Transparency Myanmar

transparency.myanmar@gmail.com

English.people.com, 2nd April 2010

မြန်မာ အစိုးရသည် နိုင်ငံ၏ အရှေ့ပိုင်း၊ ရှမ်းပြည်နယ်ရှိ ဒေသ ၂ ခု တွင် အစိုးရတပ် သြဇာခံ နယ်ခြားစောင့်တပ်များ ထပ်မံ ဖွဲ့စည်းခဲ့သည်ဟု နိုင်ငံပိုင် နေ့စဉ် သတင်းစာများတွင် သောကြာနေ့က ဖော်ပြခဲ့သည်။

တပ်ဖွဲ့များ ဖွဲ့စည်းခဲ့သော နယ်မြေ ၂ ခုမှာ မိုင်းတုန် မြို့နယ်မှ ပုံပါကျင်နှင့် မိုင်းယောင်း မြို့နယ်မှ မိုင်းယု တို့ ဖြစ်သည်ဟု New Light of Myanmar က သတင်း ထုတ်ပြန်သည်။

အဆိုပါ သတင်းတွင် နယ်ခြားစောင့်တပ်၏ ယခင် ခေါင်းဆောင်ပိုင်းကို အသေးစိတ် ဖော်ပြခြင်း မရှိပါ။

၁၉၈၈ နောက်ပိုင်း မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေး ယူခဲ့သော တိုင်းရင်းသား လက်နက်ကိုင် ၁၇ ဖွဲ့ အနက်မှ ၁၉၈၉ တွင် မြန်မာစစ်တပ်နှင့် အပစ်အခတ် ရပ်စဲခဲ့သည့် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်ပေါင်းစု (NDAF) အခြေစိုက်ရာ မိုင်းလားဒေသ (သို့) အထူးဒေသ ၄ နယ်မြေထဲတွင် အထက်ပါ ရှမ်း အရှေ့ နယ်မြေ ပါဝင်နေသည်။

လာမည့် ပါတီစုံ ရွေးကောက်ပွဲ အတွက် အခြေပြု စရာ ရွေးကောက်ပွဲ ဥပဒေကို ယခင်လက ကြေညာခဲ့ပြီး နောက် အစိုးရက အဆိုပါ နယ်မြေ ၂ ခုတွင် နယ်ခြားစောင့်တပ်ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ယခု ဖွဲ့စည်းမှု မတိုင်မီ ယခင်နှစ်ကုန်ပိုင်း ကလည်း တိုင်းရင်းသား လက်နက်ကိုင် ၃ ဖွဲ့ကို အစိုးရ လက်အောက်ခံ နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်း ဖွဲ့စည်းခဲ့သည်။ ၎င်းအဖွဲ့များမှာ ကချင် အထူးဒေသ (၁) မှ ဒီမိုကရေစီသစ် တပ်မတော် (NDA-K)၊ ကယား အထူးဒေသ (၂) မှ ကရင်နီ အမျိုးသား ပြည်သူ့ လွတ်မြောက်ရေး တပ်ဦး (KNPLF) နှင့် ရှမ်းမြောက် အထူးဒေသ (၁) မှ ကိုးကန့် တပ်ဖွဲ့တို့ ဖြစ်သည်။

ဆခုန်တိန့်ယိမ်း ဦးဆောင်သည့် NDA-K သည် ၁၉၈၉ ဒီဇင်ဘာလတွင် အစိုးရနှင့် အပစ်ခတ်ရပ်စဲ ခဲ့ပြီး KNPLF က ၁၉၉၄ မေလ၊ ကိုးကန့်တပ်ဖွဲ့က ၁၉၈၉ မတ်လတွင် အသီးသီး အပစ်အခတ် ရပ်စဲခဲ့သည်။ ထိုစဉ်ကပင် ငြိမ်းချမ်းရေး အဖွဲ့များအား လက်နက်ကိုင် ဆောင်ခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးထားခဲ့သည်။

၂၀၀၃ ခုနှစ်က ထုတ်ပြန်ခဲ့သော ဒီမိုကရေစီ လမ်းပြမြေပုံမှ အဆင့် ၅ အရ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲကို ၂၀၀၈ အခြေခံ ဥပဒေ အခြေခံ၍ ယခုနှစ်ကုန်တွင် ကျင်းပမည် ဖြစ်ပြီး အသစ်ဖွဲ့စည်းမည့် အရပ်ဖက် အစိုးရထံ အာဏာ လွှဲပြောင်းပေးမည်ဟု သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment