Transparency Myanmar

transparency.myanmar@gmail.com

Irrawaddy news, 6th February 2010

          မလေးရှား ကုမ္ပဏီသည် ရွှေကမ်းလွန် လုပ်ကွက်မှ တရုတ်ပြည်သို့ ဓာတ်ငွေ့ ပို့လွှတ်မည့် ပိုက်လိုင်းအတွက် မြန်မာနိုင်ငံ ရခိုင်ကမ်းလွန်တွင် ပင်လယ်ပြင် တိုင်းထွာမှုများ ပြုလုပ်နေပါသည်။

          TL Geohydrographics ကို ကမ်းလွန်လုပ်ကွက် ဦးဆောင် လုပ်ကိုင်သူ တောင်ကိုရီးယားပိုင် ဒေဝူး အင်တာနေရှင်နယ်က ငှားရမ်းခဲ့ခြင်း ဖြစ်သည်။

          မလေးရှား ကုမ္ပဏီ၏ တိုင်းတာရေး သင်္ဘောလုပ်ငန်း ဆောင်ရွက်နေစဉ်အတွင်း ဖေဖော်ဝါရီ ၁၇ ရက်အထိ ရမ်းဗြဲကျွန်း ကမ်းလွန်ကို ငါးဖမ်းင်္ဘောများ မဝင်ရ သီးသန့်ဇုန်အဖြစ် မြန်မာစစ်တပ်က ကြေညာ ထားပါသည်။

          ဓာတ်ငွေ့ လုပ်ကွက်မှ ရမ်းဗြဲကျွန်း ကမ်းစပ်အထိ ပင်လယ် ရေအောက်တွင် ကီလိုမီတာ ၈၀ ခန့် ပိုက်လိုင်း သွယ်တန်းရန် စီစဉ်ထားပါသည်။

          ပိုက်လိုင်း စီမံကိန်း လုပ်ကိုင်ခွင့် ရရှိခဲ့သူ China National Petroleum Corporation CNPC က ပြောကြားရာတွင် ရမ်းဗြဲကျွန်း ဆိပ်ကမ်းအသစ်မှ မြန်မာပြည်ကို ဖြတ်၍ တရုတ် ယူနန်ပြည်နယ်သို့ သွယ် တန်းမည့် ရေနံ ပိုက်လိုင်းနှင့် ယှဉ်၍ ဓာတ်ငွေ့ ပိုက်လိုင်းကို သွယ်တန်းသွားမည်ဟု ဆိုပါသည်။

          TL Geohydrographics သည် Sapura Crest Petroleum ၏ လုပ်ငန်းခွဲတစ်ခု ဖြစ်သကဲ့သို့ မလေးရှား ကုမ္ပဏီတစ်ခုလည်း ဖြစ်ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment