Transparency Myanmar

transparency.myanmar@gmail.com

monster sand critics.com/ news, 10th March 2010

ဗီယက်နမ် ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးရေး ဘဏ်က မြန်မာနိုင်ငံတွင် ဘဏ်ခွဲ ဖွင့်လှစ်မည့် အစီအစဉ်ကို ဗီယက်နမ် အစိုးရ လက်ခံ အတည်ပြုလိုက်သည် ဟု ဗုဒ္ဓဟူးနေ့ ပြည်တွင်း သတင်းများတွင် ဖော်ပြလိုက်သည်။

မြန်မာနိုင်ငံ၏ အကြီးဆုံး မြို့တော် ရန်ကုန်တွင် ဗီယက်နမ် နိုင်ငံပိုင်ဘဏ်က ဘဏ်ခွဲ ဖွင့်လှစ်မည့် အစီအစဉ်အား အင်္ဂါနေ့တွင် ဆက်လက် လုပ်ဆောင်ခွင့် ပြုလိုက်သည်ဟု The Voice of Vietnam ဝက်ဘ်ဆိုက်တွင် ဖော်ပြပါရှိသည်။

မြန်မာနိုင်ငံနှင့်ကုန်သွယ်ရေး ဆက်ဆံမှုကို လက်ရှိ လပိုင်းများအတွင်း ဗီယက်နမ်နိုင်ငံက ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာခဲ့သည်။

မြန်မာနိုင်ငံတွင် ရာဘာပင် စိုက်ပျိုးသော လုပ်ငန်းကို ဧရိယာ ဟက်တာ ၂ သိန်း အထိ ဗီယက်နမ်က လုပ်ကိုင်မည်ဟု လယ်ယာ စိုက်ပျိုးရေး သတင်းစာ Nong Nghiep က အင်္ဂါနေ့တွင် သတင်းဖော်ပြသည်။ ယခင် အပတ်က မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သော လယ်ယာ စိုက်ပျိုးရေး ဝန်ကြီး Cao Duc Phat ၏ ခရီးစဉ်တွင် သဘောတူညီမှု ရရှိခဲ့ခြင်း ဖြစ်သည်ဟုလည်း သိရှိရသည်။

ဟနွိုင်းနှင့် ရန်ကုန် အကြား ဗီယက်နမ် လေကြောင်း လိုင်းများ တိုက်ရိုက် ပျံသန်းမှုကို ဖေဖော်ဝါရီလက စတင်ခဲ့သည်။ ကုန်သွယ်ရေး ဆက်ဆံမှုများကို တိုးမြှင့်ရန် သတိပေးခဲ့သော ဗီယက်နမ် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Doan Xuan Huong ၏ ဇန်နဝါရီလ မြန်မာနိုင်ငံ ခရီးစဉ် အပြီးတွင် တိုက်ရိုက် လေကြောင်း ခရီးစဉ်များ ထွက်ပေါ်လာခြင်း ဖြစ်သည်။

၂၀၀၉ ပထမ ၉ လပိုင်း အတွင်း ၂ နိုင်ငံ အပြန်အလှန် ကုန်သွယ်မှု တန်ဖိုးမှာ ဒေါ်လာ သန်း ၆၀ ရှိခဲ့သည်ဟုလည်း သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment