Transparency Myanmar

transparency.myanmar@gmail.com

VOA News,15 Jan 2010

မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရ ဆက်ဆံရေးဝန်ကြီးနှင့် တွေ့ဆုံခဲ့ကြောင်းသိရသည်။

          အထိမ်းသိမ်းခံ ဒီမိုကရေစီ ခေါင်းဆောင်နှင့် ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့သည် သောကြာနေ့က ရန်ကုန်မြို့တွင် မိနစ် ၂၀ ခန့် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု သက်ဆိုင်ရာက ပြောကြား ပါသည်။

          ဒေါ်အောင်ဆန်းစုကြည်အား သူမ၏ NLD ပါတီမှ ဝါရင့်ထိပ်ပိုင်း အဖွဲ့ဝင်များနှင့် တွေ့ဆုံခွင့်ပြု မည့်သတင်းကို အသိပေးရန်အတွက် ဆက်ဆံရေးဝန်ကြီးက သူမကို ဒီဇင်ဘာ ၉ ရက်နေ့က နောက် ဆုံးတွေ့ဆုံခဲ့ပြီး တပတ်ခန့်အကြာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်ပါတီဝင်များ တွေ့ဆုံခဲ့ပါသည်။

          အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD သည် ၁၉၉၀ ခုနှစ်က နောက်ဆုံးကျင်းပခဲ့သော ရွေး ကောက်ပွဲတွင် အပြတ်အသတ် အောင်ပွဲခံခဲ့သော်လည်း အဆိုပါရလဒ်များကို အသိအမှတ်ပြုရန် စစ် ဖက်အစိုးရက ငြင်းဆန်ခဲ့ပါသည်။

          ၁၉၆၂ ကပင် မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သော စစ်ဖက်အစိုးရက ရက်အတိအကျ မသတ်မှတ်ရ သေးသော ရွေးကောက်ပွဲများကို ယခုနှစ်အတွင်း ကျင်းပပေးရန် စီစဉ်ထားပါသည်။ အဆိုပါ ရွေး ကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခြင်း ပြု/မပြုကို NLD က ယခုတိုင်မကြေညာရသေးပါ။

          ရွေးကောက်ပွဲတွင် အတိုက်အခံ ပါတီများနှင့် တိုင်းရင်းသား လူမျိုးစုအဖွဲ့များကို ပါဝင်ခွင့်ပြုရန် နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာအစိုးရအား တိုက်တွန်းထားပါသည်။

          ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွန်ခဲ့သည့် နှစ် ၂၀ အတွင်း ၁၄နှစ်ခန့် အစိုးရက ဖမ်းဆီး ထိန်းသိမ်းထားခဲ့ပြီး အစိုးရကို ဝေဖန်သူ၊ သဘောထားကွဲလွဲသူ နိုင်ငံရေးသမားများ၊ စာနယ်ဇင်းသတင်းထောက်များ၊ နိုင်ငံရေးနှင့် လူ့အခွင့်အရေး လှုပ်ရှားသူပေါင်း များစွာကိုလည်း ထောင်သွင်း အကျဉ်းချ ထားခဲ့ပါသည်။

0 comments:

Post a Comment