Transparency Myanmar

transparency.myanmar@gmail.com

Straits Times News, 6th April 2010

ဝိုင်းဝန်း ဝေဖန် ပြစ်တင်ခြင်း ခံနေရသည့် မြန်မာ ရွေးကောက်ပွဲ ဥပဒေသည် ယခု တစ်ပတ် အာဆီယံ ညီလာခံတွင် လွဲရှောင်မရသော ဝေဖန်မှုများကို ရင်ဆိုင်ရမည် ဖြစ်သော်လည်း လူ့အခွင့်အရေး နှင့် ဒီမိုကရေစီ ရေးရာတွင် ရလဒ် မကောင်းသော အာဆီယံ၏ မှတ်တမ်းများကြောင့် ပြစ်တင် ဝေဖန်မှုများ ရှိနိုင်ပုံ မရဟု အကဲခတ်များက ပြောကြားသည်။

ကြာသပတေးနေ့နှင့် သောကြာနေ့တွင် ကျင်းပမည့် အာဆီယံ ညီလာခံကို လူ့အခွင့်အရေး ယိုယွင်းလာမှုကြောင့် အစွပ်စွဲ ခံနေရသော တစ်ပါတီ စနစ် ကျင့်သုံးသည့် ကွန်မြူနစ် ဗီယက်နမ်က အလှည့်ကျ သဘာပတိ အဖြစ် လက်ခံ ကျင်းပမည် ဖြစ်သည်။ လာအို နှင့် ကမ္ဘောဒီးယားမှာလည်း အဖွဲ့တွင်း လူ့အခွင့်အရေး ဆွေးနွေးမှုများကို ပိုမို လက်ခံရန် စည်းကမ်း သတ်မှတ်မည်ကို စိုးရိမ် ပူပန်နေသော အဖွဲ့ဝင်များ ဖြစ်သည်ဟု University of Canberra, Australia မှ Christopher Roberts က ပြောကြားခဲ့သည်။

"ဒီကိစ္စက အဓိက အကြောင်းအရာ ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်" ဟု အာရှ နိုင်ငံရေး နှင့် လုံခြုံရေး ဌာန ကထိက Roberts က ဆိုသည်။ ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီး အယ်လဘာတို ရိုမြူလိုကလည်း "ဒီမိုကရေစီ လမ်းညွှန် မြေပုံကို အကောင်အထည် ဖော်မည် ဟူသော မြန်မာ အစိုးရ၏ ဇာတိကို ကျိုးပျက်စေခဲ့သည့် မြန်မာ ရွေးကောက်ပွဲ ဥပဒေအား ကန့်ကွက်ရန် အစည်းအဝေးတွင် အဖွဲ့ဝင်များအား တိုက်တွန်းသွားမည်" ဟု ပြောကြားခဲ့သည်။

ဆယ်စုနှစ် နှစ်စု အတွင်း ပထမဆုံး အကြိမ်အဖြစ် ယခုနှစ်ကုန်တွင် ကျင်းပရန် မျှော်လင့်ထားကြသော ရွေးကောက်ပွဲများကို သပိတ်မှောက်မည်ဟု မြန်မာ့ အတိုက်အခံ ပါတီ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယခင် အပတ်တွင် ပြောကြားလိုက်သည်။

ရွေးကောက်ပွဲ ဥပဒေသစ် အရ ဆိုလျှင် NLD ပါတီသည် ရွေးကောက်ပွဲ ဝင်လိုပါက ပြစ်ဒဏ် ကျခံနေရသော ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပယ်ရမည် ဖြစ်သည်။ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဖြစ်သော ပါတီခေါင်းဆောင်သည် အထိန်းသိမ်း ခံနေရသည်မှာ ၁၄ နှစ်ခန့် ရှိပြီ ဖြစ်သည်။ သူမ ပါဝင်ခြင်း မရှိပါက ရွေးကောက်ပွဲသည် လွတ်လပ် မျှတသည်ဟု ဆိုနိုင်မည် မဟုတ်ကြောင်း၊ ဂျပန်၊ သြစတြေးလျ နှင့် ဗြိတိန် တို့က ပြောကြားခဲ့သည်။ အတိုက်အခံ ပါတီ သပိတ်မှောက်သည့် အတွက် အမေရိကန် ပြည်ထောင်စုက စစ်ဖက် အုပ်ချုပ်သူများကို အပြစ်တင်ခဲ့ပြီး ရှေ့ဆက်နိုင်မည့် အခွင့်အလမ်းကို မြန်မာ အစိုးရ ဆုံးရှုံးသွားခြင်း ဖြစ်သည်ဟု ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံသည် ယခင်ကပင် အာဆီယံ အဖွဲ့၏ တရားဝင် ပြစ်တင် ဝေဖန်မှုများမှ အမြဲတမ်း လွတ်မြောက်ခဲ့သလို ယခု အကြိမ်တွင်လည်း မြန်မာ ရွေးကောက်ပွဲ အပေါ် ပြစ်တင် ဝေဖန်မည့် ပူးတွဲ ကြေညာချက်ကို ထုတ်ပြန်ရန် အခွင့်အရေး မရှိဟု အကဲခတ် သမားများက ကျယ်ကျယ် ပြန့်ပြန့် ရှုမြင် ထားကြသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment