Transparency Myanmar

transparency.myanmar@gmail.com

News Wires, 26th August 2010

          တရုတ်နိုင်ငံပိုင် ရေနံလုပ်ငန်း CNPC ၏ လက်အောက် ပြည်တွင်း ကုမ္ပဏီခွဲသည် ယူနန်ပြည်နယ် မြို့တော် ကူမင်းနှင့် အခြား မြို့တော်များ ဖြစ်သော အန်နင်း၊ ကျူတင်း၊ ချူဇောင်း၊ ဒါလီ၊ ယူဇီ၊ ပေါင်ရုန်းတို့ကို ဆက်သွယ်မည့် ရေနံထွက်ကုန် ပိုက်လိုင်း ၃ ခု ကွန်ယက်အတွက် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု အကဲဖြတ် လုပ်ငန်းကို ဆောင်ရွက် ပြီးစီးသွားပြီဟု Yunan International Daily က သတင်း ဖော်ပြခဲ့သည်။

          ကုမ္ပဏီ အရာရှိ တစ်ဦးကို ကိုးကားထားသော သတင်းအရ ပိုက်လိုင်း တည်ဆောက်မှုကို လာမည့် နှစ်တွင် စတင်ဖွယ် ရှိပြီး ၃ နှစ်အတွင်း ပြီးစီးမည်ဟု သိရှိရသည်။

          CNPC သည် မြန်မာနိုင်ငံကို ဖြတ်သန်း ရောက်ရှိလာမည့် ကုန်စိမ်းများကို သန့်စင် ချက်လုပ်ရန် အတွက် နေ့စဉ် ၂၀၀၀၀၀ bpd ချက်လုပ်နိုင်မည့် ရေနံချက်စက်ရုံ တစ်ခုကိုလည်း အန်နင်း မြို့တော်တွင် တည်ဆောက်လျက် ရှိပြီး လာမည့် ၃ နှစ်အတွင်း ပြီးစီးမည် ဖြစ်သည်။

          ရေနံစိမ်း သိုလှောင်ကန်များကို ယူနန်ပြည်နယ် တစ်ဝှမ်း ၁၆ နေရာတွင် ဆောက်လုပ် နေသည်ဟုလည်း သတင်းတွင် ဖော်ပြထားသည်။

          CNPC သည် မြန်မာနိုင်ငံ အနောက်ဖက် ကမ်းရိုးတန်း မဒေးကျွန်းပေါ်တွင် ရေနံဆိပ် ကမ်းတစ်ခုကို ၂၀၀၉ နိုဝင်ဘာမှ စ၍ တည်ဆောက်နေပြီး ၎င်းဆိပ်ကမ်းနှင့် ရွှေလီမြို့ကို ဆက်သွယ်မည့် ရေနံပိုက်လိုင်း တည်ဆောက်မှုကို ယခုနှစ် ဇွန်လက စတင်ခဲ့သည်။

          အဆိုပါ ပိုက်လိုင်းကို ၂၀၁၂ တွင် အပြီးသတ် သွယ်တန်းရန် စီစဉ်ထားပြီး တရုတ်နိုင်ငံသို့ တစ်နှစ်လျှင် ရေနံစိမ်း တန်ချိန် ၁၂ သန်း ပို့ဆောင်ရန် ဒီဇိုင်း ရေးဆွဲထားသည်။

          လက်ရှိ အချိန်တွင် တရုတ်နိုင်ငံ၏ သွင်းကုန် ၈၀% ကို ဖြတ်သန်းသယ်ဆောင် လျက်ရှိသော မလေးရှားနှင့် အင်ဒိုနီးရှား အကြားရှိ ရေကြောင်းကျပ်သော မလက္ကာ ရေလက်ကြားမှ မဟာဗျူဟာအရ အန္တရယ်ပွိုင့် ဖြစ်နေသဖြင့် ရှောင်ရှားရန်နှင့် တရုတ်၏ ဖြည့်တင်းရေး လမ်းကြောင်းများကို ခွဲဖြာထားရန်အတွက် တရုတ်တို့၏ ကြိုးပမ်းအားထုတ်မှု တစ်စိတ်တစ်ပိုင်း အဖြစ် အထက်ပါ စီမံကိန်းကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

          မြန်မာပြည်ဖြတ် ရေနံပိုက်လိုင်းနှင့် ယှဉ်လျှက် သဘာဝ ဓာတ်ငွေ့ ၁၂ ဘီလျံ ကုဗမီတာ ပို့လွှတ်မည့် ဓာတ်ငွေ့ ပိုက်ကိုလည်း တည်ဆောက်လျက် ရှိသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment