Transparency Myanmar

transparency.myanmar@gmail.com

Kyodo News, 21st August 2010

ဂျပန် အစိုးရသည် မြန်မာနိုင်ငံအား ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားနိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရန်နှင့် အထွေထွေ ရွေးကောက်ပွဲကို ပွင့်လင်း လွတ်လပ်၍ မျှတမှုရှိအောင် ကျင်းပပြုလုပ်ရန် တိုက်တွန်းထားသည်ဟု ဂျပန် နိုင်ငံခြားရေး ဝန်ကြီး ကာဆူယာ အိုကာဒါက သောကြာနေ့တွင် ပြောကြားခဲ့သည်။

ဝန်ကြီးက သတင်းစာ ရှင်းလင်းပွဲသို့ ပြောကြားရာတွင် အနှစ် ၂၀ အတွင်း ပထမဆုံး ရွေးကောက်ပွဲများဟု ဆိုကြသော နိုဝင်ဘာလ ၇ ရက် မဲပေးပွဲနှင့် ပတ်သက်သည့် စိုးရိမ်ပူပန်မှုကို ဂျပန် အစိုးရက ဂျပန်နိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီးမှ တဆင့် အသိပေးလိုက်သည်ဟု ဆိုသည်။

အကယ်၍ မြန်မာအစိုးရက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးခြင်း မရှိပဲ ရွေးကောက်ပွဲကို ကျင်းပမည်ဆိုပါက နိုင်ငံတကာ အသိုင်းအဝိုင်းက တိုက်တွန်း တောင်းဆိုထားကြသည့် လွတ်လပ်၊ မျှတ၊ ပွင့်လင်းသော ရွေးကောက်ပွဲများ ဖြစ်လာမည် မဟုတ်သဖြင့် စိတ်မကောင်းဖွယ်ရာပင် ဖြစ်သည်ဟု အိုကာဒါက ဆိုသည်။

၎င်းက မြန်မာ စစ်ဖက်အစိုးရအား ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်မှန် ပြည့်ဝသော ဆက်ဆံ ဆွေးနွေးမှုကို အမြန်ဆုံး ပြုလုပ်ရန်နှင့် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ အားလုံးကို ပါဝင် ယှဉ်ပြိုင်ခွင့် ပေးရန် တောာင်းဆိုလိုက်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment