Transparency Myanmar

transparency.myanmar@gmail.com

BBC News, 6th May 2010

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီသည် တရုတ် ဝန်ကြီးချုပ်နှင့် စီစဉ်ထားသော ဆွေးနွေးပွဲ မတိုင်မီ တရုတ်သမ္မတနှင့် တွေ့ဆုံခဲ့သည်ဟု တောင်ကိုရီးယား သတင်းဌာနက သတင်းဖော်ပြခဲ့သည်။

ဗုဒ္ဓဟူးနေ့ ညက ပြည်သူ့ မဟာခန်းမဆောင်တွင် ပြုလုပ်သော ညစာစားပွဲ မကျင်းပမီ ကင်ဂျုံအီနှင့် သမ္မတ ဟူကျင်းတောင်တို့ တွေ့ဆုံခဲ့ကြသည်ဟု တောင်ကိုရီးယား ယွန်ဟတ် သတင်းဌာနက ပြောကြားသည်။

ကင်ဂျုံအီသည် ကြာသပတေးနေ့တွင် ဝန်ကြီးချုပ် ဝမ်ကျားပေါင်နှင့် တွေ့ဆုံရန် မျှော်လင့်ထားသည်ဟုလည်း သိရှိရသည်။

စီးပွားရေးနှင့် လုံခြုံရေး ကိစ္စများနှင့် ပတ်သက်သည်ဟု ယူဆနေကြသော ကင်ဂျုံအီ၏ ခရီးစဉ်ကို သက်ဆိုင်ရာ နိုင်ငံများက လျှို့ဝှက်ထားသည်။

ဘေဂျင်းနှင့် ပြုံးယမ်းက ကင်ဂျုံအီ၏ ခရီးစဉ်ကို အတည်ပြုခြင်း မရှိသော်လည်း တရုတ်နိုင်ငံသို့ အထူးရထားဖြင့် ရောက်ရှိပြီးချိန်မှ စ၍ ကင်ဂျုံအီကို အကြိမ်ပေါင်း များစွာ တွေ့မြင်နေရသည်။

ဗုဒ္ဓဟူးနေ့ ညပိုင်းက ပြည်သူ့ မဟာ ခန်းမဆောင် အပြင်ဘက်တွင် မြောက်ကိုရီးယား အလံတပ် လိုင်မိုစင်းကားများကို တွေ့မြင်ခဲ့ရသည်ဟု အေပီ သတင်းဌာနက ဖြော်ပသည်။

ကင်ဂျုံအီသည် ဟူကျင်းတောင်နှင့် တွေ့ဆုံခဲ့ပြီး ကြာသပတေးနေ့တွင် ဝမ်ကျားပေါင်နှင့် တွေ့ဆုံမည်ဟု ကိုရီးယား သတင်းဌာနများက ဖော်ပြခဲ့သော နေရာမှာ အဆိုပါ ခန်းမဆောင်ပင် ဖြစ်သည်။

သမ္မတ ဟူကျင်းတောင်နှင့် နောက်ထပ် တွေ့ဆုံရန် အလားအလာ ရှိသည်ဟုလည်း တောင်ကိုရီးယား သတင်းဌာနများက ဆိုသည်။

မြောက်ကိုရီးယား၏ သက်ကြားအို ခေါင်းဆောင်သည် ၂၀၀၆ ခုနှစ်တွင် တရုတ် ခရီးစဉ် နောက်ပိုင်း ပြည်ပခရီး သွားတော့မည် မဟုတ်ဟု ယခင်က မှန်းဆခဲ့ကြသည်။

ကင်ဂျုံအီသည် ဘေဂျင်းသို့ ရထားဖြင့် မလာမီ တရုတ်မြောက်ပိုင်း ဒါလီယန်းနှင့် တီယန်ဂျင် မြို့တော်များရှိ စက်ရုံများ၊ စက်မှုဇုန်များ၊ ဆိပ်ကမ်းများကို ဝင်ရောက် လည်ပတ်ခဲ့သည်ဟုလည်း သိရှိရသည်။

မြောက်ကိုရီးယား၏ အကြီးဆုံး ကုန်သွယ်ဖက်ဖြစ်သော တရုတ်နိုင်ငံသည် ပြုံးယမ်း အပေါ် ကြီးမားစွာ လွှမ်းမိုးထားနိုင်ခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment