Transparency Myanmar

transparency.myanmar@gmail.com

VOA News, 6th May 2010

မြန်မာနိုင်ငံတွင် ကျင်းပရန် ပြင်ဆင်နေသည့် ရွေးကောက်ပွဲကို သဘောမတူသဖြင့် သပိတ်မှောက်ခဲ့သော အဓိက အတိုက်အခံပါတီမှ ခေါင်းဆောင်ပိုင်း ပါတီဝင်များက ၎င်းတို့ အနေဖြင့် ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရန် ပါတီတစ်ခု ခွဲထွက် ဖွဲ့စည်းနေသည် ဟု ပြောကြားလိုက်သည်။

NLD ပါတီဝင် ဒေါက်တာသန်းငြိမ်းက VOA မြန်မာပိုင်း အစီအစဉ်သို့ ကြာသပတေးတွင် ပြောကြားရာ၌ ၎င်းနှင့်အတူ အခြားပါတီဝင်များသည် National Democratic Force အမည်ဖြင့် ပါတီသစ် တစ်ခု ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့ကြသည်ဟု ဆိုသည်။ လာမည့် နှစ်ကုန် ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ရန် အတွက် NDF ကို မြန်မာ စစ်ဖက် အုပ်ချုပ်သူများထံ မှတ်ပုံတင်မည်ဟုလည်း ၎င်းက ပြောကြားသည်။

NDF ၏ နိုင်ငံရေး ရည်မှန်းချက်သည် ရွေးကောက်ပွဲကို သပိတ်မှောက်ထားသော NLD ပါတီ၏ ရည်မှန်းချက်နှင့် များစွာ ခြားနားမည် မဟုတ်ဟု ဒေါက်တာ သန်းငြိမ်းက ဆိုသည်။ အကြောင်းမှာ NLD ပါတီသည် တရားဝင် ဆက်လက် ရပ်တည်ရေး အတွက် စစ်အစိုးရ၏ စည်းကမ်းကို လက်ခံရန် ငြင်းပယ်ခဲ့ခြင်းကြောင့် ဖြစ်သည်။

စစ်ဖက် အစိုးရက ထုတ်ပြန်ခဲ့သည့် ရွေးကောက်ပွဲ ဥပဒေသစ်အရ NLD သည် ထောင်ကျနေသော ပါတီဝင်များကို ပါတီမှ ထုတ်ပယ်ကာ ကြာသပတေးနေ့ နောက်ဆုံးထား၍ မှတ်ပုံတင်ရမည် ဖြစ်ပြီး သို့မဟုတ်ပါက ဖျက်သိမ်းခံရမည် ဖြစ်သည်။

ပါတီသစ် ဖွဲ့စည်းရန် ခွဲထွက်မည့် ဆုံးဖြတ်ချက် အပေါ် NLD ပါတီက ချက်ချင်း ထင်မြင်ချက် မပေးသေးပါ။

NLD ပါတီက ရွေးကောက်ပွဲ အတွက် မှတ်ပုံမတင်ရန် ဆုံးဖြတ်ခဲ့ရခြင်းမှာ အထိန်းသိမ်းခံ ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပယ်ရန် လိုအပ်သည့် ရွေးကောက်ပွဲ စည်းကမ်းကြောင့် ဖြစ်သည်။ NLD ပါတီ ရန်ကုန်ဌာနချုပ်သည် လူသားချင်း စာနာသော လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်မည် ဖြစ်သော်လည်း နိုင်ငံရေးနှင့် ဆက်လက် ပတ်သက်မည် မဟုတ်ဟု ပါတီဝင်များက ပြောကြားခဲ့သည်။

NLD ပါတီဝင် အချို့သည် ကြာသပတေးနေ့ ရုံးမဆင်းမီ ဌာနချုပ်ရှိ ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူ ပန်းချီများကို လိပ်သိမ်းခဲ့ကြသည်။

အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေသစ်ကို ပယ်ဖျက်ပေးရန် NLD ပါတီ၏ လျှောက်ထားမှုကို ဗဟို တရားရုံးက ငြင်းပယ်လိုက်သည်ဟု ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ရန်ကုန်မြို့မှ သတင်းထောက်များအား အစောပိုင်းက ပြောကြားခဲ့သည်။

လွန်ခဲ့သော နှစ် ၂၀ အတွင်း ၁၄ နှစ်ခန့် ထိန်းသိမ်းခြင်း ခံခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်မှာ လွန်ခဲ့သည့် သြဂုတ်လက နေအိမ် အကျယ်ချုပ် ပြစ်ဒဏ် ထပ်မံ ချမှတ်ခြင်း ခံခဲ့ရသည်။

သူမ၏ ပါတီသည် ၁၉၉၀ နောက်ဆုံး ဒီမိုကရေစီ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော်လည်း အဆိုပါ ရလဒ်ကို စစ်ဖက် အစိုးရက လက်ခံရန် ငြင်းဆန်ခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment