုးအင်း ဖမ်းဆီးရရှိမှုသည် မနှစ်ကထက် အဆ ၂၁၀၀ ခန့် တိုးလာသည်။ ဩဂုတ်လအထိ (၁၀) လအတွင်း ဟီးရိုးအင်း ၁၂၆၈ ကီလိုဂရမ် (၂၇၉၅) ပေါင် ဖမ်းဆီး ရမိခဲ့သည်။ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဌာန၏ ပြောဆိုချက်အရ လွန်ခဲ့သည့် နှစ်က ၅၇ ကီလိုဂရမ်သာ ဖမ်းဆီးရမိခဲ့ပါသည်။
အဆိုပါ ရောင်းဝယ်မှု မြင့်တက်လာရခြင်းမှာ မြန်မာနိုင်ငံ မြောက်ပိုင်းစွန်းဒေသများ တွင် နိုင်ငံရေးအခြေအနေ ဆိုးရွားလာသောကြောင့် ဖြစ်သည်။ လာမည့်နှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် ကျင့်သုံးခြင်းမပြုမီ ကာလအတွင်း စစ်အစိုးရသည် ထိုင်း၊ လာအိုနှင့် တရုတ်နယ်စပ်ရှိ လက်နက်ကိုင် လူမျိုးစုများကို တိုက်ခိုက်လျက် ရှိပါသည်။ အဆိုပါ လူမျိုးစုအဖွဲ့များအတွင်း အများစုမှာ တရားမဝင် မူးယစ်ဆေးဝါးများ ထုတ်လုပ်နေပြီး မြန်မာစစ်အစိုးရနှင့် တိုက်ခိုက်ရာတွင် အင်အားတောင့်တင်းအောင် သူတို့ သိုလှောင်ထားသော ဟီးရိုးအင်းနှင့် မက်သာဖီတမင်းများ ရောင်း၍ လက်နက်များ ဝယ်ယူလျက်ရှိသည်။
ထိုင်းနိုင်ငံ ချင်းမိုင်တွင် အခြေစိုက်သော အမေရိကန် မူးယစ်ဆေးဝါးထိန်းချုပ်ရေး အဖွဲ့ (DEA) မှ အေးဂျင့် Pamela Brown က မူးယစ်ဆေးဝါးရောင်းသူအမျိုးမျိုးသည် သူတို့ စုထားသည့် ကုန်များကို အကုန်ရောင်းနေကြကြောင်း၊ ဟီးရိုးအင်းများကို အစုလိုက် အပြုံလိုက် ရောင်းထုတ်ရန် ကြိုးပမ်းနေပြီး အချို့သင်္ဘောဖြင့် ပို့ဆောင်မှုများပင် အောင်မြင်လျက်ရှိကြောင်း ပြောပါသည်။
ဝ၊ ကချင်နှင့် ရှမ်းလူမျိုးများပါသော လူမျိုးစု အဖွဲ့များသည် ပြင်ပနှင့် ခပ်ခွာခွာ နေကြသည်။ ကျွမ်းကျင်သူများ၏ ပြောဆိုချက်အရ ကမ္ဘာ့ဟီးရိုးအင်း ထုတ်လုပ် ဖြန့်ဖြူးမှုသည် အဆိုပါ လူမျိုးစုများ၏ အနာဂတ်အခြေအနေပေါ်တွင် မူတည်နေကြောင်း ပြောကြားပါသည်။
မြန်မာနိုင်ငံ၏ မြောက်ပိုင်း တောင်ထူထပ်သော နေရာများတွင် မူးယစ်ဆေးဝါး ထုတ်လုပ်ခြင်းသည် တစ်ခုတည်းသော ငွေရရှိနိုင်သည့် နည်းလမ်းဖြစ်သည်။
မြန်မာပြည်မြောက်ပိုင်းတွင် လူမျိုးစု အဖွဲ့များနှင့် ဗဟိုအစိုးရတို့ ခွာပြဲကြခြင်းသည် ခေတ်သစ်အာရှအတွက် ပုံမှန်မဟုတ်ကြောင်း၊ တည်ငြိမ်မှုမရှိသော အခြေအနေမျိုး ဖြစ်ပေါ်အောင် ဖန်တီးမှုသာ ဖြစ်ပါသည်။ ဝ နှင့် ကချင်တို့သည် လက်နက်စုံလင်စွာ တပ်ဆင်ထားသော စစ်တပ်များ ရှိပြီး ဥရောပကိုလိုနီများက ပြည်နယ်အဖြစ် ပြဋ္ဌာန်းမှု မရှိစဉ်က စော်ဘွားအုပ်ချုပ်မှုမျိုးအောက်တွင် ရှိခဲ့ပါသည်။ အဆိုပါ လူမျိုးစုကလေးများကို ကိုယ်ပိုင်နိုင်ငံအဖြစ် ခွဲထွက်ရေးစိတ်ဓာတ်ကို ဥရောပကိုလိုနီက သွတ်သွင်းပေးခဲ့ပါသည်။
ယခုအခါ သူတို့၏ လွတ်လပ်မှုကို ကာကွယ်ရန် အစွမ်းကုန် ကြိုးစားသည့်အနေဖြင့် လက်နက်အင်အားပိုမိုရရှိအောင် ကွန်ယက်ဆက်သွယ်မှု ပြုလုပ်ထားကြောင်း၊ ချင်းမိုင်တွင် အခြေစိုက်သော ထိုင်းမူးယစ်ဆေးဝါး ဆန့်ကျင်ရေးအထူးအဖွဲ့မှ ဗိုလ်မှူးကြီး Peeranate Katetem ကပြောကြားခဲ့ပါသည်။ လွန်ခဲ့သည့် သုံးလခန့်က ကိုယ်စားလှယ်တစ်ဦးထံမှ ဒေါ်လာ ၂၅ သန်းတန်ဖိုးရှိသော M-16 သေနတ်များ ဝယ်ယူလိုကြောင်း ဖုန်းဖြင့်ဆက်သွယ်ခဲ့ကြောင်း ပြောပါသည်။ ပေါက်ကွဲ ပျက်စီးအား ရှိသည့် မည်သည့်အရာကိုမဆို ဝယ်လိုကြောင်း၊ လက်နက်နှင့် ဟီးရိုးအင်း လဲလှယ်ရန် ဆန္ဒရှိကြောင်း ပြောကြားသည်။ သို့သော် ၎င်းမှ ကူညီပေးရန် ငြင်းဆိုခဲ့ကြောင်းလည်း သိရှိရသည်။
မြန်မာစစ်အစိုးရနှင့် သူ၏ မိတ်ဖက်အဖွဲ့ဝင်များသည် ဇွန်လအတွင်းက ကရင်လူမျိုးစုများကို တိုက်ထုတ်ခဲ့ပြီး ဩဂုတ်လအတွင်းက တရုတ်လူမျိုးစု ကိုးကန့်တို့ကိုလည်း အောင်မြင်စွာ တိုက်ခိုက်ခဲ့သည်။ ဤအဖြစ်အပျက်ကြောင့် လူမျိုးစုခေါင်းဆောင်များအတွင်း နောက်တစ်လှည့်မှာ မိမိတို့ ဖြစ်နိုင်သည်ဟု ယူဆထားကြောင်း သိရှိရပါသည်။
ရွှေတြိဂံဟု အမည်တွင်သော ဤဒေသသည် တစ်ချိန်က ကမ္ဘာတွင် ဟီးရိုးအင်းထုတ်လုပ်မှုအတွက် အကျော်ကြားဆုံးဒေသ ဖြစ်ခဲ့ပါသည်။ ယခုနှစ်ပိုင်းအတွင်း ကမ္ဘာ့မူးယစ်ဆေးဝါး ထုတ်လုပ်မှု၏ () ရာခိုင်နှုန်းကို ထုတ်လုပ်ခဲ့ကြောင်း၊ ယခုအခါ အာဖဂန်နစ္စတန်မှ အများဆုံးထုတ်လုပ်သည့် နေရာကို ယူထားပါသည်။
အကယ်၍ မြန်မာပြည်တွင်းစစ် ပြန်လည် ဖြစ်ပွားပါက အထက်ပါ အနေအထားသည် ပြောင်းလဲသွားနိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးခဲ့သည်။ Rutgers University မှ ရာဇဝတ်မှု ကျွမ်းကျင် ပညာရှင်နှင့် Golden Triangle စာအုပ်ရေးသားသူ Ko-Lin Chin က မူးယစ်ဆေးဝါး ရောင်းဝယ်မှုသည် ပိုမိုကြီးမားလာ မည်ဖြစ်ကြောင်း၊ ယခုထိန်းချုပ်ထားသော ဒေသအများစုတွင် ဘိန်းစိုက် ပျိုးထုတ်လုပ်မှုကို ချဲ့ထွင် စိုက်ပျိုးလိမ့်မည်ဟု ယုံကြည်ကြောင်း ပြောပါသည်။
ဘိန်းကို သန့်စင်ခြင်းဖြင့် ရသည့် ဟီးရိုးအင်းကို သမားရိုးကျအတိုင်း ထိုင်း၊ လာအိုနှင့် ဗီယက်နမ်တို့မှ တစ်ဆင့် သယ်ဆောင်လာပြီး ဩစတြေးလျ၊ ဂျပန်၊ မလေးရှားနှင့် ထိုင်ဝမ်တို့အထိ ရောက်ရှိသွားကြောင်း၊ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအဖွဲ့ အေးဂျင့်မှ ပြောကြားသည်။
ဟီးရိုးအင်းကို တရုတ်ပြည်သို့ တိုက်ရိုက်တင်ပို့ကြောင်း၊ တရုတ်ပြည်တွင် မူးယစ်ဆေးဝါး သုံးစွဲမှုသည် ၁၉၉၀ ခုနှစ်ပိုင်းများတွင် ပိုမိုများလာကြောင်း၊ ရောင်းဝယ် သူများအတွက် အလွန်ကြီးမားသော ဈေးကွက်ရှိနေကြောင်း သိရှိရသည်။ အမေရိကန် နိုင်ငံတွင် ရောင်းချသော ဟီးရိုးအင်းမှာ ကိုလံဘီယာနိုင်ငံမှ လာကြောင်း အမေရိကန် အစိုးရ အရာရှိများမှ ပြောကြားပါသည်။
တောတောင်ထူထပ်၍ တောလမ်းများ ရှုပ်ထွေးနေသော မြန်မာနယ်စပ်တွင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုကို တားဆီးရန် ခက်ခဲကြောင်း၊ ထိုင်းနယ်စပ်သည် မြန်မာနိုင်ငံနှင့် ဆက်စပ်မှု  ရှိသည့် မြောက်ပိုင်းနယ်စပ်တွင် မူးယစ်ဆေးဝါးများကို တားဆီးရန် အင်အား ၁၅၀၀ ရှိသော တပ်တစ်ခုရှိကြောင်း၊ အဆိုပါ တပ်အတွက် ပိုမိုခေတ်မီသော လက်နက်များ၊ အထူးသဖြင့် ညကြည့်မျက်မှန်များ လိုအပ်ကြောင်း ပြောကြားသွားသည်။
ယခုအခါ မူးယစ်ဆေးဝါးရောင်းဝယ်မှုမှာ အသေးစား ရောင်းဝယ်မှုပုံစံသို့ ပြောင်းလာနေကြောင်း၊ ယခင်က မူးယစ်ဆေးဝါးရောင်းဝယ်သူများသည် လူ ၁၂ ယောက်ခန့်ပါဝင်သော လက်နက်အင်အား အပြည့်အစုံ တပ်ဆင်ထားသော လက်နက်ကိုင် အုပ်စုဖြင့် နယ်ခြားကို ဖြတ်ကျော်သယ်ဆောင်ကြောင်း သိရသည်။ ယခုအခါတွင် ပုရွက်ဆိတ်များကဲ့သို့ အရပ်ဒေသအမျိုးမျိုးကို ခွဲခြား၍ သယ်ယူကြောင်း ဗိုလ်မှူးကြီး Peeranate က ပြောပါသည်။
 Doi Chang Moob စစ်စခန်းမှ ဒုဗိုလ် Rungrot Lobbamrung က ညတိုင်း မူးယစ်ဆေးဝါးရောင်းဝယ်မှု အတွက် လှုပ်ရှားလေ့ရှိသော တောင်ကုန်းဒေသများတွင် မိမိတို့ သိလျက်နှင့် နေခဲ့ဖူးကြောင်း၊ သူနှင့် အဖွဲ့ဝင် ၂၃ ဦးတို့သည် မူးယစ်ဆေးဝါးရောင်းဝယ်သူများအား ခြုံခိုတိုက်ခိုက်ခဲ့ပြီး ဝေးလံ၍ ခေါင်သော ဒေသများရှိ တောင်ပေါ်သားများအကြားတွင် သတင်းပေးများ ခန့်ထားခဲ့ကြောင်း ပြောသည်။ ၎င်းတို့ သတင်းပေးမှုကြောင့် ဖမ်းဆီးမိသော မူးယစ်ဆေးဝါးများအတွက်လည်း ဆုကြေးများ ပေးခဲ့ကြောင်း၊ သို့သော် ၎င်းတို့မှာ ရောင်းဝယ်မှု၏ ပမာဏ အနည်းငယ်ကိုသာ ဖမ်းဆီးရရှိကြောင်း ဆက်လက်ပြောကြားခဲ့သည်။ ယခုနှစ်တွင် ရောင်းဝယ်သူ (၁၄) ဦးကို ဖမ်းခဲ့နိုင်ကြောင်း ယခင်နှစ်က () ဦးသာ ဖမ်းမိကြောင်း သိရှိရပါသည်။
မူးယစ်ဆေးဝါးရောင်းဝယ်သူများအတွက် ငွေကြေးမက်လုံးမှာ အလွန်ကောင်း သည်။ အသေးစားရောင်းဝယ်သူ ဆယ်ကျော်သက်များသည် လက်သည်းခွံခန့်ရှိသော အိတ်ကလေးများဖြင့် ထည့်ထားသော ဟီးရိုးအင်းကို မြန်မာနယ်စပ်တွင် (.) ဒေါ်လာသာ ပေးရပြီး တောလမ်းမှ အနည်းငယ်ဖြတ်ပြီး ထိုင်းနိုင်ငံ အရောက်တွင် ဒေါ်လာ (၃၀) ခန့် ဖြစ်သွားကြောင်း Lieutenant Rungrot က ပြောပါသည်။
လူမျိုးစု အဖွဲ့များသည် မူးယစ်ဆေးဝါးများကို ထိုင်းနယ်စပ်တွင် စုပြုံသိုလှောင် ထားပြီး အထုပ်သေးလေးများဖြင့် ထိုင်းနိုင်ငံအတွင်းသို့ ပေးပို့နေကြောင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အရာရှိက ပြောကြားသည်။
မြန်မာတို့၏ မိတ်ဆွေများ အကျိုးအတွက်နှင့် စစ်တပ်အရာရှိအချို့၏ အမြတ်အစွန်းရရှိမှုအတွက် မြန်မာစစ်တပ်သည် မူးယစ်ဆေးဝါးရောင်းဝယ်မှုကို လျစ်လျူရှုထားခဲ့သည်။ ယခုအခါ မက်လုံးများပေး၍ မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့် မူးယစ်ဆေးဝါးကြောင့် ရရှိထားသော ငွေဖြင့် လက်နက်ဝယ်ယူ တပ်ဆင်ထားသော လူမျိုးစု အဖွဲ့များကို တိုက်ခိုက်စေခဲ့ပါသည်။ ထိုင်းနိုင်ငံမှ မူးယစ်ဆေးဝါးအရာရှိတစ်ဦး၏ ပြောကြားချက်အရ မြန်မာအာဏာပိုင်များသည် မကြာသေးမီ ကာလအတွင်းက (၇၆၀) ကီလိုဂရမ် ဖမ်းမိကြောင်း သိရှိရပါသည်။ မီသာဖက်တမင်းဆေးပြား သန်းပေါင်းများ စွာကိုလည်း မြန်မာနယ်ခြားမြို့ တာချီလိတ်တွင် ဖမ်းဆီးရမိခဲ့သည်။
လာအိုတွင် ရှိသော ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုအဖွဲ့ရုံး (The United Nations Office on Drugs and Crime) မှ ကိုယ်စားလှယ် Leik Boonwaat က လွန်ခဲ့သည့်နှစ်က အထက်ပါကဲ့သို့ အမြောက်အမြား ဖမ်းဆီးခဲ့မှုမျိုး မရှိခဲ့ကြောင်း ပြောပါသည်။
ကမ္ဘာ့ ဟီးရိုးအင်းရောင်းဝယ်မှုတွင်လည်း အဓိက လမ်းကြောင်းပြောင်းလဲမှု တစ်ခုဖြစ်ခဲ့သည်။ ထိုင်းမူးယစ်ဆန့်ကျင်ရေး အရာရှိများ၏ ပြောကြားချက်အရ မူးယစ်ဆေးဝါး သယ်ဆောင်မှု လမ်းကြောင်းအသစ်ကိုသတိပြုမိလာခြင်းသည် ရွှေတြိဂံ ဒေသမှ မူးယစ်ဆေးဝါး ပိုမိုထွက်ရှိလာခြင်း၏ အကြောင်းရင်း ဖြစ်ကြောင်း သိရှိရသည်။ အာဖဂန်နစတန်တွင် ထုတ်လုပ်သော အဆင့်နိမ့် ဟီးရိုးအင်းများ ပါကစ္စတန်နှင့် အိန္ဒိယနိုင်ငံမှ တစ်ဆင့် မြန်မာနိုင်ငံမြောက်ပိုင်းရှိ ဝ နယ်မြေအတွင်းသို့ သယ်ဆောင်ကာ သန့်စင်မှု ပြုလုပ်ပြီးမှ ပြန်လည်ရောင်းချမှု ပြုလုပ်ပါသည်။
မူးယစ်ဆေးဝါးအများဆုံး ထုတ်လုပ်သော အာဖဂန်နစ္စတန်နှင့် မြန်မာဒေသ နှစ်ခု၏ ဆက်နွယ်မှုအရ အာဖဂန်က ဘိန်းစိုက်ပျိုးမှုကို ပြုလုပ်ပြီး ဝ တို့၏ နည်းပညာကျွမ်းကျင် မှုနှင့် ဖြန့်ဖြူးရေးကွန်ရက်ကို ပေါင်းစည်းစေခဲ့ပါသည်။ ဝ ဓာတုဗေဒပညာရှင်များသည် အဆင့်မြင့်ဟီးရိုးအင်း ထုတ်လုပ်ရာတွင် နာမည်ရထားပါသည်။
မကြာသေးမီ နှစ်ပိုင်းအတွင်းက ၎င်းတို့အပေါ် အပြည်ပြည်ဆိုင်ရာ၏ အမြင်ကို စိုးရိမ်ခဲ့ကြောင်း၊ အမေရိကန် တရားရုံးမှ ဝ ခေါင်းဆောင် () ဦးအား လွန်ခဲ့သော () နှစ်က ဝ စစ်တပ်အား မူးယစ်ဆေးဝါးရောင်းဝယ်မှု ပြုလုပ်သော ရာဇဝတ်အဖွဲ့အစည်းဟု သတ်မှတ်လျက် တရားစွဲမှု ရှိခဲ့သောကြောင့် ဖြစ်ကြောင်း ပြောသည်။ တရုတ်နိုင်ငံ၏ ဖိအားပေးမှုကြောင့် ဝ တို့ကသူတို့၏ တောင်ယာလယ် သမားများကို ၎င်းတို့၏ နယ်မြေအတွင်း ဘိန်းမစိုက်ရန် တားဆီးခဲ့သည်။ အခြားသော အဖွဲ့များက ထိန်းချုပ်ထားသော ဆက်စပ်လျက် ရှိသော နယ်မြေများတွင်မူ ဘိန်းစိုက်ပျိုးလျက် ရှိပါသည်။ သို့သော် လူထုဆက်ဆံရေးနှင့် ဆိုင်သော ကိစ္စများမှာ ပဋိပက္ခများ ဖြစ်လာသည့်အခါတွင် ရှေ့တန်းတင် မစဉ်းစားနိုင်ကြောင်း မစ္စတာ ချင် က ပြောပါသည်။
စစ်ဖြစ်လာပါက မည်သူကမှ အပြည်ပြည်ဆိုင်ရာတွင် သိက္ခာရှိရေးကိစ္စကို ဂရုစိုက်တော့မည် မဟုတ်ပါ။ ရှင်သန်ရပ်တည်မှုကိုသာ ဦးစားပေးလာမည်သာ ဖြစ်ပါသည်။



--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

အောက်တိုဘာ ၁၃


      ကမ္ဘာပေါ်တွင် အမြင့်မားဆုံးသော ဆု တစ်ခုဖြစ်သည့် နိုဘယ်လ်ဆုရွေး ချယ်ရေးကော်မတီက ၂၀၀၉ ခုနှစ်အတွက် နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို အမေရိကန် သမ္မတအိုဘားမားရရှိသည်ဟုကြေညာ လိုက်ပြီးနောက် ကမ္ဘာ့ အသိုင်းအ၀ိုင်းတွင်အဆိုပါနိုဘယ်လ်ငြိမ်းချမ်းရေးဆုရသူများအနက်ပုဂ္ဂိုလ်ကြီး နှစ်ဦးအကြောင်းကို စိတ်ဝင်တစား နှိုင်းယှဉ်ပြောဆိုလာကြသည်။ တစ်ဦးမှာ အမေရိကန်သမ္မတ အိုဘားမားဖြစ်ပြီး ကျန်တစ်ဦးမှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်ဖြစ်သည်။

      အောက်တိုဘာလ ၉ ရက်နေ့တွင် နော်ဝေနိုင်ငံ၊ အော်စလိုအခြေစိုက် နိုဘယ်ဆုရွေးချယ်ရေးကော်မတီက ၂၀၀၉ ခုနှစ်အတွက်နိုဘယ်လ်ငြိမ်းချမ်း ရေးဆုကို အမေရိကန်ပြည်ထောင်စု၏ ၄၄ဦးမြောက်သမ္မတ(ပထမဆုံးလူ မည်းသမ္မတ) ဘားရက်အိုဘားမားရရှိကြောင်း ထုတ်ဖော်လိုက်သည့် သတင်း သည် ဆုရသူသမ္မတ သာမက အမေရိကန်ပြည်သူများအပါအ၀င် တစ်ကမ္ဘာ လုံးကို အံ့အားသင့်မှုများဖြစ်ပေါ်စေခဲ့သည်။အိုဘားမားကိုယ်တိုင် ဆုရရှိသည့် အတွက် လွန်စွာအံ့သြမိကြောင်း၊ မိမိသည်ဤဆုနှင့် ထိုက်တန်သူ မဟုတ်ပါ ကြောင်းထုတ်ဖော်ပြောကြားလိုက်ရသည်အထိဖြစ် သွားသည်။

      ယခုကဲ့သို့ သမ္မတသက်တမ်းနုစဉ်ကာလတို(ကိုးလမျှ) အတွင်းမှာပင် ဆုချီးမြှင့်ခြင်းခံလိုက်ရသောကြောင့် အိုဘားမားသည် နိုဘယ်လ်ငြိမ်း ချမ်းရေး ဆုရရှိသော စတုတ္ထမြောက်အမေရိကန်သမ္မတဖြစ် သွားသည်။ အဆိုပါဆုရခဲ့ သောအခြားသော သမ္မတများမှာ ဂျင်မီကာတာ၊ ၀ူးဒရိုးဝီလ်ဆင် နှင့် သီရိုဒိုရု စဗဲ့လ် တို့ဖြစ် ကြသည်။ အိုဘားမားကို သက်တမ်းတို အတွင်း ဆုပေးသော ကြောင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းတွင် ဝေဖန်သုံးသပ်ချက် များစွာထွက် ပေါ်ခဲ့သေးသည်။ သတင်း ပေးပို့ချက်များအရ နိုဘယ်လ်ဆုရွေး ချယ်ရေး ကော်မတီသည် နျူကလီးယား ကင်းစင်သောကမ္ဘာကြီးဖြစ်အောင် ကြိုး ပမ်းမည်ဟူသော အိုဘားမား၏အမြင် နှင့် ပြောဆိုချက်များကို အာသီသတွေ့ သွားသောကြောင့် ဆုချီးမြှင့်လိုက်ခြင်း ဖြစ်သည်။ ပြီးခဲ့သည့် စက်တင်ဘာလ က ကျင်းပခဲ့သော ကုလသမဂ္ဂအထွေ ထွေညီလာခံနှင့် ဧပြီလအတွင်း ချက် သမ္မတနိုင်ငံ၊ ပရာဟားမြို့တွင်ပြုလုပ် ခဲ့သော ဆွေးနွေးပွဲအတွင်း အိုဘားမား က နျူကလီးယားကင်းစင်သော ကမ္ဘာဖြစ်ရေးအတွက်ကြိုးပမ်းမည်ဟု မိန့်ခွန်း ပြောခဲ့ဖူးသည်။ဇွန်လအတွင်း အီဂျစ်နိုင်ငံသို့သွားရောက်ခဲ့စဉ် ကလည်း အမေ ရိ ကန်ပြည်ထောင်စုနှင့် မွတ်စလင်ကမ္ဘာ အကြားအပြန်အလှန်နွေးထွေး သောဆက် ဆံမှုတစ်ရပ်ထွက်ပေါ်အောင်လုပ်မည် ဟု အိုဘားမားက သမိုင်း ၀င်မိန့်ခွန်းပြော ခဲ့သေးသည်။ မွတ်စလင်တို့နှင့် အမေရိကန်တို့အကြား အပြန်အလှန် လေးစား ခြင်း၊ အကျိုးတူစီပွားဖော်ဆောင်ခြင်းတို့ ပြုလုပ်သွား ရန်လည်း ကမ်းလှမ်းခဲ့သည်။ ညီညွတ်မျှတရေး၊ တိုးတက်ကြီးပွားရေး စသည့် အခြေခံသဘောတရားများကို အခြေပြုပြီး နှစ်ဦးနှစ်ဖက် ယုံကြည်မှု တည်ဆောက်ရန် အိုဘားမားကဆန္ဒရှိ သည်။ အမေရိကန်နှင့် မွတ်စလင် ကမ္ဘာတို့ သမိုင်းစာမျက်နှာသစ်ကိုဖွင့်ရန် လည်းတိုက်တွန်းသည်။

      တိုတောင်းသော သမ္မတသက်တမ်း အတွင်း အိုဘားမားအားနိုင်ငံတကာ အသိုင်းအ၀ိုင်းတွင်နာမည်ကျော်လူကြိုက် များမှုတိုးပွားလာသော်လည်း အမေရိကန် ပြည်တွင်း၌မူ ပြည်သူလူထု၏ ကြိုက်နှစ်သက်မှု လျော့ကျ လာသည်ကို စစ်တမ်းများအရသိရသည်။ အေပီ သတင်းဌာနက ပြုလုပ်သော စစ်တမ်းအရ အမေရိကန်ပြည်သူ ၅၆ရာခိုင်နှုန်းသာ သူ၏လုပ်ရည်ကိုင် ရည်ကိုကြိုက် နှစ်သက်သဘောကျကြသည်။ ဝေါလ်စထရိဂျာနယ် စစ်တမ်း အရ သူ၏ နိုင်ငံခြားရေးမူဝါဒကို ထောက်ခံသူ အမေရိကန်ပြည်သူ ထက်ဝက် မျှသာရှိသည်။

      အိုဘားမားကဲ့သို့ နိုဘယ်လ်ငြိမ်းချမ်း ရေးဆုရရှိတာချင်းတူသော်လည်း ဘ၀ အကျိုးပေးချင်း၊ အခြေအနေချင်းမတူညီသူ နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင်မှာ ဒေါ်အောင်ဆန်းစုကြည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေးအတွက် လှုပ်ရှားရာတွင် အကြမ်းမဖက် သောနည်းကို ကျင့်သုံးခဲ့သောကြောင့် ၁၉၉၁ ခုနှစ် တွင် နိုဘယ်လ်ငြိမ်း ချမ်းရေးဆုချီးမြှင့် ခြင်းခံခဲ့ရသည်။ သူမသည် ၁၉၈၉ ခုနှစ် ကတည်းကစပြီး ယနေ့ချိန်ထိနှစ်ပေါင်း ၂၀ ကာလအတွင်း ၁၄ နှစ်တာမျှ ဖမ်းဆီးထိန်းသိမ်းခံ ဘ၀ဖြင့်နေထိုင်ခဲ့ရသည်။ ၁၉၉၀ပြည့်နှစ်တွင်ပြုလုပ်သော မြန်မာ ဒီမိုကရေ စီအထွေထွေရွေးကောက်ပွဲ တွင်ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံ ရေးပါတီဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့မှာ အမတ်နေရာ ၄၉၂ နေရာရှိ သောလွှတ်တော်တွင် ၃၉၂ နေရာရရှိကာအနိုင်ရခဲ့သည်။ မြန်မာစစ်တပ်က ကျောထောက်နောက်ခံပေးထားသော တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါ တီမှာ ၁၀ နေရာသာရရှိခဲ့သည်။ ဤသို့ ဒီမိုကရေစီရွေးကောက်ပွဲတွင် အပြတ် အသတ်အနိုင်ရရှိခဲ့သော်လည်း စစ်တပ် ၏တစ်ဖက်သတ်ဖိနှိပ်မှုများ ကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ပါတီမာ အစိုးရသစ်တစ်ရပ်ဖွဲ့စည်းခွင့်မ ရရှိခဲ့ ပေ။

      အိုဘားမားသည် ဒီမိုကရေစီ စံတန်ဖိုးများနှင့် နိုင်ငံတကာ လူ့အခွင့် အရေး ကြေညာချက်ကို လေးစားလိုက်နာသော နိုင်ငံတွင် မွေးဖွားခဲ့သည်။ သူသည်လာမည့်ဒီ ဇင်ဘာလတွင် နော်ဝေနိုင်ငံ အော်စလိုမြို့ တွင် နိုဘယ်လ် ဆုရရှိမှုနှင့်ပတ်သက်၍  မိန့်ခွန်းပြောရ ဖွယ်ရှိနေသည်။ ဒေါ်အောင်ဆန်း စုကြည် မှာမူ ၁၉၉၁ ခုနှစ်တွင်နေအိမ်အကျယ် ချုပ်ခံထားရသောကြောင့် နိုဘယ်လ်ငြိမ်း ချမ်းရေးဆုကို ကိုယ်တိုင်ရယူနိုင်ခွင့်မရှိခဲ့ပေ။ ဆုရမှုနှင့် ပတ်သက်ပြီး မိန့်ခွန်း လည်းပြောခွင့်မရခဲ့ပေ။ သူမရသောဆုကို သားဖြစ်သူ အလက်ဇန္ဒားအဲရစ်က ကိုယ်စားရယူခဲ့ရသည်။ မိခင်ကိုယ်စား  နိုဘယ်လ်ငြိမ်း ချမ်းရေးဆုရယူပြီးနောက် အဲရစ်က " ကျွန်တော့်အမေသာ ဖမ်းဆီး ချုပ်နှောင် မခံရဘူးဆိုရင် သူဒီနေရာမှာ ကျေးဇူးတင်စကားပြောနေမှာပါ၊ နောက်ပြီး မြန်မာပြည်မှာ ဖိနှိပ်ခံပြည်သူတွေရော၊ ဖိနှိပ်မှုတွေလုပ်တဲ့ သူတွေရော လက် နက်ချပြီး ငြိမ်းချမ်းရေးစိတ်ဓာတ်နဲ့ နိုင်ငံတစ်ခုကို လက်တွဲထူထောင် သွားနိုင်ဖို့အတွက် ဆုတောင်းပေးဖို့လည်း ခင်ဗျားတို့ကို သူတောင်းဆိုနေ မှာသေ ချာပါတယ်" ဟု မိန့်ခွန်းပြောခဲ့သည်။

      အဆိုပါကာလမှစ၍  ဒေါ်အောင် ဆန်းစုကြည်သည် နိုင်ငံရေးပဋိပက္ခ အသီးသီးကို အကြမ်းမဖက်ဘဲငြိမ်းချမ်း သောနည်းလမ်းဖြင့် တိုက်ပွဲဝင်ရန် ဆက်တိုက်ကြိုးပမ်းလာခဲ့သည်။ယခု နောက်ဆုံးရသော သတင်းများအရ မြန်မာနိုင်ငံရေးတွင် အပြုသဘောဆောင်သော ဖွံ့ဖြိုးတိုးတက်မှုများရှိသည် ကိုတွေ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နှင့် သြစတြေးလျနိုင်ငံတို့မှ သံတမန်ကြီးများနှင့်တွေ့ဆုံကာ မြန်မာ နိုင်ငံအပေါ် ထားရှိသော စီးပွားရေးပိတ်ဆို့မှု မူဝါဒများအပေါ် ဆွေးနွေး ခွင့်ရခဲ့သည်။ အဆိုပါ တွေ့ဆုံမှုသည် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံပြီး ဒိုင်ယာလော့ခ်ပြုလုပ်နိုင်ရေးအတွက် အရေးကြီးသော ကိစ္စတစ်ခုဖြစ်သည်။

      ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ ၀မ်းနည်းစရာကောင်း သည့်အ ချက်မှာ သူမသည် မြန်မာနိုင်ငံတွင်းမည်မျှ အတိုင်းအတာအထိ ပေါ်ပြူလာ ဖြစ်သည် ဟူသောအချက်ကို သိရှိနိုင်မည့် ဆန္ဒမဲ စစ်တမ်းကောက်ယူမှုမျိုး မြန်မာပြည်တွင် မရှိခြင်းပင်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ဒေါ်အောင်ဆန်းစု ကြည်သည် မြန်မာနိုင်ငံ၏ ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်မည်ဟု တိုင်းရင်း သားလူမျိုးများ အားလုံးက ယုံကြည်လက်ခံထားကြ သည်။

      အမေရိကန်သမ္မတအိုဘားမားက သံတမန်နည်းလမ်းကို အသုံးပြုပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းတွင် မျက်နှာပွင့် လန်းစေရန်ကြိုးပမ်းနေချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံတွင်း ဒီမိုကရေစီလူ့အဖွဲ့ အစည်း တစ်ခုပေါ် ထွန်းလာရေးအတွက် အကောင်းဆုံး သောစွမ်းဆောင်ရည်များဖြင့် ကြိုးပမ်းလျက်ရှိကြောင်းပါ။


Nehginpao Kipgen /The Lives of Two Nobel Laureates ဆောင်းပါး ကိုဘာသာပြန်ခြင်းဖြစ်သည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် Freedom of Expression ဒါမှမဟုတ်
Freedom of Speech ဆိုတာ လူ့ အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၁၉ မှာ
ဖော်ပြထားတဲ့ အချက် ဖြစ်ပါတယ်။ ဒီအချက်ကိုပဲ International Covenant on
Civil and Political Rights (ICCPR) ကလည်း အသိအမှတ် ပြုထားပါတယ်။

တကယ်တော့ လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့် ဆိုတဲ့ အယူအဆကို
ပြင်သစ်တော်လှန်ရေးက စတင် မွေးဖွားပေးခဲ့ တာပါ။ ပြင်သစ် တော်လှန်ရေး
ကာလမှာ ပြင်သစ် အမျိုးသား လွှတ်တော်က The Declaration of the Rights of
Man and of the Citizen, 1789 ကို ထုတ်ပြန်ကြေညာ ခဲ့ပါတယ်။ အဲဒီ
ကြေညာချက် အပိုဒ် ၁၁ မှာ အတားအဆီး ကန့်သတ်ချက်များ မရှိဘဲ ဆက်သွယ်
ပြောဆိုနိုင်ခွင့်၊ မိမိ အမြင်ကို ထုတ်ဖော် ပြောဆိုနိုင်ခွင့်တွေဟာ လူသား
အားလုံးရဲ့ မွေးရာပါ အခွင့်အရေး ဖြစ်တယ်လို့ ဖော်ပြ ထားပါတယ်။ ဒီအယူအဆဟာ
နောင်မှာ ဒီမိုကရေစီရဲ့ အသွင် လက္ခဏာ တစ်ခု ဖြစ်လာသလို လူ့အခွင့်အရေး
ကြေညာစာတမ်း မှာလည်း နိုင်ငံတကာက လိုက်နာ ကျင့်သုံးရမယ့် အချက်တစ်ခု
အနေနဲ့ ပါလာပါတယ်။

တကယ်တော့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်မှာ အပိုင်းသုံးခု ပါပါတယ်။

တစ်။ သတင်း အချက်အလက်နဲ့ အယူအဆ များကို လွတ်လပ်စွာရရှိနိုင်ခွင့်။

နှစ်။ သတင်း အချက်အလက်နဲ့ အယူအဆများကို လွတ်လပ်စွာ ရှာဖွေနိုင်ခွင့်။

သုံး။ သတင်း အချက်အလက်နဲ့ အယူအဆများကို လွတ်လပ်စွာ ထုတ်ဖော် ပြောဆို
ဖြန့်ချိနိုင်ခွင့်။

နောက်တစ်ခါ ပြင်သစ် တော်လှန်ရေး ကာလတုန်းကတော့ လွတ်လပ်စွာ ထုတ်ဖော်
ပြောဆိုခွင့် ဆိုတာကို ပြောဆိုခြင်း Speech ကိုသာ အဓိကထား ရည်ညွှန်း
ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ မိမိ အယူအဆကို ဖော်ထုတ် ပြသနိုင်ဖို့ အတွက်
အသုံးပြုတဲ့ မီဒီယာ နည်းလမ်းမှန်သမျှ အကျုံးဝင်တယ်လို့ လက်ခံ လာပါတယ်။
ဥပမာ အနုပညာအရ ပန်းချီကားများ၊ Performance , Installation, Symbol တွေ
အားလုံး ပါဝင်လာပါတယ်။ အခု အချိန်မှာတော့ အင်တာနက်လို New Media တွေပါ
အကျုံးဝင် လာပါတယ်။

ဒါပေမယ့် လွတ်လပ်စွာ ပြောဆိုခွင့် ဆိုတာကို ပြောတဲ့အခါ ဘယ် အတိုင်းအတာ
အထိ လွတ်လပ်စွာ ပြောခွင့် ပြုမှာလည်း ဆိုတဲ့ အချက်က ဒွန်တွဲပြီး
ပါလာပါတယ်။ အတားအဆီး အကန့်အသတ် မရှိ ပြောခွင့် ပြုမှာလား၊ နိုင်ငံအတွက်၊
လူ့အဖွဲ့အစည်း အတွက် ထည့်သွင်း စဉ်းစားဖို့ မလိုဘူးလား ဆိုတဲ့
မေးခွန်းတွေကို ဖြေဖို့ လိုပါတယ်။ အခုအချိန်မှာ ဒီလို တာဆီး ကန့်သတ်မှုတွေ
လုံးဝမလိုတဲ့ သဘော ပြောနေသူတွေ ရှိပေမယ့် လွတ်လပ်စွာ
ထုတ်ဖော်ပြောဆိုခွင့် ဆိုတဲ့ အယူအဆ ကို စတင်မွေးဖွား ခဲ့တဲ့ ပြင်သစ်
တော်လှန်ရေးရဲ့ ကြေညာစာတမ်း မှာကို ဒီလို လွတ်လပ်စွာ ပြောဆိုတဲ့ နေရာမှာ
ပြောဆိုသူက ဥပဒေနဲ့အညီ ဖြစ်ဖို့ အတွက် တာဝန်ယူရမယ် ဆိုတဲ့ အချက်ကို
အပိုဒ် ၁၀ နဲ့ ၁၁ မှာ အခုလို ဖော်ပြ ထားပါတယ်။

X. No man ought to be molested on account of his opinions, not even on
account of his

religious opinions, provided his avowal of them does not disturb the
public order

established by law.

XI. The unrestrained communication of thoughts and opinions being one
of the most

precious rights of man, every citizen may speak, write, and publish
freely, provided he is

responsible for the abuse of this liberty, in cases determined by law.

ဒီကိစ္စကို ဆွေးနွေးဖြစ်တာက နယူးယောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံကို
တက်ရောက်တဲ့ မြန်မာ ၀န်ကြီးချုပ်နဲ့ အဖွဲ့ကို ဆန္ဒပြ ရာမှာ ကိုမိုးသီးဇွန်
ဦးဆောင်တဲ့ အဖွဲ့ရဲ့ လုပ်ရပ်ဟာ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်နဲ့
အကျုံးဝင်သလား၊ သင့်တော် မှန်ကန်တဲ့ လုပ်ရပ် ဟုတ်ရဲ့လားလို့
သုံးသပ်ကြည့်ဖို့ ဖြစ်ပါတယ်။ ဒီတော့ တစ်ခြား နိုင်ငံတွေမှာ ဘယ်လို
စည်းကမ်းချက်တွေ ရှိတယ်ဆိုတာ အသာထား အမေရိကန်မှာ ဘယ်လို လုပ်နေသလဲ
ဆိုတာပဲ ကြည့်ရအောင်။ အမေရိကန်က ဒီကိစ္စနဲ့ ပတ်သက်ရင် ပိုပြီး
လစ်ဘရယ်ကျတဲ့ နိုင်ငံဖြစ်တော့ ဒီလို နိုင်ငံမှာ လွတ်လပ်စွာ ထုတ်ဖော်
ပြောဆိုခွင့်ကို ဘယ်လို ကျင့်သုံးတယ် ဆိုတာ နည်းနည်းလေး ရေးပြချင်ပါတယ်။

မိမိဆန္ဒကို ထုတ်ဖော် ပြသရာမှာ အစိုးရပိုင် ပစ္စည်း၊ အများပြည်သူနဲ့
သက်ဆိုင်တဲ့ ပစ္စည်းများကို ဖျက်ဆီးတာမျိုးကို ခွင့်မပြု ပါဘူး။
ဗီယက်နမ်စစ်ပွဲ ဆန့်ကျင်ရေး ကာလတုန်းက Peace အမှတ်အသား များကို
အများပြည်သူ မြင်ကွင်းတွေ၊ ကျောင်းတွေမှာ ၀တ်ဆင်တာကို ခွင့်ပြုတယ်။
(Tinker v. Des Moines School District, 393 U.S. 503 [1969]) အမှု )
ဒါပေမယ့် ဗီယက်နမ်မှာ စစ်မှုထမ်းဖို့ ဆင့်ခေါ်တဲ့ စာတွေကို မီးရှို့တာ
ကိုတော့ အစိုးရပိုင် ပစ္စည်းကို ဖျက်ဆီးတာ ဖြစ်လို့ လက်မခံ ပါဘူး။ (United
States v. O'Brien, 391 U.S. 367 [1968] အမှု)။ မီးပွိုင့်ဖျက်တာ၊
အစိုးရကုန်တိုက် မီးရှို့တာ၊ အစိုးရရုံး မှန်ခွဲတာကို အလွန် ၀ါသနာပါတဲ့
ကျွန်တော်တို့ မြန်မာများ သတိပြုဖို့ပါ။

အမေရိကန်မှာ မပြီးသေးတဲ့ ပြဿနာက အလံ ပြဿနာပါ။ ဗီယက်နမ် စစ်ပွဲကာလမှာ
အမေရိကန် အလံကို မီးရှို့တာ၊ တက်နင်းတာတွေ လုပ်တော့ ပြည်ထောင်စု
လွှတ်တော်ကရော၊ ပြည်နယ် လွှတ်တော်တွေ ကပါ အလံကို ဖျက်ဆီးရင် အရေးယူဖို့
ဥပဒေတွေ ပြဋ္ဌာန်း ခဲ့ပါတယ်။ ဒါပေမယ့် တရားရုံးချုပ် ကတော့ ဒါဟာ လွတ်လပ်စွာ
ထုတ်ဖော် ပြောကြားခွင့်နဲ့ အကျုံးဝင်တယ်လို့ ဆုံးဖြတ်ခဲ့တယ်။ (Texas v.
Johnson (1989) အမှု) ဒါပေမယ့် ကွန်ဂရက် ကတော့ ဒါကို လက်မခံပဲ တရား
ရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို ကျော်လွှားနိုင်ဖို့ ၂၀၀၆ ခုနှစ် အထိ
ရှစ်ကြိမ် ကြိုးစား ခဲ့ပါတယ်။ ဒါပေမယ့် မအောင်မြင် သေးပါဘူး။

ဒါပေမယ့် တရားရုံးချုပ် ကရော၊ အမေရိကန် လွှတ်တော်ကရော အောက်ပါ
အပြုအမူများ ကတော့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်နဲ့ အကျုံးမ၀င်ဘူး
လို့ သဘောတူ ထားပါတယ်။ (ရည်ညွှန်းထားတဲ့ အမှုများဟာ တရားရုံးချုပ် အမှုများ
ဖြစ်ပါတယ်။)

တစ်။ မမှန်မကန် လုပ်ကြံအသရေဖျက်မှု။

နှစ်။ အများပြည်သူ အထိတ်တလန့်ဖြစ်အောင် လုပ်ဆောင်မှု (Causing panic) ။

သုံး။ အခြားသူ တစ်ဦးကို ထိခိုက်အောင်၊ ငြိမ်းချမ်းမှုကို ပျက်ပြားအောင်
ရည်ရွယ်ပြောဆိုမှု ("fighting words -- those which by their very
utterance inflict injury or tend to incite an immediate breach of the
peace." တရားရုံးချုပ် အမှု အမှတ် (315 U.S. 568, 572 [1942])

လေး။ ရာဇ၀တ်မှု ကျူးလွန်အောင် လှုံ့ဆော်တိုက်တွန်းမှု။

ငါး။ အစိုးရကို ဥပဒေနှင့် မညီသော လုပ်ရပ်များဖြင့် ဆန်ကျင်မှု၊ အစိုးရကို
ဖြုတ်ချနိုင်အောင် ဆောင်ရွက်မှု။ Sedition: Although not without
controversy, the U.S. Supreme Court has upheld statutes which prohibit
the advocacy of unlawful conduct against the government or the violent
overthrow of the government.

ခြောက်။ ရိုင်းစိုင်း ညစ်ညမ်းစွာ ပြောဆိုမှု။ Miller v. California (413
U.S. 14 [1973] အမှု။)

ခုနှစ်။ အများပြည်သူ ကြည့်ရှုရန် မသင့်သော ပြသမှုများ၊ အပြုအမူများ။
( ဒါကတော့ Case by Case ကွဲပြား သွားတာကို တွေ့ရပါတယ်။ အဓိက ကတော့
ကြည့်သင့်သလား၊ မကြည်သင့်ဘူးလား ဆိုတာကို တရားရုံးရဲ့ အဓိပ္ပါယ်
ဖွင့်ဆိုချက် အပေါ် မူတည်ပါတယ်။ )

ရှစ်။ ဘာသာရေး အရ အခြားဘာသာ တစ်ခုကို ထိခိုက်စေသည့် ပြုမူ ပြောဆိုမှုများ။

ဒါကတော့ အမေရိကန် နိုင်ငံမှာ ကျင့်သုံးနေတဲ့ အချက်များပဲ ဖြစ်ပါတယ်။
ကျန်နိုင်ငံတွေ မှာလည်း ဒီလို ကျင့်သုံးမှုတွေ ရှိပါတယ်။ ဘယ်နိုင်ငံ ဥပဒေက
ကြောင်းကျိုး ဆီလျော်တယ်။ ဘယ်နိုင်ငံ ဥပဒေက တမင်သက်သက် ဖိနှိပ်ဖို့
လုပ်ထားတယ် ဆိုတာတွေ ကတော့ တစ်နိုင်ချင်း အသေးစိတ် ဆွေးနွေးရမယ့် ကိစ္စ
ဖြစ်ပါတယ်။ အခု ပြောချင်တာ ကတော့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊
မိမိဆန္ဒကို ထုတ်ဖော် ပြောဆိုခွင့်ဆိုတာ ကန့်သတ်မဲ့၊ အတားအဆီးမဲ့
မဟုတ်ဘူး။ ဥပဒေကြောင်းအရ ဥပဒေနဲ့အညီ ကျင့်သုံးရမယ့် ကိစ္စ ဖြစ်တယ် ဆိုတဲ့
အချက် ဖြစ်ပါတယ်။

ဒီတော့ နယူးယောက်မှာ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်ဟာ မြန်မာ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ
တွေကို ထည့်မတွက်ဘူး ဆိုရင်တောင် အမေရိကန် ဥပဒေရဲ့ အဓိပ္ပါယ်
ဖွင့်ဆိုချက်နဲ့ ဆိုရင်တောင် မလုပ်သင့် မလုပ်ထိုက်တဲ့ လုပ်ရပ်တစ်ခု
ဖြစ်တယ်လို့ မြင်မိပါတယ်။ အထူးသဖြင့် ကိုမိုးသီးဇွန်လို ၈၈ ဒီမိုကရေစီ
လှုပ်ရှားမှုမှာ ဦးဆောင်မှု အခန်းက ပါဝင်ခဲ့သူ တစ်ဦး၊ ဒီနေ့ အထိလည်း
မြန်မာ့ ဒီမိုကရေစီရေးကို လှုပ်ရှား နေပါတယ်လို့ ပြောနေသူ တစ်ဦးက ဒီလို
မှားယွင်းတဲ့ ခေါင်းဆောင်မှု၊ မှားယွင်းတဲ့ နမူနာ များကို ပြခဲ့တဲ့ အတွက်
ပိတောက်မြေက ၀မ်းနည်းတယ်လို့ ပြောချင်ပါတယ်။ ကျွန်တော်တို့ အားလုံး
ရင့်ကျက်ဖို့ လိုနေပါပြီ။

--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
-~----------~----~----~----~------~----~------~--~---