Transparency Myanmar

transparency.myanmar@gmail.com

New Straits Times, By U Win Tin, 4th August 2010

လွန်ခဲ့သော အနှစ်နှစ်ဆယ်က လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ကျင်းပပေးခဲ့ပြီး နောက်ပိုင်းတွင် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် အဆင်းရဲဆုံးနိုင်ငံ ဖြစ်လာပြီး ကမ္ဘာပေါ်တွင် အကြာဆုံး ပြည်တွင်းစစ် ဆင်နွှဲနေသော နိုင်ငံလည်း ဖြစ်လာသည်။ ထို့ပြင် မြန်မာနိုင်ငံသည် ဒုက္ခသည် အများဆုံး မွေးထုတ်ရာ နိုင်ငံ ဖြစ်လာသည့်အပြင် ကလေးစစ်သား အရေအတွက် အမြင့်ဆုံး ရှိသော တိုင်းပြည် ဖြစ်လာသည်။

သို့သော် အဓိက အင်အားကြီး နိုင်ငံများ၊ ဒေသတွင်း အစိုးရများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများသည် မြန်မာနိုင်ငံတွင် မကြာမီ ပြုလုပ်မည့် ရွေးကောက်ပွဲကို ခွင့်ပြုကြမည့် သဘောကို တွေ့နေရသည်။ အနှစ်မပါ ဗလာရွေးကောက်ပွဲမှာ လူဦးရေ (၅၅) သန်း သော ပြည်သူများကို စစ်တပ်မှ အုပ်ချုပ်မှုအား မိမိဘာသာ တရားဝင်အောင် မဟာဗျူဟာ လိုအပ်ချက်အရ စစ်တပ်က ပြုလုပ်ထားခြင်း ဖြစ်သည်။

အရေးယူရန် ခိုင်မာသော အစီအစဉ်များ မရှိပါက အထက်က ဖော်ပြခဲ့သည့်အတိုင်း ဖြစ်တော့မည် ဖြစ်သည်။

ပြီးခဲ့သည့် လက ဟနွိုင်းတွင် ကျင်းကသော အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးတွင် အဆိုပါ လစ်လျူရှုမှု သဘောကို ပိုမို ခိုင်မာစေခဲ့သည်။ လူထု၏ တောင်းဆိုမှု၊ တံခါးပိတ်၍ ပြင်းပြင်းထန်ထန် ပြောဆိုမှုများ ရှိခဲ့သော်လည်း၊ အာဆီယံသည် ယခု တစ်ကြိမ်တွင်လည်း ခိုင်မာသော ချဉ်းကပ်မှု၊ ဒေသတွင်း အားလုံး သဘောတူ၊ လမ်းပြမြေပုံကို ကောင်းမွန်အောင် ပြုလုပ်ရေး ကမ်းလှမ်းရန် မလုပ်နိုင်ခဲ့ပြန်ပေ။

ဒေါ်အောင်ဆန်းစုကြည်အား လွတ်ပေးရန် တောင်းဆိုမှုအား အာဆီယံက ၂၀၀၃ ခုနှစ်တွင် တရားဝင် တောင်ဆိုခဲ့သော်လည်း၊ ဤမျှနှင့် ပြီးဆုံးခဲ့ပြီ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်အား လွတ်ပေးသင့်ပြီး၊ ရွေးကောက်ပွဲတွင် ပါဝင်ခွင့် ပြုရန် အချို့၏ အကြံပြုချက်များကိုလည်း စစ်တပ်က အဖက်မလုပ်ခဲ့ပေ။

မြန်မာနိုင်ငံအတွက် အာဆီယံ အထူး ကိုယ်စားလှယ် ထားရှိရေးမှာလည်း ဆက်လက် လုပ်ဆောင်ခြင်း မရှိပါ။

အထက်ပါ တောင်းဆိုမှုများမှာ စာရွက်ပေါ်တွင်သာ ကျန်ခဲ့ပြီး၊ အာဆီယံ၏ အဖွဲ့အစည်းလိုက် ပံ့ပိုး ကျောထောက် နောက်ခံပြုမှု မရှိပေ။ ထို့အပြင် လမ်းကြောင်း သတ်သတ် မှတ်မှတ်ဖြင့် တရားဝင် လုပ်ငန်းစဉ်များလည်း မရှိပေ။

ဟနွိုင်းတွင် ဝါရင့် အာဆီယံ သံတမန်တစ်ဦးက ပြည်တွင်းမီဒီယာ တစ်ခုသို့ ပြောကြားရာတွင် "နောက်ဆုံးတော့ ရာဘာ တံဆိပ်တုံးကြီးကြီး အဖြစ်နဲ့ပဲ ပြီးသွားတာပါပဲ'' ဟု ဆိုသည်။

ဆွေးနွေးပွဲတွင် အမေရိကန်ကလည်း ဆုံးဖြတ်ချက် မချနိုင်ခဲ့ပေ။ ၎င်း၏ နေရာကို ယုံကြည် စိတ်ချမှု မရှိပုံ ရသည်။ အမေရိကန်သည် ၎င်း၏ မြန်မာနိုင်ငံ မူဝါဒကို လအတန်ကြာ ပြန်လည် သုံးသပ်ခဲ့သော်လည်း ဆက်ဆံရေးနှင့် အရေးယူရေး မူဝါဒနှစ်ခု ပေါင်းထားသော လိပ်ခဲတည်းလည်း အဖြေ မထွက်သော မူဝါဒကိုသာ ချမှတ်နိုင်ခဲ့သည်။

ထို့ကြောင့်ပင် မြန်မာနိုင်ငံ ရွေးကောက်ပွဲနှင့် ပတ်သက်၍ အမေရိကန်၏ နေရာမှာလည်း အာဆီယံကဲ့သို့ပင် ကျဆင်းခဲ့ရသည်။ အမေရိကန်တို့မှာ ပြင်းထန်သော စကားလုံးများ၊ လေးစားဖွယ် ကောင်းသော မျှော်လင့်ချင်များဖြင့်သာ တန်ဆာဆင်ထားပြီး၊ ခိုင်စာစွာ စီမံထားသော လှုပ်ရှားမှုများ မရှိပေ။

အမေရိကန်၏ ဆက်ဆံရေးမှာ မြန်မာနိုင်ငံအတွက် အထူး ကိုယ်စားလှယ် မပါဘဲနှင့်ပင် ပင်ကို အားနည်းလျက် ရှိသည်။ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် နီးကပ်စွာ ဆက်ဆံရေးကြောင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု စသော စီးပွားရေး အတားအဆီးများကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သည်။

ကုလသမဂ္ဂ အနေဖြင့်လည်း အထူး ကိုယ်စားလှယ် လာရောက်ခဲ့သည်မှာ တစ်နှစ်မက ကြာပြီ ဖြစ်ပြီး၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ချုပ်မှာလည်း လွန်ခဲ့သောနှစ်က လာရောက်ရာ မိမိတို့နှင့် စကား ပြောခဲ့ရသည်။ ထို့နောက် မည်သူမျှ လာရောက်ခြင်း မရှိတော့ပါ။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကလည်း မြန်မာ့အရေးကို အလေးဂရု မပြုသည်မှာ သုံးနှစ် ခန့်ရှိပြီ ဖြစ်သည်။

မြန်မာ အစိုးရသည် နိုင်ငံတကာနှင့် ဒေသတွင်း လှုပ်ရှားသူများကို လုံးဝ လစ်လျူရှုပြီး ငြင်းဆိုနိုင်သော အခြေအနေတွင် ရှိသည်။ လာမည့် ၂၀၁၀ ရွေးကောက်ပွဲသည် နိုင်ငံတကာ အသိုင်းအဝိုင်းက မျှော်လင့်သလို၊ ဒေသတွင်းက လိုအပ်နေသော မြန်မာနိုင်ငံမှ အင်အားစု အမျိုးမျိုး ပြန်လည် ပေါင်းစည်းရေးမှာ ဖြစ်လာမည် မဟုတ်ပေ။ အဆိုပါ အင်အားစုများကို စစ်တပ်က ထိရောက်စွာ နေရာကျဉ်းအောင် ပြုလုပ်ထားပြီး ဖြစ်သည်။

 ယခု ရွေးကောက်ပွဲဖြင့် အစိုးရသည် ၎င်းတို့ နိုင်ရမည့် ကစားပွဲ (a zero-sum game) ကို ကစားလျက် ရှိသည်။ ထိုရည်မှန်းချက်အတွက် အစိုးရသည် အတိုက်အခံ ပါတီများကို လုံးဝချေမှုန်းရန် ဖြစ်ပြီး၊ ဒီမိုကရေစီ လမ်းကြောင်းတွင် ပါဝင်ပတ်သက်သူ အားလုံးကို လုံးဝ မပါဝင်အောင် လုပ်ထားနိုင်ရန် ပြုလုပ်နေသည်။

နိုင်ငံရေးအရ အဓိက ပါဝင်မှုများကို ဖယ်ထုတ်ရာတွင် အစိုးရသည် အဓိက ကချင် တိုင်းရင်းသား ပါတီကို မပါဝင်အောင်လုပ်၊ အဓိက နိုင်ငံရေးသမားများကို (ဒေါ်အောင်ဆန်းစုကြည် အပါအဝင်) ထောင်ထဲတွင် ထားခြင်းများမှာ နိုင်ငံရေးအရ နေရာ ကျဉ်းသွားအောင် ပြုလုပ်ထားခြင်းများ ဖြစ်သည်။ အစိုးရသည် တိုင်းပြည်ကို ချောက်ကမ်းပါးထဲသို့ ကျကာနီး အခြေအနေတွင်ပင် ထားရှိပြီး၊ ပြန်လည် ပေါင်းစည်း ညီညွတ်ရေးနှင့် ဆင်တူသည့်အရာ မှန်သမျှကို ငြင်းဆိုခဲ့သည်။

အကျိုးဆက်အားဖြင့် ၂၀၁၀ ရွေးကောက်ပွဲသည် မြန်မာနိုင်ငံတွင် ကစဥ့်ကလျား အခြေအနေများကို ဖြစ်စေမည် ဖြစ်သည်။  ဆူးများ ပါသော ရည်မှန်းချက်များ၊ ဆင်းရဲမွဲတေမှုကို ဖြစ်စေသော အကြောင်းများ၊ အခြေခံ လူ့အခွင့်အရေးများကို ဖြစ်လာစေပြီး ရေဆူမှတ်သို့ ရောက်ရှိလာနိုင်သည်။

ထွက်ပေါ်လာနိုင်သော အဖြေမှာ မြန်မာနိုင်ငံတွင် မတည်ငြိမ်မှုများ ပိုမို တိုးပွားလာခြင်း ဖြစ်ပြီး အဆိုပါ ရလဒ်ကို မည်သူမျှ အလိုမရှိပေ။ Beijing ရှိ မြန်မာနိုင်ငံ၏ သစ္စာရှိ နာယကများကလည်း အလိုရှိလိမ့်မည် မဟုတ်ပေ။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် လွန်ခဲ့သော နှစ်များက မြန်မာနိုင်ငံနှင့် ပတ်သက်၍ ဒေသတွင်း တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန် တောင်းဆိုခဲ့ဖူးသည်။ အာဆီယံက စတင်ပြုလုပ်ရန် ဖြစ်သင့်သည်ဟု မိမိတို့ ယူဆသည်။ အာဆီယံ ဒေသတွင်း ဖိုရမ်မှတဆင့် အာရှ တစ်ခုလုံး ပါဝင်သင့်ပေသည်။

အဆိုပါ ဖိုရမ်၏ ရည်မှန်းချက်များမှာ နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် မြန်မာအစိုးရတို့ ပူးပေါင်း၍ ဒီမိုကရေစီအတွက် ရိုးသားသော အသွင်ကူးပြောင်းရေး ကာလကို အစပြုနိုင်ရန် ရည်မှန်းရမည် ဖြစ်သည်။

နောက်ဆုံး အဆင့်မှသာ အရေးယူမှု  နည်းလမ်း အသစ်များ ရှာရမည် ဖြစ်သည်။ ထိုသို့သော မဟာဗျူဟာများ မရှိလျှင်တော့ ရွေးကောက်ပွဲသည် အရာ ရောက်လိမ့်မည် မဟုတ်ပေ။ ထိုသို့ ပြုလုပ်မှသာ ယခု နိုင်ငံတကာ အသိုင်းအဝိုင်း မလုပ်နိုင်ခဲ့သည့် အခွင့်အရေးများ ရရှိလာလိမ့်မည် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment