Transparency Myanmar

transparency.myanmar@gmail.com

Bangkok Post, 10th February 2010

ထိုင်း အစိုးရက အာမခံ ပေးထားခြင်းအပေါ် ဆန့်ကျင်၍ ကရင် ဒုက္ခသည် များအား မြန်မာနိုင်ငံသို့ ပြန်ပို့နေသည့် ထိုင်းစစ်တပ်မှာ ပြစ်တင် စွပ်စွဲမှုများနှင့် ရင်ဆိုင်နေရသည်။

တပ်စ် ပြည်နယ်၊ တဆောင်ရန် ခရိုင်၊ ဘန်ဆူတာမှ အာဏာပိုင်များသည် ကရင် ဒုက္ခသည် အချို့ကို မြန်မာနိုင်ငံသို့ အတင်း ပြန်ခိုင်းခဲ့သည်ဟု  လူ့ အခွင့်အရေး လှုပ်ရှားသူ ဆူပရာပွန် ကောင်ချန်တပ်က ယမန်နေ့တွင် ပြောကြားသည်။ ယခင်နှစ် မြန်မာနယ်စပ် တိုက်ပွဲ များကြောင့် ထွက်ပြေးလာကြသည့် ကရင် ဒုက္ခသည်များကို မြန်မာနိုင်ငံသို့ ပြန်ပို့သည့် ကိစ္စများ မရှိပါ ဟူသော ထိုင်း အစိုးရ၏ ယခင် အပတ်က ကြေညာချက်ကို ဖောက်ဖျက်လိုက်ခြင်းပင် ဖြစ်သည်ဟု ၎င်းက ဆိုသည်။

နယ်စပ် မြန်မာ ပိုင်နက် အတွင်းတွင် တိုက်ပွဲများ ဖြစ်နေခြင်း မြေမြှုပ်မိုင်းများ ရှိနေခြင်း တို့ကြောင့် အိမ်ပြန်မည့် သူများ အတွက် အန္တရာယ်ရှိနေကြောင်း လူ့အခွင့်အရေး အဖွဲ့များက ကန့်ကွက်နေသည့် ကြားမှ ဘန်နောင်းဘူခေါင်နှင့် ဘန်ဆူသာ စခန်းများမှ ကရင်ဒုက္ခသည် ၁၇၀၀ ခန့်ကို ပြန်ပို့ရန် ထိုင်းစစ်တပ်က စီစဉ်နေခဲ့ခြင်း ဖြစ်သည်။

အမျိုးသား လူ့အခွင့် အရေး ကော်မရှင်က ယခု ကိစ္စကို ယနေ့ စတင် ကိုင်တွယ် ဆောင်ရွက်မည်ဟု သိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment