Transparency Myanmar

transparency.myanmar@gmail.com

ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်က ဘင်္ဂလား ပင်လယ်အော် ဒေသတွင် ဖြစ်ပွားခဲ့သော ရေကြောင်း နယ်နိမိတ် ပိုင်ဆိုင်မှု ဆိုင်ရာ ကိစ္စနှင့် ပတ်သက်ပြီး နှစ်ဦးနှစ်ဖက် အခြေတင် ဖြစ်ခဲ့သော အငြင်းပွားမှုကို မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ပူးပေါင်း ဖြေရှင်းရန် သဘောတူညီမှု ရရှိထားပြီ ဖြစ်ကြောင်း သတင်း ရရှိပါသည်။

၂၀၀၈ ခုနှစ်၊ အောက်တိုဘာလတွင် အဆိုပါ အငြင်းပွားစရာ ဖြစ်နေသည့် နေရာ၌ မြန်မာဘက်က ရေနံနှင့် သဘာဝ ဓာတ်ငွေ့ တူးဖော်ရေး လုပ်ငန်းများ စတင် လုပ်ကိုင်ပြီးနောက် ဘင်္ဂလားဒေ့ရှ် ဘက်ကလည်း ရေတပ် သင်္ဘောများ ကင်းလှည့်ရန် စေလွှတ်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ်က မြန်မာနှင့်ဖြစ်ပွားနေသောကိစ္စမှာ ကုလသမဂ္ဂ၏ နိုင်ငံတကာ ပင်လယ်ပြင် ပိုင်နက်ဆိုင်ရာ ဥပဒေနှင့် သက်ဆိုင်ကြောင်း၊ သို့အတွက်ကြောင့် ကုလသမဂ္ဂ အနေဖြင့် ဘင်္ဂလား ပင်လယ်အော် ဒေသတွင် မြန်မာနှင့် ဖြစ်ပွားနေသော ရေပိုင်နက် ဆိုင်ရာကိစ္စကို ဝင်ရောက် ဖြေရှင်းပေးသင့်ကြောင်း ထိုအချိန်က သဘောထား ထုတ်ပြန်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နှင့် နယ်နိမိတ် ပြဿနာ ဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံဘက်က ရေနံနှင့် သဘာဝ ဓာတ်ငွေ့ တူးဖော်ရေး အဖွဲ့များကို ပြန်လည် ခေါ်ယူကာ လုပ်ငန်းများ အားလုံးကိုလည်း ရပ်ဆိုင်းခဲ့သည်။ ထို့နောက် နယ်နိမိတ် ပြဿနာကို ဆွေးနွေး ညှိနှိုင်းခြင်းဖြင့် ဖြေရှင်းမည်ဟု မြန်မာ ဘက်က သဘောထား ထုတ်ပြန်ခဲ့သည်။

လတ်တလော အနေအထားတွင် ဘင်္ဂလားဒေ့ရှ်၌ နှစ်နိုင်ငံဘက်မှ အရာရှိကြီးများ တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ပြီးပြီ ဖြစ်ကြောင်း၊ မကြာမီ အချိန်ကာလတွင် ထပ်မံ တွေ့ဆုံပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွက် သဘာဝ ဓာတ်ငွေ့ တူးဖော်ရေး လုပ်ကွက်များကို အတိအကျ သတ်မှတ် ပေးနိုင်သည် အထိ ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရပါသည်။

 Mizzima သတင်းဌာန၏ သတင်းကို ဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment