Transparency Myanmar

transparency.myanmar@gmail.com

BBC, 20th July 2010

တရုတ်နိုင်ငံသည် အမေရိကန် ပြည်ထောင်စုကို ကျော်ဖြတ်ကာ ပထမဆုံး အကြိမ်အဖြစ် ကမ္ဘာ့ထိပ်ဆုံး စွမ်းအင်သုံးစွဲသူ ဖြစ်လာသည်ဟု အစီရင်ခံစာ သစ်များက ဆိုပါသည်။

နိုင်ငံတကာ စွမ်းအင် အေဂျင်စီမှ ထုတ်ပြန်သော လတ်တလော ကိန်းဂဏန်းများက "တရုတ်နိုင်ငံ၏ စွမ်းအင် လိုအပ်ချက်သည် ဆယ်စုနှစ် တစ်ခုအတွင်း ၂ ဆ မြင့်တက်ခဲ့သည်" ဟု ညွှန်ပြနေသည်။

တရုတ်သည် ကမ္ဘာစီးပွားရေး အကျပ်အတည်း၏ ရိုက်ချက်ကို အမေရိကန် လောက် မခံရသဖြင့် ယခု ပထမနေရာသို့ ရောက်လာခြင်း ဖြစ်သည်ဟု နိုင်ငံတကာ စွမ်းအင် အေဂျင်စီက ဆိုသည်။

အစီရင်ခံစာတွေ့ရှိချက်ကို တရုတ်နိုင်ငံက စိမ်ခေါ်လိုက်ပြီး အဆိုပါ ကိန်းဂဏန်းများမှာ ယုံကြည်ရခြင်း မရှိဟု ပြောကြားခဲ့သည်။

အမေရိကန် ပြည်ထောင်စုသည် ကမ္ဘာ့အကြီးဆုံး စွမ်းအင်သုံးစွဲသူ အဖြစ် နှစ်ပေါင်း ၁၀၀ ကျော် ရပ်တည်ခဲ့သူ ဖြစ်သည်။ သို့သော်လည်း ပြီးခဲ့သော ဆယ်စုနှစ် ၂ ခု အတွင်း တရုတ် စီးပွားရေး လျှင်မြန်စွာ ကြီးထွားခဲ့ခြင်းကြောင့် တရုတ်ကိုထိပ်သို့ တွန်းတင်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု အင်္ဂါနေ့ အစီရင်ခံစာက ဆိုသည်။

တရုတ် စွမ်းအင် လိုအပ်ချက် မြင့်မားလာခြင်းကို ၎င်းနိုင်ငံ၏ တိုးတက်နေသော လူဦးရေက ဆက်လက် မီးထိုးပေးဦးမည် ဖြစ်သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment