Transparency Myanmar

transparency.myanmar@gmail.com

AFP, 26th August 2010

၂၀၀၈ ခုနှစ်က ဘန်ကောက် လေဆိပ် ၂ ခုကို စီးနင်း သိမ်းပိုက်မှုနှင့် ပတ်သက်ပြီး ဒါဇင်နှင့် ချီသော ဘုရင့် သစ္စာခံ ရှပ်ဝါများကို ထိုင်း ရဲတပ်ဖွဲ့က ကြာသပတေးနေ့တွင် တရားစွဲဆိုခဲ့ပြီး ၎င်းတို့ အနက် ထက်ဝက်ခန့်မှာ အကြမ်းဖက် ကျူးကျော်မှုဖြင့် တရားစွဲ ခံရခြင်း ဖြစ်သည်ဟု PAD ပြောရေးဆိုခွင့် ရှိသူက ပြောကြားလိုက်သည်။

ယခင်က ရှပ်ဝါများဟု ခေါ်ကြသော People's Alliance for Democracy PAD အဖွဲ့ဝင် ၆၀ ခန့်မှာ ဘန်ကောက် မြို့တော် ရာဇဝတ် မှုခင်း နှိမ်နင်းရေး ဗျူရို၌ ၎င်းတို့၏ အမှုများကို ကြားနာနေချိန်တွင် ၎င်းတို့အား ထောက်ခံသူများက အဆောက်အအုံ၏ အပြင်ဖက်တွင် စုဝေးကာ ဆူပူ အော်ဟစ် ခဲ့ကြသည်ဟု သိရှိရသည်။

အဆိုပါ PAD အဖွဲ့၏ နိုင်ငံရေး ပါတီဖြစ်သော New Politics Party မှ ပြောရေးဆိုခွင့် ရှိသူ ဆာမာရမ်ရော့ပက်ခ်ျက ပြောကြားရာ၌ အကြမ်းဖက် ဥပဒေ ချိုးဖောက်ကြောင်း စွပ်စွဲချက်ဖြင့် ရင်ဆိုင် နေရသော အဖွဲ့ဝင် ၃၀ အနက် ဆန္ဒပြ ခေါင်းဆောင် ၂ ဦး ဖြစ်သော ဆွန်ဒီလင်သွန်ကူးနှင့် ဆွမ်ဆပ်ကိုဆိုင်ဆပ်တို့ ပါဝင်သည်ဟု ဆိုသည်။

"ရဲတပ်ဖွဲ့က တရား စွဲဆိုချက်တွေကို ကျွန်တော်တို့ကို ပြောပါတယ်။ ကျွန်တော်တို့က ငြင်းဆိုထားပါတယ်" ဟု ၎င်းက သတင်းထောက်များအား ပြောကြားခဲ့ပြီး တရားစွဲ ခံရသူများ အားလုံးသည် ရက်ပေါင်း ၃၀ အတွင်း သက်သေ တွက်ချက် တင်သွင်းရမည်ဟု ဆိုသည်။

ရှပ်ဝါများ၏ ၂၀၀၈ ခုနှစ် ဘန်ကောက် လေဆိပ် ၂ ခု သိမ်းပိုက်မှုသည် ကမ္ဘာလှည့် ခရီးသွား ဧည့်သည်ပေါင်း သိန်းနှင့်ချီ၍ သောင်တင် သွားစေခဲ့သလို ပြည်ပြေး ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာ ဝပ်ထရာ၏ ဘက်တော်သား အစိုးရကို ဖြုတ်ချရာတွင် အထောက်အကူ ဖြစ်စေခဲ့သည်။

ရုပ်ဝါများ၏ ဆန္ဒပြ ချီတက်ပွဲများက တစ်စိတ်တစ်ပိုင်း အစပျိုးခဲ့သော ၂၀၀၆ စစ်တပ် အာဏာ သိမ်းမှုကြောင့် ဝန်ကြီးချုပ် သက်ဆင် ပြည်ပသို့ တိမ်းရှောင်သွား ခဲ့ရခြင်း ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment