Transparency Myanmar

transparency.myanmar@gmail.com

ယခု ၂၀၁၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့သည် တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှ နိုင်ငံများ အဖွဲ့ (အာဆီယံ) ကို စတင် ထူထောင်သော နိုင်ငံ ခြောက်နိုင်ငံ အကြား လွတ်လပ်စွာ ကုန်သွယ်မှု စတင် အကျုံးဝင်သည့် နေ့တစ်ရက် ဖြစ်သည်။ အာဆီယံ စတင် ထူထောင်သည့် ခြောက်နိုင်ငံတွင် ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့ ပါဝင်သည်။

လွတ်လပ်စွာ ကုန်သွယ်မှု အစီအစဉ်အရ သွင်းကုန်ပစ္စည်းများ၏ ၉၀ ရာခိုင်နှုန်းအပေါ် အခွန် ကောက်ခံမှု ဖယ်ရှားပေးရမည် ဖြစ်သည်။

အဆိုပါ အစီအစဉ်ကြောင့် ကုန်သွယ်မှု စရိတ်စက လျော့ကျသွားမည် ဖြစ်ပြီး နယ်စပ် ကုန်သွယ်ရေး လုပ်ငန်းများလည်း ပိုမို ကျယ်ပြန့်လာဖွယ် ရှိသည်။

လူဦးရေဟူသော အကြောင်းကိစ္စအရဖြင့် ပြောပါက အဆိုပါ ကုန်သွယ်မှုသည် ကမ္ဘာပေါ်တွင် အကြီးဆုံးသော ကုန်သွယ်မှု ဧရိယာတစ်ခု ဖြစ်လာပေမည်။ ထို့ပြင် ပို့ကုန် တင်ပို့မှုကို အဓိက အားပြုသော စီးပွားရေး လုပ်ငန်းများလည်း အင်အားကြီးမား လာမည် ဖြစ်သည်။

ဈေးချိုသာသော ကုန်ပစ္စည်းများ

အဆိုပါ လွတ်လပ်စွာ ကုန်သွယ်မှု အစီအစဉ်ကြောင့် တရုတ်နိုင်ငံမှ ကုန်ထုတ်လုပ်သူများ အနေဖြင့် အရှေ့တောင် အာရှဒေသ ပို့ကုန် တင်ပို့သူများ ထံမှ ကုန်ကြမ်းများကို ဈေးပေါပေါဖြင့် ရရှိနိုင်မည် ဖြစ်သလို ထိုနိုင်ငံများ အနေဖြင့်လည်း တရုတ်ပြည်မှ ကုန်ပစ္စည်းများ၊ စက်ပစ္စည်း အစိတ်အပိုင်းများကို ဈေနှုန်းသက်သက် သာသာ ရရှိနိုင်မည် ဖြစ်ပါသည်။

သို့သော် အရှေ့တောင် အာရှ ဒေသမှ အချို့သော စီးပွားရေး လုပ်ငန်းကြီးများ အနေဖြင့် တရုတ်ပြည်မှ လုပ်ငန်းကြီးများနှင့် စီးပွားရေးအရ ယှဉ်ပြိုင်ရန် အသင့် အနေအထားတွင် မရှိသေးကြောင်း၊ အလုပ်အကိုင်များလည်း လက်လွတ် ဆုံးရှုံးမှု ရှိနိုင်ကြောင်း သတိပေးချက်များ ထွက်ပေါ်ခဲ့သည်ကို တွေ့ရပါသည်။

ဗီယက်နမ်နှင့် ကမ္ဘောဒီးယား အပါအဝင် အခြားသော အာဆီယံနိုင်ငံများ အနေဖြင့်လည်း နောင်လာမည့် ငါးနှစ်တွင် အဆိုပါ လွတ်လပ်စွာ ကုန်သွယ်မှုတွင် ပါဝင်လာမည်ဟု သိရသည်။ ဒေသတွင်း နိုင်ငံများ အချင်းချင်း အပြန်အလှန် ကုန်သွယ်မှု သဘောတူညီချက် စာချုပ်ပေါင်း များစွာလည်း ချုပ်ဆိုပြီး ဖြစ်သည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ အဆိုအရ ၂၀၁၀ ပြည့်နှစ်တွင် ကုန်သွယ်ရေး သဘောတူညီချက် ၄၀၀ ခန့်ကို စတင် အကောင်အထည် ဖော်မည် ဖြစ်သည်။

BBC သတင်းဌာန၏ China and ASEAN Trade Deal Begins ကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment