Transparency Myanmar

transparency.myanmar@gmail.com

Mizzima, 26th January 2010

မြန်မာနိုင်ငံ ပြည်ထဲရေး ဝန်ကြီး ဗိုလ်ချုပ် မောင်ဦးက အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နိုဝင်ဘာလတွင် လွတ်ပေးမည် ဟု ဆိုကြောင်း ပြောကြသော်လည်း သူမ၏ ပါတီ ခေါင်းဆောင်များကမူ သံသယ ရှိနေဆဲ ဖြစ်ပါသည်။

ကြာသပတေးနေ့က မြန်မာပြည် အလယ်ပိုင်း ကျောက်ပန်းတောင်း မြို့တွင် ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ပြုလုပ်သော အစည်းအဝေးတွင် ဗိုလ်ချုပ် မောင်ဦးက ဒေါ်အောင်ဆန်းစုကြည်အား သူမ၏ နေအိမ် အကျယ်ချုပ် ချထားခြင်း ခံရသော ကာလ ပြည့်မည့် နိုဝင်ဘာလတွင် လွတ်ပေးလိမ့်မည်ဟု ပြောခဲ့သည် ဟု ဆိုပါသည်။

သို့သော် NLD မှ CEC အဖွဲ့ဝင် ဦးခင်မောင်ဆွေက တနလာင်္နေ့က မဇ္ဈိမသို့ ပြောကြားရာတွင် အဆိုပါ သတင်းမှာ တရားဝင် ကြေညာချက် မဟုတ်ပဲ၊ ပါးစပ်မှ အလွတ်ပြောသော စကား ဖြစ်၍ ယုံကြည် ရလိမ့်မည်ဟု မထင်ကြောင်း ပြောခဲ့ပါသည်။ တရားဝင် သတင်းစာ ရှင်းလင်းပွဲ၊ သို့မဟုတ် တရားဝင် သတင်း ထုတ်ပြန်ချက် မဟုတ်သဖြင့် တရားဝင်သည်ဟု မထင်ကြောင်း ဆိုပါသည်။  ကျောက်ပန်းတောင်းရှိ NLD အဖွဲ့ဝင် တစ်ဦး၏ အဆိုအရ ဗိုလ်ချုပ်မောင်ဦးက NLD ဒု ဥက္ကဋ္ဌ ဦးတင်ဦးကို ဖေဖော်ဝါရီလတွင် လွှတ်ပေးမည် ဟုလည်း ပြောသေးသည်ဟု ဆိုပါသည်။

အဓိက အတိုက်အခံ ပါတီ ဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က တနင်္လာနေ့က ပြောကြားရာတွင် ပြည်ထဲရေး ဝန်ကြီး ဗိုလ်ချုပ်မောင်ဦးအား ၎င်းတို့ မယုံကြည်ကြောင်း ဆိုပါသည်။

NLD အဖွဲ့ဝင် တစ်ဦးက ဗိုလ်ချုပ်မောင်ဦး ပြောကြားသည့် အတိုင်း ကိုးကား၍ ပြောပြရာတွင် စစ်တပ်သည် ညစ်ပတ်သော အစိုးရ မဟုတ်ကြောင်း၊ အာဏာကို ရူးသွပ်နေခြင်းလည်း မရှိကြောင်း၊ ဦးတင်ဦးကို အရင် လွှတ်ပေးမှာ ဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်ကို နိုဝင်ဘာလတွင် လွှတ်ပေးမှာ ဖြစ်ကြောင်း ပြောသည်ဟု ဆိုပါသည်။

ပုံမှန်အားဖြင့်လည်း ဦးတင်ဦး၏ နေအိမ် အကျယ်ချုပ် ခြောက်နှစ် သက်တမ်းသည် ဖေဖော်ဝါရီလ ၁၃ ရက်တွင် ပြည့်မည် ဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်၏ ၁၈ လ ပြစ်ဒဏ်သည် နိုဝင်ဘာလတွင် ပြီးမည်၍ ထူးခြားမှုတော့ မရှိပါဟု လေ့လာသူများက ဆိုပါသည်။

"ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်ကို အခု ချက်ချင်း လွှတ်သင့်တာဗျ။ အခုတော့ သူတို့ ပြစ်ဒဏ် ကာလ ပြီးလို့ လွှတ်ပေးရတာ ဘာဆန်းလဲ" ဟု ရန်ကုန်မှ သတင်းစာ ဆရာ တစ်ဦးက အဆိုပါ သတင်းကို အခြေခံ၍ ပြောကြားခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည်အား နိုဝင်ဘာလတွင် လွှတ်မည် ဆိုပါက ထိုအချိန်တွင် ရွေးကောက်ပွဲ ပြီးလောက်ပြီ သော်လည်းကောင်း၊  ဒီဇင်ဘာတွင် ရွေးကောက်ပွဲ ကျင်းပမည် ဆိုလျှင်လည်း သူမအတွက် အလွန် နောက်ကျသွားအောင် အစိုးရ၏ အစီအမံများသာ ဖြစ်လိမ့်မည်ဟု ၎င်းက ဆက်လက် ပြောကြားခဲ့ပါသည်။

ဦးတင်ဦးသည် မြန်မာ့တပ်မတော်မှ ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဖြစ်ပြီး၊ ၂၀၀၃ ခုနှစ် မေလက ဒီပဲယင်းမြို့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ အစိုးရ၏ တိုက်ခိုက်ခြင်းကို ခံရပြီးနောက် အဖမ်းခံ ခဲ့ရခြင်း ဖြစ်ပါသည်။

ထို့နောက် ၎င်းကို မြန်မာနိုင်ငံ အထက်ပိုင်း စစ်ကိုင်းတိုင်းရှိ ကလေးမြို့ ထောင်သို့ ပို့ထားကာ ၂၀၀၄ ခုနှစ်တွင် ရန်ကုန်မြို့ရှိ ၎င်း၏ နေအိမ်တွင် အကျယ်ချုပ် ချထားခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment