Transparency Myanmar

transparency.myanmar@gmail.com

BBC News, 24th July 2010

မြောက်ကိုးရီးယားသည် ယခုအပတ် အမေရိကန်-တောင်ကိုးရီးယား စစ်တပ် ပူးတွဲ စစ်ရေးပြပွဲကို တုန့်ပြန်သော အားဖြင့် မှတ်လောက် သားလောက်အောင် နျူကလီယာ အသုံးပြုမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပြုံးယမ်း အနေဖြင့် လက်တုန့်ပြန်သော အရေးကြီးသည့် စစ်ပွဲ တစ်ခုအား အချိန်မရွေး ပြုလုပ်နိုင်ကြောင်း၊ အစိုးရပိုင် ကိုးရီးယား ဗဟို သတင်း အေဂျင်စီ် (KCNA) က ပြောကြားခဲ့သည်။

ဝါရှင်တန်နှင့် ဆိုးလ်ကမူ ယခုကဲ့သို့ ပြုလုပ်ရခြင်းမှာ ယခုကဲ့သို့ ပြုလုပ်ရခြင်းမှာ မြောက်ကိုးရီးယား၏ ကျူးကျော် ရန်လိုမှု တားဆီးရန် ဖြစ်သည်ဟုပြောသည်။

မတ်လသည် တောင်ကိုးရီးယား စစ်သင်္ဘော နစ်မြုပ်ပြီးကတည်းက ကိုးရီးယား နှစ်နိုင်ငံကြား တင်းမာမှု မြင့်တက်လာခြင်း ဖြစ်သည်။

နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုက သင်္ဘောနစ်မြုပ်မှုမှာ မြောက်ကိုးရီးယား တော်ပီဒိုကြောင့် ဟု ပြောကြားခဲ့သော်လည်း၊ ပြုံးယမ်းကမူ ပြင်းပြင်းထန်ထန် ငြင်းဆန်ခဲ့သည်။

ဆိုးလ်ရှိ BBC သတင်းထောက် John Sudworth က ပြောကြားရာတွင် ထိုကဲ့သို့သော သတိပေးမှုမျိုးကို မြောက်ကိုးရီးယားက ယခုမှ ပထမအကြိမ် မဟုတ်ကြောင်း ဆိုသည်။

ထို့ကြောင့် အဆိုပါ သတိပေးမှုကို မြောက်ကိုးရီးယား၏ လုပ်ရိုးလုပ်စဉ် မိမိကိုယ်မိမိ ကာကွယ်ရန် သံတမန် ရေးအရ အန္တရာယ်ကြီးသော မူဝါဒ တစ်ခုသာ ဖြစ်သည်ဟု ယူဆရမည် ဖြစ်သော်လည်း ယခု တင်းမာမှု ပိုမိုလာခြင်းမှာမူ ဒေသတွင်း အစိုးရများအတွက် စိုးရိမ်မှု ဖြစ်စေကြောင်း ၎င်းက ဖြည့်စွက် ပြောသည်။

စကားလုံး စစ်ပွဲ

မြောက်ကိုးရီးယား၏ ပါဝါရှိသော အမျိုးသား ကာကွယ်ရေး ကော်မရှင်က ပြောကြားရာတွင် ယခု စစ်တပ် သရုပ်ပြပွဲများသည် ဘာမျှမဟုတ် ဆိုသော်လည်း၊ မြောက်ကိုးရီးယားအား လက်နက် အင်အား ပြပြီး ရပ်တန့်ရန် ရန်စခြင်း ဖြစ်သည်ဟု KCNA က သတင်း ထုတ်ပြန်သည်။

"DPRK စစ်တပ်နှင့် ပြည်သူများသည် လိုအပ်ပါက အချိန်မရွေး နျူကလီယာ လက်နက် အသုံးပြု၍ ကိုယ်ပိုင်ဟန်ဖြင့် အရေးကြီးသော လက်တုန့်ပြန် စစ်ပွဲတစ်ခု စတင်နိုင်သည်။ စစ်ဖြစ်ရန် အခြေအနေသို့ တမင် တွန်းပို့နေသော အမေရိကန် ရေတပ်နှင့် တောင်ကိုးရီးယား ရုပ်သေး တပ်ဖွဲ့များကို တုန့်ပြန်ရန် လိုသည်'' ဟု KCNA က ဖော်ပြထားသည်။

အပြန်အလှန်အားဖြင့် အိမ်ဖြူတော် ကလည်း မိမိတို့သည် မြောက်ကိုးရီးယားနှင့် စကားလုံး စစ်ပွဲ ပြုလုပ်ရန် စိတ်မဝင်စားကြောင်း ပြောခဲ့သည်။

အမေရိကန် နိုင်ငံခြားရေး ဋ္ဌာန ပြောခွင့်ရ ပုဂ္ဂိုလ် PJ Crowley က ပြောကြားရာတွင် အမေရိကန် ပြည်ထောင်စု အနေဖြင့် ပြုံးယမ်းထံမှ ရန်စသော စကားလုံးများ နည်းပြီး အပြုသဘော ဆောင်သော လှုပ်ရှားမှုများကို ပိုမို အလိုရှိကြောင်း ပြောကြားခဲ့သည်။

သောကြာနေ့က ဗီယက်နမ် တွင် ကျင်းပသော အာရှဒေသတွင်း လုံခြုံရေး ဆိုင်ရာ ဖိုရမ်တွင် မြောက်ကိုးရီးယားက စစ်တပ် သရုပ်ပြပွဲကို ကိုယ်ထိလက်ရောက် တုန့်ပြန်မှု ပြုလုပ်မည်ဟု ကတိပြုခဲ့သည်။

အာဆီယံ ဒေသတွင်း ဖိုရမ်၌ မြောက်ကိုးရီးယား ကိုယ်စားလှယ် အဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြားရာတွင် ယခု စစ်တပ် သရုပ်ပြပွဲသည် ၁၉ ရာစုက အမြောက်တင် ရွက်သင်္ဘော ဆက်ဆံရေး (gunboat diplomacy) ၏ ဥပမာသာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

"ဒါဟာ ကိုးရီးယား ကျွန်းဆွယ်ကို တင်မက အာရှဒေသ တစ်ခုလုံးကိုပါ ခြိမ်းခြောက်တဲ့ လုပ်ရပ် ဖြစ်ပါတယ်'' ဟု ၎င်းက ပြောသည်။

အာဆီယံ ဖိုရမ်တွင် ကိုးရီးယား နှစ်နိုင်ငံ၏ ပဋိပက္ခက လွှမ်းမိုးခဲ့သည်။

စစ်ရေး လေ့ကျင့်မှု သရုပ်ပြပွဲကို တနင်္ဂနွေနေ့တွင် စတင်မည် ဖြစ်ရာ လေယာဉ်တင် သင်္ဘော USS George Washington နှင့် အခြား သင်္ဘောနှင့် ရေငုပ်သင်္ဘော အစင်း(၂၀)၊ တိုက်လေယာဉ် အစီး (၁၀၀) နှင့် စစ်သား (၈၀၀၀) ပါဝင်မည် ဖြစ်သည်။

အဆိုပါ အစီအစဉ်ကို တရုတ်က ဝေဖန်ခဲ့သည်။ ဒေသတွင်း တင်းမာမှုကို ပိုမို ဆိုးရွားစေမည့် လုပ်ရပ်မှန်သမျှကို ဆန့်ကျင်ကြောင်း သတိပေးခဲ့သည်။

သို့သော် ဂျပန်နိုင်ငံသည် စစ်တပ်မှ လေ့လာသူ လေးဦးအား စစ်ရေး လေ့ကျင့် သရုပ်ပြပွဲသို့ စေလွှတ်ခဲ့ရာ၊ အဆိုပါ အစီအစဉ်ကို ထောက်ခံကြောင်း ရှင်းလင်းသည့် ပြသမှု တစ်ခု ဖြစ်သည်။

ဗုဒ္ဓဟူးနေ့က အမေရိကန်က မြောက်ကိုးရီးယားကို အရေးယူမှု အသစ်များ ချမှတ်ကြောင်း ကြေညာခဲ့ရာ၊ နျူကလီယာ ပြန့်ပွားရေးကို ရပ်တန့်ရန်နှင့် ဇိမ်ခံ ပစ္စည်းများ တင်သွင်းခြင်းကို ရပ်တန့်ရန် ရည်ရွယ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment