Transparency Myanmar

transparency.myanmar@gmail.com

radioaustralianews.net, 10th February 2010

မြန်မာ အစိုးရအပေါ် စစ်ဖက်ဆိုင်ရာ အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်ထားသည့် အချိန်မျိုးတွင် မြန်မာနိုင်ငံနှင့် စစ်ရေး လေ့ကျင့်မှု ပြုလုပ်ရန် ရေတပ် ကင်းလှည့် သင်္ဘော တစ်စင်းကို အစိုးရက အဘယ်ကြောင့် စေလွှတ်ခဲ့ပါသနည်းဟု သြစတြေးလျ Green ပါတီက မေးခွန်းထုတ်လိုက်သည်။

အာရှ-ပစိဖိတ် ဒေသ တဝှမ်းရှိ ရေတပ်မတော် ၁၃ ခု မှ စစ်သင်္ဘောများသည် အိန္ဒိယ သမုဒ္ဒရာတွင် ပြုလုပ်နေသော ပင်လယ် ဓားပြ နှိမ်နှင်းရေးနှင့် အကြမ်းဖက် ဆန့်ကျင်ရေး လေ့ကျင့်မှုများတွင် လတ်တလော ပါဝင် ဆင်နွှဲနေကြခြင်း ဖြစ်သည်။

အိန္ဒိယနိုင်ငံ ကမကထပြု စည်းရုံး လှုပ်ရှားသော နှစ်စဉ် ပြုလုပ်နေကျ 'Exercise Milan ' သည် အင်ဒါမင် ပင်လယ်၊ ပို့ဘလဲ ဆိပ်ကမ်းမှ နီးကိုးဘား ကျွန်းစုများ အထိ လေ့ကျင့် နေခြင်း ဖြစ်သည်။

အဆိုပါ စစ်ရေး လေ့ကျင့်မှုတွင် ပါဝင်ရန် မြန်မာနိုင်ငံကလည်း စစ်သင်္ဘော တစ်စင်း စေလွှတ်ခဲ့ပြီး ၎င်း မြန်မာ ရေတပ် သင်္ဘောသည် သြစတြေးလျ ရေတပ်၏ HMAS Glenelg နှင့် အတူ ပူးပေါင်း လေ့ကျင့်မည် ဖြစ်သည်။

မြန်မာနိုင်ငံနှင့် စစ်ရေး လေ့ကျင့်ခြင်း၊ လက်နက် ရောင်းချပေးခြင်း တို့ကို တားမြစ်ထားသော အရေးယူ ပိတ်ဆို့မှုကို လက်မှတ် ရေးထိုးထားသည့် သြစတြေးလျ နိုင်ငံ အနေဖြင့် ယခု စစ်ရေး လေ့ကျင့်မှုတွင် ပါဝင်ခြင်းသည် တတိယ အကြိမ်မြောက် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment