Transparency Myanmar

transparency.myanmar@gmail.com

Weekly Business Roundup.com, 24th July 2010

ဘင်္ဂလားဒေ့ရှ် အစိုးရသည် မြန်မာနိုင်ငံမှ သွင်းကုန်များကို ငြင်းပယ်ရန် သဘောတူညီချက် အရ ဗီယက်နမ် နိုင်ငံမှ အမေရိကန် ဒေါ်လာ သန်း ၃၀ တန်ဖိုးရှိ ဆန်များ ဝယ်ယူမည် ဖြစ်သည်။

မြန်မာနိုင်ငံ၏ ဆန်ပို့ကုန် ယခုနှစ် ကျဆင်းသွားကြောင်း သတင်းများ ထွက်ပေါ်နေသည့် ကြားမှ ဘင်္ဂလားဒေ့ရှ်သို့ ဗီယက်နမ် ကုန်သွယ်ရေး ကိုယ်စားလှယ် အဖွဲ့ သွားရောက်စဉ် အထက်ပါ သဘောတူညီချက် ရရှိခဲ့ခြင်း ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်သည် အရေးပေါ် ဆန်သိုလှောင် ထားရှိမှု လျှော့နည်းလာခြင်းကို ပြန်လည် ဖြည့်တင်းရန် ကြိုးစားသည့် အနေဖြင့် အိန္ဒိယထံမှ ဆန်ဝယ်ယူမှုကိုလည်း တိုးမြှင့်ခဲ့သည်။

နိုင်ငံပိုင် ဗီယက်နမ် တောင်ပိုင်း စားနပ်ရိက္ခာ ကော်ပိုရေးရှင်း ထံမှ မက်ထရစ် တန်ချိန် ၁၀၀,၀၀၀ ဝယ်ယူရန် ဘင်္ဂလားဒေ့ရှ်က သဘောတူခဲ့သည်ဟု ဒက်ကား မီဒီယာက ယခု အပတ် သတင်း ထုတ်ပြန်သည်။

ပို့ဆောင်မှု စရိတ် အပို ကုန်ကျသည့်ကြားမှ မြန်မာ့ဆန်ကို ကျော်၍ ဗီယက်နမ်ကို အဘယ်ကြောင့် ရွေးချယ်ခဲ့သည် ဆိုခြင်းကို မသိရသေးပါ။

မြန်မာ့ ဆန်ပို့ကုန်သည် ယခုနှစ် ပထမ ခြောက်လပတ် အတွင်း ကျဆင်းသွားခဲ့ပြီး ၂၀၀၉ ပထမ နှစ်ဝက်က တင်ပို့ခဲ့သည်။ ပမာဏ၏ သုံးပုံတစ်ပုံသာ တင်ပို့နိုင်ခဲ့သည်ဟု မြန်မာ ကူးသန်း ရောင်းဝယ်ရေးနှင့် စက်မှု လုပ်ငန်းရှင်များ အသင်းက ယခုလ ထုတ်ပြန်သော ကိန်းဂဏန်းများ အရ သိရှိရသည်။

မြန်မာနိုင်ငံသည် ယခု ဇန်နဝါရီမှ ဇွန်လ အထိ ဆန်တန်ချိန် ၂၇၆,၁၈၀ သာ တင်ပို့ခဲ့ပြီး ယခင်နှစ် အလားတူ ကာလက ဆန်တန်ချိန် ၇၅၀၁၀၀ တင်ပို့နိုင်ခဲ့သည်ဟု အသင်းက ထုတ်ပြန်ခဲ့သည်။

အံ့သြစရာ ကောင်းသည်မှာ ဗီယက်နမ်သည် မြန်မာနှင့် ကုန်သွယ်ရေး ဆက်ဆံမှုကို လတ်တလောကပင် တိုးမြင့်ခဲ့ခြင်းပင် ဖြစ်သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment