Transparency Myanmar

transparency.myanmar@gmail.com

Agence France Presse, 31st December 2009

စစ်ဖက်အုပ်ချုပ်သော မြန်မာနိုင်ငံတွင် ၂၀၁၀ ခုနှစ်၌ ပြည်တွင်း တယ်လီဖုန်း ခေါ်ဆိုခ နှုန်းထားများကို နှစ်ဆ ပိုမိုကောက်ခံမည် ဖြစ်ကြောင်း ယနေ့ ယုံကြည်ရသော သတင်းများအရ သိရှိရပါသည်။ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာန၏ ဈေးနှုန်း မြှင့်တင်မှုသည် ဇန်နဝါရီလ (၁) ရက်နေ့တွင် စတင် သက်ရောက်မည် ဖြစ်သည်။

ပြည်တွင်းခေါ်ဆိုခ အားလုံးကို တစ်မိနစ်လျှင် ၅ဝ ကျပ်သို့ တိုးမြှင့်ကောက်ခံမည်ဟု တယ်လီဖုန်း ဆက်သွယ်ရေးဌာန အရာရှိက ပြောကြားပါသည်။ လက်ရှိ ကောက်ခံနေသော နှုန်းတားများမှာ ကြိုးဖုန်းများအတွက် တစ်မိနစ်လျှင် ၁၅ ကျပ် ဖြစ်၍ မိုဘိုင်းဖုန်းများအတွက် တစ်မိနစ်လျှင် ၂၅ ကျပ် ဖြစ်ပါသည်။

ပြည်ပခေါ်ဆိုခ နှုန်းထားများကိုမူ ပြောင်းလဲမည် မဟုတ်ဟု ဆိုပါသည်။ ယခုကဲ့သို့ ဈေးတက်မည့်သတင်းကို မြန်မာအစိုးရ သတင်းဌာနများက ယခုထိ ကြေညာခြင်း မရှိသေးပါ။ "တကယ်လို့ ဒီသတင်းသာ မှန်ခဲ့ရင်တော့ ကျွန်မရဲ့ မိုဘိုင်းဖုန်းကို ခဏခဏ မသုံးဖြစ်အောင် ကြိုးစားရတော့မယ်" ဟု အသက် ၂၅ နှစ်အရွယ် အိမ်ရှင်မတစ်ဦး ဖြစ်သူ စိုးစိုးက ပြောကြားပါသည်။

ဆင်းရဲနွမ်းပါးသော မြန်မာနိုင်ငံတစ်ဝှမ်းတွင် တယ်လီဖုန်း ဧရိယာ ကွန်ရက်များ တိုးချဲ့ခြင်းဖြင့် တယ်လီဖုန်း ဆက်သွယ်မှုများ တိုးတက်လာအောင် ကြိုးစားနေသည်ဟု မြန်မာအာဏာပိုင်များက ပြောကြားပါသည်။

အောက်တိုဘာလ အစောပိုင်းက မြို့တော်သစ် နေပြည်တော်တွင် လုံခြုံရေး အကြောင်းပြချက်ဖြင့် ပိတ်ပင်ထားခဲ့သော မိုဘိုင်းဖုန်းများကို အစိုးရက သုံးစွဲခွင့်ပြုခဲ့ပါသည်။

ဆင်းရဲနွမ်းပါးနေသော မြန်မာနိုင်ငံကို ၁၉၆၂ ခုနှစ်မှစ၍ တပ်မတော်က အုပ်ချုပ်ခဲ့ခြင်း ဖြစ်ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment