Transparency Myanmar

transparency.myanmar@gmail.com

Cov.cn, 15th April 2010

          လူ ၆၀၀ ကျော် သေဆုံးခဲ့သော တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ငလျှင်ကြောင့် တရုတ် သမ္မတ ဟူကျင်းတောင်းနှင့် ဝန်ကြီးချုပ် ဝမ်ကျားပေါင်တို့က ၎င်းတို့ စီစဉ်ထားသော နိုင်ငံရပ်ခြား ခရီးစဉ်များကို ဆိုင်းငံ့လိုက်သည်။

          ကြာသပတေးနေ့နှင့် သောကြာနေ့တွင် ပြုလုပ်မည့် ဘရာဇီး၊ ရုရှား၊ အိန္ဒိယနှင့် တရုတ်ထိပ်သီး ညီလာခံအပြီး ဗင်နီဇွဲလားနှင့် ပီရူးသို့ ဝင်ရောက်မည့် ခရီးစဉ်များနှင့် ဘရာဇီးသို့ သွားရောက်မည့် နိုင်ငံတော် ခရီးစဉ်တို့ကို "ဟူ" က ဆိုင်းငံ့လိုက်သည်။

          ဝန်ကြီးချုပ် ဝမ်ကျားပေါင်ကလည်း ဧပြီ ၂၂ မှ ၂၅ အတွင်း သွားရောက်မည့် ဘရူနိုင်း၊ အင်ဒိုနီးရှားနှင့် မြန်မာ ခရီးစဉ်များကို ရွှေ့ဆိုင်းလိုက်သည်။

          ဗုဒ္ဓဟူးနေ့က တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကွင်ဟိုင်းပြည်နယ်တွင် အင်အား ၇၀၁ မဂ္ဂနီကျူရှိသော ငလျင်လှုပ်မှုကြောင့် လူ ၆၀၀ ကျော် သေဆုံးပြီး ၃၁၃ ဦး ပျောက်ဆုံးကာ ၉၁၁၀ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။

          အဆိုပါ ငလျင်ကြောင့် လူပေါင်း ၁ သိန်းခန့် အိုးမဲ့အိမ်မဲ့ ဖြစ်သွားသည်ဟုလည်း သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment