Transparency Myanmar

transparency.myanmar@gmail.com

CNN News, 1st July 2010

အစ္စရေး လေတပ်သည် ဂါဇာရှိ လက်နက် ထုတ်လုပ်သော အဆောက်အဦးများနှင့် 'အကြမ်းဖက်'  ပစ်မှတ်များကို တစ်ညလုံး ဗုံးကြဲ တိုက်ခိုက်ခဲ့သည်ဟု အစ္စရေး ကာကွယ်ရေး တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။

၂၀၁၀ ဇွန်လ ၃၀ ရက် ဗုဒ္ဓဟူးနေ့ မနက်ခင်းတွင် စဒေါ့နီးဂက်ဗ် ဒေသဆိုင်ရာ ကောင်စီ၏ စက်ရုံတစ်ရုံ ပျက်စီးခဲ့ရသော ဒုံးကျည်ဖြင့် တိုက်ခိုက်ခံရမှုကို တုန့်ပြန်သည့် အနေဖြင့် လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု အစ္စရေး ကာကွယ်ရေး တပ်ဖွဲ့ ကြေညာချက်တွင် ဖြော်ပထားသည်။

လက်နက် ထုတ်လုပ်သော အလုပ်ရုံမှာ ဂါဇာ မြောက်ပိုင်းတွင် ရှိပြီး၊ အကြမ်းဖက်သမားများ ခိုအောင်းသော နေရာနှင့် ဥမင် လိုဏ်ခေါင်းများမှာ ပါလက်စတိုင်း နယ်မြေ တောင်ဖက်စွန်းတွင် ရှိသည်။

၂၀၁၀ နှစ်စပိုင်း နောက်ပိုင်း အစ္စရေး ပိုင်နက် နယ်မြေများကို ဒုံးကျည် ၉၀ ကျော်နှင့် အမြောက် မော်တာကျည် များစွာဖြင့် ပစ်ခတ် တိုက်ခိုက်ခံခဲ့ရသည်ဟု အစ္စရေး ကာကွယ်ရေး တပ်ဖွဲ့က ပြောကြားသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment