Transparency Myanmar

transparency.myanmar@gmail.com

n2.news.yahoo.com, 22 April 2010

          မြန်မာ စစ်အစိုးရ၏ အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်သုံးဦးသည် အခွန်ထမ်း ပြည်သူများ ကျခံသော ငွေများဖြင့် နယူးဇီလန်နိုင်ငံတွင် အင်္ဂလိပ်ဘာသာ သင်ကြားလျက် ရှိသည်ဟု သိရသည်။

          နိုင်ငံခြားရေးဝန်ကြီး Murray McCully က မနေ့က အတည်ပြု ပြောကြားရာတွင် မြန်မာ အစိုးရ အရာရှိ သုံးဦးကို နယူးဇီလန်တွင် ပညာသင်ကြားရန် သဘောတူခဲ့ပြီး ဖြစ်ကြောင်း နောက်ထပ် ထပ်မံ ရောက်ရှိလာရန် ရှိကြောင်းလည်း ပြောခဲ့သည်ဟု Dominion Post က သတင်း ပေးပို့ခဲ့သည်။

          အဆိုပါ ကိစ္စအား Otago academic မှ ကန့်ကွက်ခဲ့ရာ အဆိုပါ ပညာသင်လာမည့် ဝန်ထမ်းများသည် နိုင်ငံတကာမှ ရှုတ်ချနေသော စစ်အစိုးရ၏ လူများ ဖြစ်မည် ဖြစ်ကြောင်း ပြောသည်။

"အစိုးရကတော့ သူ့ကို ဆန့်ကျင်တဲ့ သူတွေကိုတော့ လွှတ်မယ် မထင်ပါဘူး" ဟု Otago တက္ကသိုလ်မှ ပါမောက္ခ Kevin Clements က ပြောသည်။

မြန်မာနိုင်ငံသည် စစ်တပ် အစိုးရမှ အုပ်ချုပ်ပြီး အတိုက်အခံများကို နှိပ်ကွပ်နေသော နိုင်ငံ ဖြစ်သည်။

Labour ပါလီမန် အဖွဲ့ဝင် ဖြစ်သူ Burma Cross – Party Parliamentary Group ဥက္ကဌ Maryan Street က ပြောကြားရာတွင် ဤသို့သော အစိုးရမျိုးကို အထောက်အပံ့ပြုမည့် အစီအစဉ်မျိုး မလုပ်သင့်ကြောင်း ပြောသည်။

Ms Street က ပြောကြားရာတွင် ယခုစာလာသင်သော အစိုးရလူများသည် ဤနိုင်ငံရှိ ဒုက္ခသည်များကို လာရောက် ထောက်လှမ်းခြင်း ဖြစ်နိုင်ကြောင်း၊ ထို့နောက် မြန်မာနိုင်ငံရှိ ၎င်းတို့၏ မိသားစုများကို နှိပ်စက်ကောင်း နှိပ်စက်နိုင်ကြောင်း ဆိုသည်။

"အခုကိစ္စဟာ လူသားချင်း စာနာသော ကူညီ ထောက်ပံ့မှုနှင့် မတူပါဘူး။ ကိုယ့်နိုင်ငံကို ပြန်ပြီး တိုးတက်အောင် လုပ်ပေးမယ့် နိုင်ငံသားတွေကို လေ့ကျင့်ပေးတာနဲ့လည်း မတူပါဘူး" ဟု သူမက ပြောသည်။

နိုင်ငံခြားရေး ဝန်ကြီး Mr. McCully သည် ယခင်က မြန်မာ အစိုးရ ခေါင်းဆောင်များကို မြန်မာနိုင်ငံမှ လူသတ်သမားများ (Butchers of Burma) ဟု ပြောခဲ့သူ ဖြစ်ပြီး၊ ၎င်းက အစိုးရ ဝန်ထမ်းများကို အင်္ဂလိပ်ဘာသာ လေ့ကျင့် သင်ကြားရေး အစီအစဉ်ကို ပြန်လည် သုံးသပ်ပြီး ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း ပြောခဲ့သည်။

မြန်မာနိုင်ငံ ခေါင်းဆောင်များ အပေါ် ဆက်ဆံရေး ပြောင်းလဲသွားမှုနှင့် ပတ်သက်၍ တရားမျှတမှု ရှိမရှိ မေးမြန်းသောအခါ McCully က နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် လိုက်လျောညီထွေ ရှိကြောင်း ပြောသည်။

အမေရိကန်သည်ပင် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ရွေးကောက်ပွဲ အတွက် ပြင်ဆင်နေခြင်းကြောင့် မြန်မာ အစိုးရနှင့် ပိုမို ဆက်ဆံလာရာ ယခုကိစ္စမှာလည်း နိုင်ငံတကာနှင့်အတူ လိုက်ပါဆောင်ရွက်ရခြင်း ဖြစ်ပေသည်။

ယခု အစီအစဉ် အတွက် မြန်မာ အစိုးရသည် ပညာသင် တစ်ဦး အတွက် ခြောက်လကျော် ပညာသင် စရိတ် ဒေါ်လာ ၃၅၀၀၀ ကျသင့်မည် ဖြစ်ကြောင်း Mr McCully က ပြောကြားသည်။

၁၉၉၈ ကတည်းက နယူးဇီလန်သို့ မြန်မာ အစိုးရ တာဝန်ရှိသူ ၃၅ ဦး လာရောက်ခဲ့သည်။

Labour နိုင်ငံခြားရေးရာ ပြောခွင့်ရ ပုဂ္ဂိုလ် Chris Carter က ပြောကြားရာတွင် ပညာသင်လာမည့် မြန်မာ ဝန်ထမ်းများအား ဒီမိုကရေစီသည် မည်သို့ လုပ်သင့်သည် ဆိုသည်ကို ပြသရန် အရေးကြီးသည်ဟု ဆိုသည်။

Greens' နိုင်ငံခြားရေးရာ ပြောခွင့်ရ ပုဂ္ဂိုလ် Keith Locke က ပြောကြားရာတွင် ယခု အစီအစဉ်တွင် ပါဝင်မည့် မြန်မာများသည်၊ တိုင်းသူပြည်သားများ အပေါ် သစ္စာရှိသင့်ကြောင်း ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment