Transparency Myanmar

transparency.myanmar@gmail.com

The Irrawaddy, By William Boot, 24th April 2010

          တရုတ်နိုင်ငံ ကဲ့သို့သော သစ်ဈေးကွက်ကို ဖြည့်ဆည်းရန် တရားမဝင်သစ်လုံးများခိုးထုတ်မှု ကြောင့် လွန်ခဲ့သော နှစ်ပေါင်း သုံးဆယ်အတွင်း မြန်မာနိုင်ငံ သစ်တော ဧရိယာ၏ ၁၄ % ခန့် လျော့နည်း ပျက်စီးခဲ့ရကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ FAO က ပြောသည်။

          သစ် အဆက်မပြတ် ထုတ်ယူမှုကြောင့် ၁၉၇၅ ခုနှစ်က မြန်မာနိုင်ငံ ဧရိယာ၏ ၆၀ % ကို သစ်တောများ ဖုံးလွှမ်းနေရာမှ ယခုအခါ ၄၀ % သာ သစ်တောများ ကျန်ရှိတော့သည်။

          ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း သစ်တော ဧရိယာ ကျဆင်း ပျောက်ဆုံးမှုနှုန်းမှာ အရှိန်မြင့်လာခဲ့သည်။ လွန်ခဲ့သော ငါးနှစ်အတွင်း သစ်တော ဧရိယာ ၄၆၆၀၀၀ ဟက်တာ ပျောက်ဆုံး သွားခဲ့မှုကြောင့် ကမ္ဘာပေါ်တွင် သစ်တော ပြုန်းတီးမှု အဆိုးဆုံး လေးနိုင်ငံတွင် မြန်မာနိုင်ငံလည်း အပါအဝင် ဖြစ်လာခဲ့သည်ဟု ကုလသမဂ္ဂက ပြောသည်။

         မြန်မာနိုင်ငံတွင် ကာကွယ် ထိန်းသိမ်းထားသော သစ်တော ကြိုးဝိုင်း ဧရိယာ ၁၅၅၀၀၀ စတုရန်း ကီလိုမီတာ ရှိပြီး ကမ္ဘာပေါ်တွင် အကြီးဆုံး ထိန်းသမ်းထားမှု ဧရိယာ ရှိနေသော်လည်း သစ်လုံး ထုတ်ယူမှုများကို ဆက်လက် ပြုလုပ်နေဆဲ ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment