Transparency Myanmar

transparency.myanmar@gmail.com

Weekly Business Roundup, 7th August 2010

ကုန်ပစ္စည်းများ၊ မူးယစ်ဆေးဝါးများ၊ လက်နက်များ လွတ်လွတ်လပ်လပ် တရားမဝင် ရောင်းဝယ်ကာ ငွေကြေး ခဝါချမှုများကို တားဆီးနိုင်ခြင်း မရှိသည့် မြန်မာနိုင်ငံနှင့် နယ်စပ်မှ "အပေါက်များ'' နှင့် ပတ်သတ်၍ အိန္ဒိယက ထပ်မံ ကန့်ကွက်လိုက်သည်။

"အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ ပူးပေါင်း ဆောင်ရွက်မှုတွေ ကောင်းကောင်း လုပ်နိုင်ခဲ့ပေမဲ့ မြန်မာနိုင်ငံနယ်စပ်မှာတော့ အနေအထားက အရမ်း အရမ်းကို ခက်ခဲနေတယ်" ဟု ပြည်ထဲရေး ဝန်ကြီး ပီချီဒမ်ဘာရမ်က ဗုဒ္ဓဟူးနေ့တွင် နယူးဒေလီ ဖက်ဒရယ် လွှတ်တော်၌ ပြောကြားသည်။

မြန်မာအစိုးရ အကြီးအကဲ၏ ခရီးစဉ်အတွင်း မြန်မာနှင့် အိန္ဒိယတို့ နယ်စပ်ဆိုင်ရာ သဘောတူညီချက်များ လက်မှတ် ရေးထိုးခဲ့ကြပြီး ရက်အနည်းငယ် အကြာတွင် ၎င်းက ပြဿနာများကို ဖော်ထုတ်လာခြင်း ဖြစ်သည်။

အဆိုပါ သဘောတူချက်၏ အဓိက အချက်မှာ နယ်စပ်မှာ နာမည်ကြီး မှောင်ခို ကုန်သည်များ၊ သူပုန်များကို တရားစွဲနိုင်ရန် အိန္ဒိယသို့ ပြန်ပို့ရန် မြန်မာက တာဝန်ယူရေး ဖြစ်ပြီး လွန်ခဲ့သော အနှစ်၂၀ ကျော်ကပင် နယူးဒေလီက တောင်းဆိုနေခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ခရီးစဉ် ရလဒ်အဖြစ် နယ်စပ်မှ တရားမဝင် လှုပ်ရှားမှုများကို များစွာ ထိန်းချုပ်နိုင်မည် ဟူသော အချက်ကို အကဲခတ် အများစု သံသယ ရှိနေကြသည်။

"လူသိရှင်ကြား ဝန်ခံသူ မရှိပေမဲ့ အိန္ဒိယ-မြန်မာနယ်စပ် ကူးသန်း ရောင်းဝယ်ရေး လမ်းကြောင်းပေါ်က အဓိက ကြီးမားတဲ့ ပြဿနာက မြန်မာစစ်တပ်ပါပဲ'' ဟု အမည် မဖော်လိုသူ ဘန်ကောက်သံရုံးမှ အကဲခတ် လေ့လာသူ တစ်ဦးက ပြောကြားသည်။

"အိန္ဒိယ အရှေ့မြောက် သူပုန်အုပ်စုတွေဟာ နယ်စပ်က မြန်မာ တပ်ရင်းမှူးတွေနဲ့ ကူးသန်း ရောင်းဝယ်နေကြတာပါ၊ ဒါက မှောင်ခို လက်နက် ကုန်သွယ်မှုရဲ့ ရင်းမြစ်ပါပဲ'' ဟု ၎င်းက ဆိုသည်။

၂ နိုင်ငံကြား ကာရံမှု မရှိ၊ စောင့်ကြပ်မှု မရှိသည့် နယ်စပ်မှာ ကီလိုမီတာ ၁၆၀၀ ရှည်လျားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment