Transparency Myanmar

transparency.myanmar@gmail.com

Irrawaddy News, 6th February 2010       

အငြင်းပွား ဘင်္ဂလား ပင်လယ်အော်ရှိ ကမ်းလွန်ရေပြင် ပိုင်နက်နှင့်ပတ်သက်၍ နောက်ဆုံး လျှောက်ထားချက်များ ထွက်ဆိုရန် ယခုနှစ်ကို နောက်ဆုံးအဖြစ် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ကို သတ်မှတ် ပေးလိုက်ပါသည်။

          ၎င်းတို့ နှစ်နိုင်ငံ အငြင်းပွားနေသော ပင်လယ်ကြမ်းပြင်သည် မထုတ်ယူရသေးသော ကြီးမားသည့် ဓာတ်ငွေ့ အရံသိုက်များ ရှိသည်ဟု မျှော်လင့်ထားကြပါသည်။ နှစ်အတန်ကြာ အငြင်းပွား နေမှုကြောင့် ရှာဖွေထုတ်ယူမှု မပြုနိုင်ခဲ့ပါ။

          အငြင်းပွားဇုန်အတွင်း ခြိမ်းခြောက်ရန် မြန်မာ ရေတပ်က လှုပ်ရှားခဲ့သည်ဟု စွပ်စွဲခဲ့သော ထိပ်တန်း အမေရိကန် ရှေ့နေအဖွဲ့မှ တစ်ဆင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံက တရားစွဲဆိုခဲ့ပြီးနောက် ပင်လယ်ပြင် ဥပဒေဆိုင်ရာ နိုင်ငံတကာ ခုံရုံးက မြန်မာတို့၏ ပိုင်ဆိုင်ကြောင်း တောင်းဆိုမှုအပေါ် စဉ်းစားနေခြင်းအား ရုတ်တရက် ရပ်ဆိုင်းခဲ့ပါသည်။

          ယခုအခါ ကုလသမဂ္ဂ ပင်လယ်ပြင် ဆိုင်ရာ ညီလာခံ ဥပဒေအရ ပြဿနာကို ကိုင်တွယ်နေသော နိုင်ငံတကာ ခုံရုံးက ဇူလိုင် ၁ ရက် နောက်ဆုံးထား၍ ထွက်ဆိုချက်ကို တင်ပြန်ရန် ဘင်္ဂလားဒေ့ရှ်ကို ပြောကြားခဲ့ပါသည်။

          မြန်မာနိုင်ငံကို ဒီဇင်ဘာ ၁ ရက်အထိ ခုခံ ချေပခွင့် ပေးထားပါသည်။ သို့ရာတွင် နောက်ဆုံး အကြိမ် ဖြစ်မည့် လက္ခဏာ မရှိပါ။

          ခုံရုံး၏ ယခင် အပတ်က ကြေညာချက်တွင် နောက်ထပ် ခုခံ ချေပလိုသည်များ ရှိပါက မြန်မာတို့၏ ၂၀၁၀ နောက်ဆုံး သတ်မှတ်ရက် ထွက်ချက်အပေါ် တုန့်ပြန်ရန် ဘင်္ဂလားဒေ့ရှ်ကို ၂၀၁၀ မတ်လ ၁၅ ရက်အထိ ခွင့်ပြုခဲ့ပြီး မြန်မာနိုင်ငံကလည်း ၂၀၁၀ ဇူလိုင် ၁ ရက်အထိ တုန့်ပြန်ခွင့် ရှိသည်ဟု ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment